Channel Myanmar

Gianmaria Martini

Diaz – Don’t Clean Up This Blood (2012) 7.3
Diaz – Don’t Clean Up This Blood (2012)  IMDb Rating 7.3 အထိရရှိထားတဲ့ Diaz - Don't Clean UpThis Blood ဆိုတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဘယ်ဖြစ်ရပ်မှန်ကိုအခြေခံထားတာလည်းဆိုတော့2001 ခုနှစ်တုန်းကအီတလီမှာပြုလုပ်ခဲ့တဲ့ G8 ညီလာခံမှာဆူပူသောင်းကျန်းဆန္ဒပြမှုတွေဖြစ်ခဲ့ပြီး အဲ့ဒီနောက်ဆက်တွဲဖြစ်ခဲ့တဲ့အရာတွေကို အခြေခံထားတာပဲဖြစ်ပါတယ်။အဲ့ဒီအထိကရုဏ်းတွေဖြစ်ခဲ့တဲ့အချိန်မှာ ရဲတွေရဲ့ပစ်ခတ်မှုကြောင့် လူငယ်တစ်ယောက်သေဆုံးသွားခဲ့ရပြီး ဆန္ဒပြမှုတွေအရှိန်အဟုန်ပိုတိုးလာခဲ့ပါတယ်။ရဲတွေဘက်ကလည်း အဲ့ဒီဆန္ဒပြသူတွေကိုနှိမ်နင်း ဖမ်းဆီးဖို့ကြိုးစားနေခဲ့ကြပါတယ်။တစ်နေ့မှာတော့ ဆန္ဒပြသူတွေပုန်းခိုနေတဲ့ နေရာအတိအကျသတင်းရသွားပြီး ဝင်ရောက်စီးနင်းခဲ့ပါတော့တယ်။ဒါပေမယ့်ရဲတွေရဲ့ ထုံးစံအတိုင်းဖမ်းဆီးတာကို ရိုးရိုးတန်းတန်းမဖမ်းဆီးပဲအကြမ်းဖက် ရိုက်နှက်ပြီးဖမ်းဆီးခဲ့ပြီး အဲ့ထဲမှာသတင်းထောက်တွေဂျာနယ်လစ်တွေပါနေတဲ့အခါမှာတော့ သူတို့ရဲ့ရက်စက်မှုတွေကိုတစ်ကမ္ဘာလုံးသိအောင်ဖော်ပြခဲ့ပုံကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…2.52GB / 1.21GB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….2h 7m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Diaz – Don’t Clean Up This Blood (2012)

Race for Glory: Audi vs Lancia (2024) 5.8
Race for Glory: Audi vs Lancia (2024)  ဇာတ်လမ်းနာမည်ကြည့်လိုက်တာနဲ့ Audi vs Lancia ကားတံဆိပ်နှစ်ခုကြားက ပြိုင်ပွဲအကြောင်းကောင်းကောင်းသိနိုင်ပါတယ်ဖြစ်ရပ်မှန်အဖြစ်အပျက်တစ်ခုဖြစ်တဲ့ ၁၉၈၃ခုနှစ် ကမ္ဘာ့ချန်ပီယံတာဝေးခရီးကြမ်းကားပြိုင်ပွဲက ယှဥ်ပြိုင်မှုကို ရိုက်ကူးထားတာပါ။ထိုခေတ်အခါက ကားထုတ်လုပ်သူတွေဟာ ကားတွေကို ကြော်ငြာပြီးရောင်းတာထက် ဒီလို ကားပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခိုင်းပြီး အရောင်းသွက်အောင်လုပ်လေ့ရှိပါတယ်...။အ‌ကောင်းဆုံးကားက အနိုင်ရမယ်၊ ပုရိတ်သတ်တွေက သဘောကျမယ်လူတွေပိုဝယ်ကြမယ်ပေါ့...။ဒီထဲမှာအပြိုင်အဆိုင်ပိုပြင်းထန်တာကတော့ ဂျာမန်ကားကုမ္ပဏီAudi နဲ့အီတလီကားကုမ္ပဏီLanciaပါ။ ဂျာမန်တွေအနေနဲ့ ဒီလိုကားပြိုင်ပွဲမျိုးမှာAudi Quattroဆိုတဲ့ four-wheel drive လေးဘီးမောင်းစနစ်ကို ချပြလိုက်တဲ့အခါအီတလီကားလုပ်ငန်းစုတစ်ခုလုံးက ခေတ်နောက်ကျသွားခဲ့ရပါတယ်။အီတလီတွေမှာက နှစ်ဘီးမောင်းစနစ်ပဲရှိသေးတာကိုး...။ဒါပေမဲ့ ပြိုင်ပွဲဆိုတာမျိုးက ကားပေါ်ပဲ၊ ဘတ်ဂျက်ကိုပဲ အားကိုးလို့မရဘူးဆိုတာ အီတလီတွေကလုပ်ပြသွားပြန်ပါတယ်။lancia 037ကားဟာ နှစ်ဘီးမောင်းဆိုပေမယ့် Audiရဲ့ လေးဘီးမောင်းစနစ်ကိုကောင်းကောင်းယှဥ်ပြသွားတာမျိုးတွေမြင်တွေ့ရမှာပါ..။ကားမောင်းသမားတို့ရဲ့ ဆုံးဖြတ်ချက်မှန်ကန်မှုတွေ၊ အသင်းကွပ်ကဲသူမန်နေဂျာရဲ့ဖြတ်ထိုးဉာဏ်တီထွင်ဉာဏ်ကောင်းချက်တွေကိုပါ စိတ်ဝင်တစားမြင်တွေ့ရဦးမယ့်ကားလေးပါပဲ....။ File size…1.89 GB / 844 MB Quality…AMZN WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 33m Genre ….. Biography , Drama , Sport Subtitle….Myanmar ...
movie

Race for Glory: Audi vs Lancia (2024)