Channel Myanmar

Georgia Leva

Requiem For a Scream (2022) 4.4
Requiem For a Scream (2022) Horrorကားမှ ကြိုက်တဲ့သူတွေအတွက် 2022 ခုနှစ်မှ ထွက်ရှိလာတဲ့ လူသတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။လူသတ်သမားဟာ သူသတ်မယ့်လူရဲ့ ခံစားနေရတဲ့အသံကို သီချင်းလိုသဘောကျနေတဲ့ စိတ္တဇကောင်တစ်ကောင်ဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ မင်းသမီးဖြစ်တဲ့ အာတီမစ်ဟာ သူ့အစ်မရဲ့ အရိုးပြာတွေကြဲဖို့ မြို့ပြင်ကအပန်းဖြေအိမ်ကို သူငယ်ချင်းတွေခေါပြီး လာခဲ့ကြပါတယ်။ဒါပေမယ့် သူတို့လာခဲ့တဲ့နေရာက လူသတ်သမားကျင်လည်နေတဲ့နေရာဖြစ်နေပြီး လူသတ်သမားကလည်း သူတို့ကိုမျက်စိကျသွားရာကနေ သူတို့အကုန်လုံးကိုသတ်ဖို့ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ သူတို့သူငယ်ချင်းတွေအကုန် လွတ်မြောက်သွားမလား၊ လူသတ်သမားကပဲ သူတို့ရဲ့ အသံနဲ့ သံစဉ်အသစ်တွေရသွားမလား၊ ဒါမှမဟုတ် သူလိုချင်တာတစ်ခုခုရှိနေမလား ဆိုတာကို မျက်တောင်မခတ်တမ်းကြည့်နေရမယ့် ဇာတ်ကားကောင်း‌လေးတစ်ကားဖြစ်ပါတယ်။ Horror ငတ်နေတဲ့ ညိုကီဘာဘီတို့တွေ နှလုံးတုန်ရင်ခုန်နိုင်ကြစေဖို့ အခုပဲ Requiem for a Scream ဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီခင်ဗျာ။ File size…1GB / 500MB Quality…1080p / 720p Format…mp4 Duration….1h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Jaka
movie

Requiem For a Scream (2022)

2022
Lady Bird (2017) 7.8
Lady Bird (2017) Imdb - 7.8 Rotten Tomatoes - 99% ---------------------------------------------- သားသမီးတွေနဲ့ မိဘတွေ ကတောက်ကဆအဖြစ်ဆုံးအရွယ်က အထက်တန်းကျောင်းသူကျောင်းသားအရွယ်ဆိုတာ အားလုံးလက်ခံကြမှာပါ။ လူပျိုပေါက်၊ အပျိုပေါက်ဖြစ်လာတဲ့အရွယ်မှာ လွတ်လပ်ခွင့်တွေ အရင်ထက်ပိုလိုချင်လာကြတယ်၊ ကိုယ် ဘာလုပ်လုပ်အမှန်ပဲထင်တတ်ကြတယ်။ မိဘကလဲ ဒီအရွယ်ဆို သေးသေးလေးကအစ အပြစ်လိုက်ပြောတတ်၊ သားသမီးမပျက်စီးအောင်ဆိုပြီး ထိန်းချုပ်မှုတွေလုပ်တတ်တဲ့အခါ သားသမီးနဲ့မိဘတွေကြား နားလည်မှုလေးတွေလွဲတတ်ကြပါတယ်။ ခရစ္စတင်းဆိုတဲ့ ကောင်မလေးဟာ သူ့ကိုယ်သူ "ငှက်မဒီ" လို့နာမည်ပေးထားပါတယ်။ ငှက်မဒီတို့ မိသားစုက သူဌေးရပ်ကွက်တစ်ခုမှာ နေထိုင်ပြီး ငှက်မဒီကတော့ ကတ်သလစ်အထက်တန်းကျောင်း တက်ပါတယ်။ ငှက်မဒီရဲ့ မိဘတွေဟာ ငွေရေးကြေးရေး မချောင်လည်ပေမယ့် ဆက်ကျော်သက်အရွယ် ဟော့ဟော့ရမ်းရမ်းနေချင်၊ ပျော်ပါးချင်တဲ့ ငှက်မဒီ လိုအပ်သမျှကိုတော့ တတ်နိုင်သလောက်ဖြည့်ဆည်းပေးပါတယ်။ မြန်မာပြည်မှာ ၁၀ တန်းအောင်ပြီးရင် တက္ကသိုလ်ရွေးကြသလိုမျိုး ငှက်မဒီတစ်ယောက် အထက်တန်းကျောင်းအောင်သွားတဲ့အခါ ကိုယ်တက်ချင်တဲ့ကောလိပ်ရွေးရပါတော့တယ်။ အစကတည်းက အချစ်ကြီးပြီး အစိုးရိမ်လွန်တတ်တဲ့ အမေဖြစ်သူဟာ ငှက်မဒီလေးကို အိမ်နားအနီးတစ်ဝိုက်က ကျောင်းမှာပဲ တက်စေချင်ခဲ့ပေမယ့် ငှက်မဒီကတော့ ...
movie

Lady Bird (2017)

2017