Channel Myanmar

Gigi Lai

Okinawa Rendez-vous (2000) 6
Okinawa Rendez-vous (2000) Okinawa Rendez-vous (2000)ဇာတ်အိမ်ကရိုးရိုးလေးပဲ။ ဂိုဏ်းစတားတစ်ကောင်ရယ်၊ သူခိုးတစ်ကောင်ရယ် (လတ်စလီ)၊ ရဲတစ်ကောင်ရယ် (ခဖိုင်)၊ ကောင်မလေး၂ယောက်ရယ်ရဲ့ ‌နဖူးစာမင်ရည်ကျဲ၏ မကျဲ၏ ဇာတ်လမ်းသက်သက်ပဲ။ ချစ်ကြတယ်။ လွဲကြတယ်။ ဝေးကြတယ်။ ဒါကိုပဲ ဂိုဏ်းစတားနဲ့ သူခိုးနဲ့ ဂိုဏ်းစတားရဲ့ ရည်းစားဟောင်း (Faye Wong) ကြားက ဇာတ်ရှုပ်နဲ့ ချိတ်ဆက်ပေးထားတယ်။ ဇာတ်ကားနာမည်ကိုက အိုခိန၀ဆုံစည်းခြင်း ဆိုတော့ အိုခိန၀ရဲ့ကောင်းကင်အောက် တွေ့ကြတယ်။ ကွဲကြတယ်။ ကိုယ့်လမ်းကိုယ် ဆက်လျှောက်ကြတယ်။ ဒါပါပဲ။ ဒါပေမဲ့ Faye Wong နဲ့ Leslie Cheung တို့ လိုက်ဖက်ညီသဟဇာတ ဖြစ်နေတာက ဒီရုပ်ရှင်ကို ပိုအရသာရှိစေတဲ့ အဓိက အချက်လို့ဆိုရပါမယ်။ သူတို့၂ယောက်ကပေးတဲ့ ရသကို အမြည်းခံစားကြည့်ချင်ရင်တော့ အောက်ကစာ စာသားကို နမူနာမြည်းစမ်းကြည့်နိုင်ပါတယ်။" နှစ်လက်မတစ်စိတ် အကွာအဝေး၏ မိုင်သန်းပေါင်း လေးသောင်းနှစ်ထောင်ဆီမှ အရူးအမူးချစ်ခြင်းဖြင့် ဂျွမ်းထိုးမှောက်ခုံ ပြုတ်ကျလာခြင်းကြောင့် ...
movie

Okinawa Rendez-vous (2000)

2000