Channel Myanmar

Gil Kazimirov

The Prince & Me 2: The Royal Wedding (2006)
The Prince & Me 2: The Royal Wedding (2006) The Prince & Me II : The Royal Wedding (2006)The Prince & Me (2004) ရဲ့ အဆက်အနေနဲ့ထွက်ရှိလာပြီးတော့ မင်းသမီးကတော့ ပထမဇာတ်ကားကမင်းသမီးမဟုတ်တော့ပါဘူး။ဒိန်းမတ် မင်းသား အက်ဗာ့နဲ့ သူ့ရဲ့ချစ်သူ အမေရိကန်သူလေး ပေ့ဂ်ျ ‌မော်ဂန်တို့ရဲ့ တော်ဝင်မင်္ဂလာပွဲမလုပ်ခင် သုံးပတ်အလိုမှာ နော်ဝေးမင်းသား အဲဘတ်ရဲ့ ကောက်ကျစ်တဲ့ အစီအစဉ်ကနေ ပြန်ပေါ်လာခဲ့တဲ့ အလယ်ခေတ်က ဥပဒေကြောင့် မင်္ဂလာပွဲဖျက်သိမ်းရတော့မလိုဖြစ်နေပါတယ်။ ဒီဥပဒေကတော့ ထီးနန်းဆက်ခံမဲ့မင်းသားဟာ ဆွေကြီးမျိုးကြီးထဲက အမျိုးကောင်းသမီးနဲ့ပဲ လက်ထပ်ရမယ့်ဥပဒေပါ။ အမေရိကန်သူ ပေ့ဂ်ျကတော့ ဆွေကြီးမျိုးကြီးမဟုတ်တဲ့အပြင် တော်ဝင်မျိုးရိုးလည်းမဟုတ်တာကြောင့် ‌မင်းသားနဲ့လက်ထပ်ဖို့ဆိုရင် ထီးနန်းစွန့်ရပါလိမ့်မယ်။ အခုလိုဘေးကြပ်နံကြပ်အခြေအနေမှာ ပေ့ဂ်ျနဲ့ အက်ဗာ့တို့နှစ်ယောက်လက်ထပ်နိုင်မဲ့ ကယ်ပေါက်ကို တွေ့ပါ့မလား၊ နော်ဝေးမင်းသားရဲ့အကြံအတိုင်း သူ့ရဲ့သမီး မင်းသမီးကာ့စတန်နဲ့ လက်ထပ်လိုက်ရမှာလားဆိုတာ........။ File size…(2.3 GB) / (1 GB) Quality….BluRay 1080p/720p Format…mp4 Duration….01:32:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by TMMT
movie

The Prince & Me 2: The Royal Wedding (2006)

Everything Is Illuminated(2005) 7.4
Everything Is Illuminated(2005) Everything Is Illuminated(2005)******************************အဓိကဇာတ်ဆောင်ကတော့ The Lord of The Ringထဲက ဖရိုဒိုဘတ်ဂင်ဖြစ်တဲ့Elijah Woodကသရုပ်ဆောင်ထားပါတယ်ဒုတိယကမ္ဘာစစ်တုန်း ဂျူးလူမျိုးတွေ သန်းနဲ့ချီအသတ်ခံခဲ့ရတာ၊ နေရပ်စွန့်ပြီး နိုင်ငံပြောင်းနေခဲ့ကြတာကို အားလုံးသိမှာပါ။ စစ်ကြီးပြီးသွားတော့ အချို့ဂျူးတွေက နေရာသစ်မှာပဲအခြေချသလို၊ အချို့ကလည်းနေရပ်ပြန်လာကြပြီးဆုံးသွားတဲ့မိသားစုဝင်တို့ရဲ့ နေရာတွေ၊ အမှတ်တရတွေ၊ အကြောင်းအရာတွေကို ပြန်မှတ်မိဖော်ထုတ်ကြပါတယ်။ ဇာတ်ကြောင်းကတော့ အမေရိကန်ဖွား ဂျူးလေးတစ်ယောက်က သူ့အဘိုးရဲ့ဇာတိကိုပြန်လာပြီးသူ့အဘိုးငယ်စဥ်ကနေထိုင်ခဲ့တဲ့နေရာလေးကို ပြန်လည်ရှာဖွေတဲ့အကြောင်းပါပဲ။ အဘိုးဖြစ်သူအမေရိကန်ကိုစစ်ဘေးရှောင်မလာမီ နာဇီလက်ကနေအဘိုးဖြစ်သူကိုကယ်တင်ပေးခဲ့ဖူးတဲ့အမျိုးသမီးကိုလည်း ကျေးဇူးတင်ချင်လို့လည်းပါတာပေါ့။ ဒီလိုနဲ့ သူ့ရဲ့စွန့်စားခန်းလေးက ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာအပြင် လူတွေရဲ့စိတ်သဘောထား၊ အချို့လူမျိုးစုတွေရဲ့ တလွဲအမြင်တွေကို comedyလေးနှောပြီးကြည့်ရမယ့်ကားလေးပဲဖြစ်ပါတယ်။ ဟာသဆန်ဆန်ဆိုပေမယ့်လည်း အတင်းဟာသလုပ်ယူမထားဘဲ ငြိမ့်ငြိမ့်အေးအေးလေးနဲ့ရှုခင်းလှလှလေးတွေကိုခရီးသွားရင်းကြည့်ရသလိုကားမျိုးပါ။ File Size :(2.02GB) and (982MB) Quality : BLU-RAY 1080p, 720p Format…mp4 Duration…01:46:00 Genre : Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae
movie

Everything Is Illuminated(2005)