Channel Myanmar

Gethin Anthony

Copenhagen (2014)
Copenhagen (2014)  ဝီလျံဖို့ဒ်ဆိုတဲ့ အမေရိကန်လူငယ်လေးဟာ သူ့သူငယ်ချင်းအတွဲတစ်တွဲနဲ့အတူဥရောပကိုခရီးထွက်လာခဲ့ပါတယ်။ ခရီးစဉ်ရဲ့ရည်ရွယ်ချက်က သူ့ဖခင်ဆုံးသွားတဲ့နောက် ပစ္စည်းအဟောင်းလေးတွေကိုလှန်လှောရင်းရှာတွေ့ခဲ့တဲ့ စာလေးတစ်စောင်ကြောင့်ပဲ။လိပ်စာ၊ရည်ညွှန်းချက်အပြည့်အစုံပါပေမယ့် သူ့အဖေမပို့ဖြစ်ခဲ့တဲ့စာလေးကို သူ့အလှည့်မှာရောက်အောင်ပို့မယ်ဆိုပြီးထွက်လာခဲ့တာ။ အဲ့ဒီလိုဆုံးဖြတ်မိတာ ဘာကြောင့်လဲ သူကိုယ်တိုင်ရေရေရာရာမသိဘူး။ဖခင်ဖြစ်သူအပေါ်လည်း အဲ့ဒီလောက်လေးလေးနက်နက်ခံစားချက်ရှိတဲ့သူမဟုတ်ဘူး။သူ့စရိုက်ဟာ ညစ်ကျယ်ကျယ်ခပ်ရိုင်းရိုင်းဖြစ်တယ်။ အဲ့ဒီစရိုက်ကြောင့်ပဲ အတူခရီးသွားဖော် သူငယ်ချင်းအတွဲနဲ့ရန်ဖြစ်ပြီးလူချင်းကွဲသွားသလို အဲ့ဒီစရိုက်ကြောင့်ပဲ မြို့ခံမိန်းမငယ်လေး အက်ဖီနဲ့ ဘုဘောက်ကျပြီး မိတ်ဆွေဖြစ်ခဲ့ကြတယ်။ကိုပင်ဟေဂင်ဟာ သာမန်ဥရောပမြို့တစ်မြို့မဟုတ်ပဲ ဒင်နီယယ့် ဖခင်ရဲ့မွေးရပ်မြေဖြစ်ပါတယ်။ ဒင်နီယယ်ရဲ့ ဘာသာစကားအခက်အခဲကိုသိသွားတဲ့ အက်ဖီဟာ ဒင်နီယယ်သွားလိုတဲ့အရပ်ကို ကူညီစုံစမ်းရင်းနဲ့ ခရီးတိုလေးတစ်ခုကို စတင်မိခဲ့ကြပါတယ်။ အဲ့ဒီခရီးတိုလေးဟာ သူတို့နှစ်ဦးအတွက် တစ်သက်မမေ့နိုင်စရာ အဓိပ္ပါယ်တွေအများကြီးဆောင်ယူလာခဲ့မယ့် ခရီးလေးတစ်ခုဖြစ်လာပါတော့တယ်။Copenhagen က ၂၀၁၄တုန်းကထွက်ထားတဲ့ အင်ဒီကားလေးတစ်ကားပါ။ပရိသတ်တွေဆီကရော ဝေဖန်ရောဆရာတွေဆီကပါ ရီဗျူးအကောင်းတွေပိုင်ဆိုင်ထားပြီး၊ ရုပ်ရှင်ပွဲတော်တွေအများကြီးမှာ ဆုတွေရထားပါတယ်။ အင်ဒီကားဆိုပေမယ့် နားလည်ရခက်အောင် ပညာပြထားတာတွေမပါဝင်ပဲ ငြိမ့်ငြိမ့်ညောင်းညောင်းစီးမျောလို့ရမယ့် ဇာတ်ကားလှလှလေးတစ်ကားလည်းဖြစ်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Adventure, Romance, Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

Copenhagen (2014)

Dead in a Week Or Your Money Back (2018) 6.3
Dead in a Week Or Your Money Back (2018) Dead in a Week Or Your Money Back (2018)~ IMDb - 6.3/10, Rotten Tomatoes - 52% ~အဓိက ဇာတ်ကောင်ဖြစ်တဲ့ ဝီလျံ ဆိုတာကတော့ အချိန်တိုင်း စိတ်ဓာတ်ကျနေတဲ့ ‌စာရေး၀ါသနာပါသူ ဒီပရက်ရှင်ကောင်ဆိုးလေးပါ။ စိတ်ဓာတ်ကျလွန်းလို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာလည်း ခဏခဏပါပဲ။ လောကကြီးမှာ အသုံးမကျဘူး လို့ ကိုယ့်ကိုယ်ကိုယ် မြင်လို့ အဆုံးစီရင်ကာမှ အဆုံးစီရင်တဲ့နေရာမှာပါ အသုံးမကျလို့ ဆယ်ခါတိတိ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တာတောင် မအောင်မြင်ခဲ့ပါဘူး။ ကားတိုက်မိတာတောင် တိုက်တဲ့ကားက အရေးပေါ်ကား ဖြစ်နေမိတတ်တာမျိုးပါ။ဒီလောက်တောင် အသုံးမကျရကောင်းလားဆိုပြီး စိတ်ဆင်းရဲနေတဲ့အချိန်မှာ ရေငတ်တုန်း ရေတွင်းထဲကျတဲ့အလား ဝီလျံတစ်ယောက် လူသတ်၀န်ဆောင်မှုပေးတဲ့ လုပ်ကြံရေးသမား အဘိုးကြီး လက်စ်လေ နဲ့ တွေ့ပြီး သူ့ကို သတ်ပေးဖို့ ငှားပါတော့တယ်။ဒီအချိန်မှာပဲ သူရေးတဲ့စာအုပ်လေးကို စိတ်၀င်စားလို့ ...
movie

Dead in a Week Or Your Money Back (2018)

2018
Kodachrome(2018) 6.3
Kodachrome(2018) ဒီတစ်ခေါက် CM ပရိသတ်ကြီးအတွက် April လ ၂၀ ရက်နေ့ကNetflix ရုပ်သံလိုင်းက ပြသထားတဲ့ Dramaကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းနာမည်ကတော့ Kodacrome(2017)ပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ကင်ဆာနောက်ဆုံးအဆင့်ခံစားနေရတဲ့ ဖခင်အတွက် Matt တစ်ယောက် စိုးရိမ်သောကရောက်နေရသူပါ။ဓာတ်ပုံဆရာဟောင်းတစ်ဦးတစ်ဖြစ်လဲ ဖခင်ကြီးရဲ့ နောက်ဆုံးဆန္ဒကတော့ခေတ်ဟောင်းဓာတ်ပုံစတူဒီယိုတွေမပိတ်လိုက်ခင်နယူးယောက်နဲ့ ကန်းဆက်ကိုသွားပြီးခရီးတစ်လျောက် kodachrome filmတစ်ခုရိုက်သွားချင်တာပါ။ဒီဆန္ဒကို Mattတစ်ယောက်ဘယ်လိုဖြည့်ဆည်းမလဲ။ခရီးသွားရင်း ဘာတွေတွေ့ကြုံလာရမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာပဲ ရှူစားဖို့ဖိတ်ခေါ်ပါတယ်။Imdb Rating6.8နဲ့ Rotten Tomatoes 75%ရရှိထားတဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။Qty - 720p  Web-RipGern - DramaDuration - 1hr 40minTranslator - Serious YNWAReview - Aye Mon KyawEncoder - Kyaw Ye Aung
movie

Kodachrome(2018)

2017