Channel Myanmar

Gi A Nguyễn

Furies (2022) 5.8
Furies (2022) Furies (2022)2019 တုန်းက ထွက်ရှိပြီး လူကြိုက်များခဲ့တဲ့ Fury ရဲ့ Prequel Movie လေး ထွက်ရှိလာပါပြီ။Asian female action ကားဆို ထိုင်ဝမ်နဲ့ဟောင်ကောင်ရုပ်ရှင်တွေနဲ့ပဲ အထိအတွေ့များတဲ့ပရိသတ်ကြီးအတွက် ဗီယက်နမ် Female action movieလေးတစ်ခု တင်ဆက်ပေးမှာဖြစ်ပါတယ်။ ဟောင်ကောင်ဂျက်မမဟုတ်တဲ့ ဗီယက်နမ်ဂျက်မလေးတွေကိုကြည့်ရတော့လည်း တစ်မျိုးတစ်မည်ဆန်းသစ်တာပေါ့ဗျာ။ဘဝရယ်လို့ဖြစ်တည်လာပြီဆိုရင် ရွေးချယ်မှုမလုပ်ရတဲ့လူရယ်လို့မရှိပါဘူး။ ဒါပေမဲ့ တချို့လူတွေရဲ့ အမှောင်ကျနေတဲ့ဘဝမှာတော့ ရွေးချယ်မှုဆိုတဲ့စကားလုံးဟာ ကိုယ်တိုင်မသိလိုက်ခင်ကတည်းက ပျောက်ရှနေခဲ့ပါပြီ။ကံဆိုးမှုလို့အဓိပ္ပာယ်ရတဲ့နာမည်ကို ပိုင်ဆိုင်ထားတဲ့ ဘီဆိုတဲ့ကောင်မလေးဟာ နာမည်စီးနေတယ်လို့ထင်မှတ်ရလောက်အောင် ကံခေလွန်းတဲ့သူဆိုလည်းမမှားပါဘူး။ မိန်းမမြင်ရင် လိင်ကျွန်လောက် ထင်ကြတဲ့ ယောက်ျားသားတွေ ကြီးစိုးရာမှာ မိန်းမရွှင်တစ်ယောက်ရဲ့သမီးဖြစ်ရတဲ့ဒုက္ခဟာ ပြောစရာမလိုအောင် အမှောင်ကျနေခဲ့တာပေါ့။ ဒီလိုနဲ့ ယုတ်မာတဲ့တဏှာရူးလက်ချက်နဲ့ အမေကိုရော အိမ်ကိုပါဆုံးရှုံးခဲ့ရတဲ့ဘီတစ်ယောက် အိမ်ခြေရာမဲ့ဘဝနဲ့ လမ်းလေးရောက်တော့ လိင်စိတ်နားထင်ရောက်နေတဲ့ကျားခံတွင်းပျက်‌တစ်သိုက်နဲ့တွေ့ရင်း ဘဝပျက်လုဆဲဆဲမှာ သူ့ဘဝရဲ့အလင်းရောင်သဖွယ်ရောက်လာခဲ့တဲ့ ကယ်တင်ရှင်ဂျက်ကွာလင်ဂျက်ကွာလင်နဲ့အတူလိုက်သွားရာကနေ တွေ့ဆုံခင်မင်ခဲ့တဲ့ ဟုန် နဲ့ ထန် ဆိုတဲ့ ဘဝတူမိန်းကလေး ၂ ယောက်နဲ့အတူဆုံရင်းနဲ့မှ မျှော်လင့်ချက်ရောင်ခြည်လေးကို မြင်လိုက်ရတဲ့ ဘီ ဂျက်ကွာလင်ရဲ့လေ့ကျင့်သင်ကြားပေးမှုနဲ့ မိန်းကလေးတွေကို အညှာအတာကင်းမဲ့စွာနဲ့ ...
movie

Furies (2022)

2022