Channel Myanmar

Giles Masters

The Ghost and the Darkness (1996) 6.8
The Ghost and the Darkness (1996) 90 born တွေဆို ငယ်ဘဝတုန်းက လူသားတွေနဲ့ ခြင်္သေ့တွေ အသဲတယားယား ဘတပြန်ကျားတပြန် တိုက်ခိုက်ခဲ့တာကို မှတ်မိကြမယ်ထင်ပါတယ်။ ဇာတ်လမ်းအကြောင်းမပြောခင် ဒီဖြစ်ရပ်ကြီးက အပြင်လောကမှာ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ဆိုတာ ပြောပြချင်ပါတယ်... ဇာတ်လမ်းကတော့ လန်ဒန်က တံတားအင်ဂျင်နီယာ ကယ်နယ်တစ်ယောက်ကို အာဖရိကတိုက် ဆာဗိုဆိုတဲ့နေရာမှာ ငါးလအတွင်း တံတားတစ်ခု အပြီးဆောက်ခိုင်းတာပါ။ ဒါပေမဲ့ ကာနယ်ရောက်သွားတဲ့အချိန်မှာ အခက်အခဲပေါင်းစုံ ကြုံတွေ့ရပါတော့တယ် အလုပ်သမားအချင်းချင်း မတည့်တာမျိုး ဆေးရုံကောင်းကောင်းမရှိတာမျိုး စသဖြင့်ပေါ့၊ ဒါပေမဲ့ တကယ်ပြဿနာကြီးကတော့ ခြင်္သေ့တွေ လူလာလာဆွဲတဲ့ကိစ္စပါ။ ပထမပိုင်းတော့ ကာနယ်တစ်ယောက် အပင်ပေါ်ကနေ တစ်ကောင်သတ်ပေးလိုက်တော့ အလုပ်သမားတွေလည်း ပျော်ရွှင်၊ သူလည်း သူရဲကောင်းဖြစ် တံတားထိုးတာလည်း အဆင်ပြေပြေနဲ့ပေါ့၊ နောက်ပိုင်းကျတော့ ခြင်္သေ့တွေက ပိုအတင့်ရဲလာ လူတွေပိုသတ်လာပြီး တံတားလည်းမဆောက်နိုင် ခြင်္သေ့လည်းမသတ်နိုင်နဲ့ ဒုက္ခတွေရောက်လာတဲ့အချိန် အာဖရိကလူမျိုးစုတွေနဲ့အတူ အမဲလိုက်တတ်တဲ့ နာမည်ကျော်မုဆိုးတစ်ယောက် ရောက်ရှိလာခဲ့ပါတော့တယ်။ အဲဒီမှာ ဆိုးသွမ်းနေတဲ့ခြင်္သေ့တွေကို ...
movie

The Ghost and the Darkness (1996)