Channel Myanmar

Georgina Sutcliffe

Age of Heroes (2011) 5.5
Age of Heroes (2011)  ရိန်းစ်က ထူးချွန်တဲ့တပ်သားတစ်ယောက်ပါ၊ဒန်ကပ်စစ်ဆင်ရေးမှာကိုယ့်တပ်ဖွဲ့ဝင်တွေကိုပြန်ခေါ်လာရင်းနဲ့ နောက်တန်းတစ်နေရမှာအမိန့်ဖီဆန်လို့ဆိုပြီးထောင်ကျသွားတယ်။ တစ်ဖက်မှာ ဗြိတိန်စစ်တပ်ဟာနာဇီတို့ရဲ့နောက်ဆုံးပေါ်ရေဒါနည်းပညာကိုအသည်းအသန်လိုအပ်နေတယ်။အကြောင်းကတော့ ဗြိတိန်စစ်တပ်ကလွှတ်လိုက်တဲ့ လေယာဉ်တွေ စစ်သင်္ဘောတွေဟာ ဂျာမနီရဲ့နောက်ဆုံးပေါ်ရေဒါကြောင့် အကြီးအကျယ်ထိခိုက်ပျက်စီးခဲ့ရတယ်။အဲ့ဒါကြောင့်စစ်ဆင်ရေးလုပ်ဖို့နဲ့အထူးတပ်ဖွဲဖွဲ့စည်းဖို့ ဗိုလ်မှူးဂျုန်းစ် နဲ့ဒုဗိုလ် မော်တန်ဆန်တို့ကိုတာဝန်ပေးအပ်လိုက်တယ်။ စစ်ဆင်ရေးရဲ့ရည်ရွယ်ချက်က ဂျာမနီပင်မဆက်သွယ်ရေးဌာနထဲကို ဝင်ပြီးနောက်ဆုံးပေါ်ရေဒါနည်းပညာနဲ့ ပစ္စည်းတွေကိုအကောင်းပကတိအတိုင်းသယ်ဆောင်လာရမှာဖြစ်တယ်။ ခေတ်မှီတဲ့ဂျာမနီစစ်တပ်ထဲကိုခြောက်ပတ်တာလေ့ကျင့်ထားတဲ့အထူးတပ်ဖွဲ့ကဘယ်လိုပြီးမြောက်အောင်ဆောင်ရွက်မလဲဆိုတာ ဆက်လက်ကြည့်ရှူပေးပါဦး။ File size…2.05GB / 938MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 30m Genre ….. Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Age of Heroes (2011)

The Song of Lunch (2010) 7.3
The Song of Lunch (2010) (function(f,b,n,j,x,e){})(); ကဗျာဆရာကြီး ခရစ်စတိုဖာရိဒ်ရဲ့ "The Song of Lunch" လို့အမည်ရတဲ့ ကဗျာကို ရုပ်ရှင်အဖြစ် ပြန်လည်ပုံဖော်ရိုက်ကူးထားပြီး IMDb 7.3 အထိရရှိထားတဲ့ မြင်တွေ့ရခဲတဲ့ ရှားရှားပါးပါးရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ဆောင်တွေကလည်း ဝါရင့်သရုပ်ဆောင်မင်းသားကြီး Alan Rickman နဲ့ မင်းသမီးကြီး Emma Thompson တို့ပါ။ ကဗျာကိုပြန်လည်ရိုက်ကူးထားတဲ့အတွက် ဒီရုပ်ရှင်ထဲမှာ ကာရိုက်တာတွေရဲ့နာမည်တွေကို သူ၊ သူမ အစရှိသဖြင့်ပဲ သုံးစွဲထားပါတယ်။"သူ"ဆိုတာက လန်ဒန်မြို့က စာပေထုတ်ဝေသူ သက်ကြီးပိုင်းအမျိုးသားကြီးပါ။ "သူမ"ကတော့ "သူ့"ရဲ့ရည်းစားဟောင်းဖြစ်သူ၊ လက်ရှိအချိန်မှာ ဇနီးကောင်းတစ်ဦး၊ သားတွေရဲ့အမေကောင်းတစ်ဦးတောင် ဖြစ်နေပြီး ဘ၀မှာအထိုင်ကျနေတဲ့သူ။မတွေ့ရတာ ဆယ်စုနှစ်တစ်ခု ကျော်ပြီဖြစ်တဲ့ သူ နဲ့ သူမဟာ လန်ဒန်မြို့၊ ဆိုဟိုရပ်ကွက်ထဲက စားသောက်ဆိုင်တစ်ဆိုင်မှာ နေ့လယ်စာအတူစားဖို့ အကြောင်းဖန်လာခဲ့တယ်။သူဟာ စားသောက်ဆိုင်ကိုသွားဖို့ ရုံးခန်းကနေဆင်း လမ်းလျှောက်လာကတည်းကနေစပြီး မြင်မြင်သမျှအရာကို စာဆန်ပေဆန်တဲ့စကားလုံးတွေနဲ့ ပုံဖော်လာလိုက်တာ သူမနဲ့အတူ နေ့လယ်စာစားပြီးချိန်အထိပါပဲ။တချိန်ကသိပ်ချစ်ခဲ့ရပြီး ကံဆိုးစွာနဲ့လွဲချော်ခဲ့ရတဲ့ ...
movie

The Song of Lunch (2010)