Channel Myanmar

George Webster

God’s Petting You (2022)
God’s Petting You (2022) ဇာတ်လမ်းအစမှာတော့ ချာလီတယောက် စိတ်ကုထုံးဆရာ‌၀န်နဲ့ တိုင်ပင်စကားပြောနေတာကနေ စထားပါတယ်။ ချာလီက သူ့ဘ၀ဟာ ကူညီရေးစင်တာမှာ လိပ်ပြာပုံတူတက်တူးနဲ့ မိန်းမတယောက်နဲ့တွေ့ပြီး ဘယ်လိုဒစ်လည်သွားခဲ့တယ်ဆိုတဲ့အကြောင်းကို ပြောပြနေပါတယ်။ချာလီဟာ ဘိန်းဖြူစွဲနေတဲ့ ဆေးသမားတယောက်ပါ။ တနေ့ကျ ကူညီရေးစင်တာက အရက် မူးယစ်ဆေး အစရှိတဲ့အရာတွေကို စွဲလမ်းနေတဲ့သူတွေကို ကူညီပေးတဲ့ စကားဝိုင်းမှာ လိင်ကိစ္စကိုစွဲလမ်းနေတဲ့ မိန်းမတယောက်နဲ့တွေ့လိုက်ရပါတယ်။ဒီလိုနဲ့ ဘိန်စားချာလီတယောက် လိင်ကိစ္စစွဲလမ်းနေတဲ့မိန်းမကို စွဲလမ်းသွားပြီးနောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်ဟာ ရာဇ၀တ်မှုတခုကို အတူကျူးလွန်ဖို့ တိုင်ပင်ကြပါတော့တယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက် ဘယ်လိုအလွဲတွေတွေ့ရမလဲ နောက်ဆုံး ဘာတွေဖြစ်သွားမလဲ သူတို့နှစ်ယောက်ရဲ့ရာဇ၀င်က ဘာတွေလဲဆိုတာ ရယ်မောရင်း ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။(ဟိုဒင်းဟိုဟာအခန်းတွေနဲ့ ညစ်ညမ်းတဲ့အသုံးအနှုန်းတွေ တပုံကြီးပါ၀င်တာကြောင့် ၁၈နှစ်အောက်ကြည့်ဖို့ မသင့်ပါဘူး) File size…(1 GB)/(521 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Comedy, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie

God’s Petting You (2022)

Mysterious Skin (2004) 7.6
Mysterious Skin (2004) Mysterious Skin (2004)====================(ပြင်းထန်တဲ့စကားလုံးအသုံးအနှုန်းတွေနဲ့ လိင်တူဆက်ဆံတဲ့ဇာတ်ဝင်ခန်းတွေ ပါဝင်တာကြောင့် မိသားစုနဲ့ ကြည့်ဖို့ မသင့်တော်တဲ့ဇာတ်ကားအဖြစ် ကြိုတင်သတိပေးပါရစေ)ဒီဇာတ်ကားမှာ ဇာတ်လမ်းက နှစ်ခုလို့ ပြောရမယ့်အခြေအနေမှာ ရှိပါတယ်. ငယ်ငယ်ကတည်းက လိင်စိတ်ယိုင်နဲ့နေတဲ့ ကလေးနှစ်ယောက်တစ်ကွဲစီကြီးပြင်းလာပုံကို ယှဉ်ပြပြီးဇာတ်လမ်းတစ်ခုလုံးကိုဆွဲခေါ်သွားခဲ့ပါတယ်။ ငယ်ဘဝကတည်းက မဖြေရှင်းနိုင်ခဲ့တဲ့လျှို့ဝှက်ဆန်းကြယ်ပုစ္ဆာတစ်ခုရဲ့အဖြေ ကို ဘယ်လောက်အချိန်ပေးရပေးရ ရှာဖွေချင်နေတဲ့ ဘရိုင်ရန်  ငယ်ဘဝမှာ မှားယွင်းခဲ့မိတာကနေစပြီးတစ်သက်လုံး လိင်စိတ်ယိုင်နဲ့နေသူအဖြစ် ဖြတ်သန်းရင်း ဘဝကို ရေစုန်မျောနေတဲ့ နေးလ်.သူတို့နှစ်ယောက်ရဲ့ ဆက်သွယ်မှုကရော ဘာလဲ.ဘရိုင်ရန် ရှာဖွေချင်နေတဲ့ ပုစ္ဆာရဲ့အဖြေကိုရော ဘယ်သူက ဖြေရှင်းပေးသွားမှာလဲ ဆိုတာကိုပရိသတ်များရှုစားနိုင်ဖို့  CM ကနေ တင်ဆက်ပေးလိုက်ပါတယ်....  File size…1.46GB / 508MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 45m Genre .....  Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Sai Sumali
movie

Mysterious Skin (2004)