Channel Myanmar

Georgie Kidder

Baby Shark’s Big Movie (2023)
Baby Shark’s Big Movie (2023)  Baby Shark ဆိုတာက Pinkfong ကနေထုတ်ထားတဲ့ Youtube ပေါ်မှာကြည့်ရှုသူအများဆုံး ကလေးသီချင်းဖြစ်တယ်ဆိုတာ ကလေးလူကြီးအကုန်သိကြမှာပါ။ သီချင်းရဲ့ဆွဲဆောင်မှုနဲ့ လွယ်ကူမှုတွေကြောင့် တစ်ခါနားထောင်ဖူးရုံနဲ့နားထဲမှာစွဲစေတဲ့ သီချင်းလည်းဖြစ်ပါတယ်။ဒီဇာတ်ကားကတော့ အဲ့ဒီသီချင်းကိုပဲကာတွန်းဇာတ်ကားအဖြစ် ကလေးလူကြီးအားလုံးကြိုက်မယ့်ပုံစံအဖြစ် ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။Baby Shark သီချင်းနဲ့ ကိုရီးယားနာမည်ကြီးအဆိုတော်အဖွဲ့ Enhypen တို့ရဲ့သီချင်း Keep Swimmin' Through အပါအဝင် သီချင်းကောင်းများစွာပါဝင်တဲ့အပြင်Cardi B နဲ့ Enhypen တို့နဲ့အတူ နာမည်ကြီးအနုပညာရှင်များလည်း ဧည့်သည်အဖြစ်ပါဝင်ထားတဲ့အတွက် ကလေးတွေအပြင် လူကြီးတွေအနေနဲ့လည်း ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ရမယ့် Animation ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအနေနဲ့ကတော့ သမုဒ္ဒရာရေပြင်တစ်ခုလုံးက ဂီတအားလုံးကိုခိုးယူပြီးသူတစ်ယောက်တည်းလွှမ်းမိုးချင်နေတဲ့ စတားရီးယားနားဆိုတဲ့ကြယ်ငါးမလေးကိုBaby Shark တို့အဖွဲ့ ဂီတကိုဂီတနဲ့ပြန်တိုက်ထုတ်ဖို့ကြိုးစားကြပုံကို သူငယ်ချင်းနှစ်ယောက်ကြားက သံယောစဉ်နဲ့ချစ်ခြင်းတွေ ဂီတဆိုတာ ကမ္ဘာကြီးလှပဖို့အတွက်လိုအပ်ကြောင်းတွေကို သီချင်းတွေအများကြီးနဲ့ မပျင်းရအောင်တင်ဆက်ထားတဲ့အတွက်လူကြီးလူငယ်အားလုံး ကြိုက်ကြမယ့် ကာတွန်းကားမျိုးပဲဖြစ်ပါတယ်။ File size…1.58GB / 701MB Quality…AMZN WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 18m Genre ...
movie

Baby Shark’s Big Movie (2023)

Tom and Jerry Cowboy Up! (2022) 7.0
Tom and Jerry Cowboy Up! (2022) Tom and Jerry: Cowboy up 2022ကြောင်နဲ့ကြွက်ပရိတ်သတ်တွေအတွက် IMDb 7/10 အထိရရှိထားပြီးလောလောလတ်လတ်ထွက်ရှိလာတဲ့ Tom&Jerry Cowboy Up လေးကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဉ်းချုပ်လေးကတော့ ဘိုးဘွားပိုင်ခြံဖြစ်တဲ့ ဘန်ဆင်မွေးမြူရေးခြံကြီးကိုခရစ်ဒ်ချလီလို့ခေါ်တဲ့ လူလိမ်တစ်ယောက်ကမျက်စိကျသွားခဲ့ပါတယ် ခရစ်ဒ်ချလီဆိုတာတခြားလူမဟုတ်ပါဘူး ဘဏ်ဓားပြ/စာချုပ်အတုတွေနဲ့ လိမ်လည်ဖန်တီးနေလို့ နိုင်ငံတော်ကအလိုရှိတဲ့လူလိမ်တစ်ယောက်ပါ ဘန်ဆင်ခြံပတ်လည်မှာရှိတဲ့မြေကွက်တွေကိုလိမ်လည်ပြီးရယူခဲ့တာကြောင့်ဘန်ဆင်ခြံကြီးကလွဲကျန်တဲ့ဘေးပတ်လည်ကသူ့အပိုင်ပါပဲ ဘန်ဆင်ခြံကိုတော့ သူဘယ်လိုပဲဝယ်ယူဖို့ကြိုးစားကြိုးစားမရခဲ့ပါဘူး ဒီလိုနဲ့ ဝယ်မရရင် လုမယ်ဆိုပြီး ပူးကောင်ပေါင်းများစွာကို ဘန်ဆင်ခြံထဲ‌မောင်းသွင်းလိုက်ပါတယ် ဒါကိုမသိလိုက်တဲ့ ဘင်ဆန်မိသားစုက ပူးပြဿနာတက်နေတာပေါ့အဲ့ဒီအချိန်မှာသူ့ရဲ့လက်ထောက် ကလဲမ်ကိုပူးပြဿနာဖြေရှင်းနိုင်တယ်ဆိုပြီး ဘန်ဆင်မိသားစုဆီကပ်ခိုင်းပြီးမြေကွက်ပိုင်ဆိုင်ကြောင်းအထောက်အထားစာချုပ်ကိုရှာဖွေဖျက်စီးခိုင်းပါတော့တယ် Tomကတော့မြို့သားကြီးပေါ့ တွမ်ကသူ့ရဲ့သခင်နဲ့အတူ ဘန်ဆင်ခြံထဲကိုအလည်လာရင်း ကျွဲလက်ကနေသူ့ကိုကယ်တင်ပေးခဲ့တဲ့Jerryနဲ့ မိတ်ဆွေတွေဖြစ်သွားကြပါတယ် ဒီလိုနဲ့ ဘန်ဆင်မိသားစု ခရီးထွက်ချိန်မှာ ကျန်ခဲ့တဲ့ခရစ်ဒ်ချလီရဲ့လက်ထောက်ကလဲမ်ကသူ့ရဒ့အစီအစဉ်ကိုစပါတော့တယ်ကလဲမ်တစ်ယောက် စာချုပ်ကိုရှာတွေ့သွားမှာလား တွမ်နဲ့ဂျယ်ရီက သူတို့သခင်ရဲ့ခြံကြီးကိုအလွဲလွဲအမှားမှား‌တွေကြားကဘယ်လိုကာကွယ်မလဲဆိုတာ ဆိုတာဟာသနှောပြီးပေါ့ပေါ့ပါးပါးကြည့်ရှုရမှာဖြစ်တာကြောင့် စိတ်ရောလူရောပင်ပန်းနေကြမယ့်ကြည့်ရှုသူတွေအတွက် ခဏတာစိတ်အပန်းဖြေဖို့ တင်ဆက်ပေးလိုက်ရပါတယ်အညွှန်းရေးသားသူက Yunni ဖြစ်ပြီး ဇာတ်ကားဘာသာပြန်တွေကတော့ Yunni& HMပဲဖြစ်ပါတယ်  File size…628MB / 1.1GB Quality…720p AAC 5.1CH  / ...
movie

Tom and Jerry Cowboy Up! (2022)

2022