Channel Myanmar

Gianna Simone

I Can Only Imagine (2018) 7.6
I Can Only Imagine (2018) IMDb rating 7.6 အထိရရှိထားတဲ့ 2018ခုနှစ်ထွက် Christian Drama ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။Mercy Me တီးဝိုင်းအဖွဲ့ရဲ့ Best Selling Christian Song ဖြစ်တဲ့ I Can Only Imagine ကိုရိုက်ကူးထားတာဖြစ်ပြီးအဆိုပါသီချင်းဟာ အမေရိကန်နိုင်ငံတွင်နံပါတ် ၁ ချိတ်ခဲ့တဲ့သီချင်းလည်းဖြစ်ပါတယ်။ဒီသီချင်းကိုသူ့ရဲ့အဖေနဲ့ဆက်ဆံရေးအကြောင်းရေးဖွဲ့ထားခဲ့တဲ့အဆိုပါတီးဝိုင်းအဖွဲ့ရဲ့ Lead Singerလည်းဖြစ်တဲ့ Bart Millard အဖြစ် Michel Finely ကသရုပ်ဆောင်ထားတာဖြစ်ပါတယ်။ဒီဇာတ်ကားလေးကို ဒေါ်လာရသန်းဖြင့်ရိုက်ကူးထားခဲ့ပြီး ၈၄သန်းအထိပြန်လည်ရရှိခဲ့တာကြောင့် အောင်မြင်တဲ့ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ဒါ့အပြင် အမေရိကန်ပြည်ထောင်စုတွင် တတိယအအောင်မြင်ဆုံးသောMusic Biopic အဖြစ်မှတ်တမ်းဝင်ခဲ့ပါသေးတယ်။ဝေဖန်ရေးဆရာတစ်ချို့ကတော့ ဒီဇာတ်ကားလေးကို အခြား Faith-Based ဇာတ်ကားတွေနဲ့ယှဉ်ရင် ပိုပြီးစိတ်လွှမ်းမိုးနိုင်တဲ့ တိုးတက်မှုဖြစ်စေတဲ့ကားလေးဖြစ်တယ်လို့ဆိုထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ငယ်စဉ်ဘဝ မိဘတွေအဆင်မပြေမှုတွေကြောင့် မြေစာပင်ဖြစ်ခဲ့ရတဲ့ Bart Millard တစ်ယောက် မိခင်အိမ်ကနေထွက်သွားပြီးတဲ့နောက် ဖခင်နဲ့ပဲနေရတဲ့အခါ ဖခင်စိတ်တိုင်းကျဖြစ်စေချင်တာတွေကိုပဲ သဘောကျဖြစ်အောင်လုပ်ပေးခဲ့ပေမယ့် ကံကြမ္မာကသူ့ကိုလမ်းမှန်ပို့ခဲ့တယ်ဆိုရမလားပဲခြေကျိုးခဲ့ပြီး ဘောလုံးအသင်းကနေ Music Club ကိုရောက်သွားခဲ့ပါတယ်။ငယ်စဉ်ကတည်းက သီချင်းတွေကိုခုံမင်မြတ်နိုးလာပြီး စိတ်ဉာဏ်ကွန့်မြူးတတ်တဲ့ Bart ...
movie

I Can Only Imagine (2018)

2018