Channel Myanmar

Gilles Lellouche

The First Day of the Rest of Your Life (2008) 7.6
The First Day of the Rest of Your Life (2008)   ဒီဇာတ်ကားလေးကတော့IMDb 7.6 အထိရရှိထားပြီး Rotten tomatoes မှာ 81% အထိ ရရှိထားတဲ့ မိသားစုကားလေးပါတက္ကစီမောင်းသူ ရောဘတ် ဒူဗယ်နဲ့ ဇနီးဖြစ်သူ မယ်ရီတို့မှာ သားကြီး အလ်ဘတ် သားလတ် ရက်ပ်နဲ့ သမီးဖြစ်သူ ဖလဲယူဆိုတဲ့ သားသမီးသုံးယောက်ရှိပါတယ် သားသမီးတွေ ငယ်စဉ်ကနေ အရွယ်ရောက်တဲ့အချိန်အထိ ပြုစုပျိုးထောင်ပုံ သားသမီးနဲ့ မိဘကြား ဖြစ်တတ်တဲ့ပြဿနာတွေ မိသားစုတစ်ခုမှာ ဖြစ်တတ်တဲ့ နာကျင်စရာတွေ ကြည်နူးစရာတွေကို ရိုက်ပြထားတာဖြစ်ပါတယ် အမျိုးစုံသော ခံစားချက်တွေကို ပေါ်လွင်အောင်ရိုက်ပြထားတာဖြစ်ပြီး ကြည့်ရှုပြီးသွားရင်လည်း ရင်ထဲမှာ တစ်ခုခုကျန်ရှိအောင် စွမ်းဆောင်နိုင်တဲ့ ဇာတ်ကားလေးမလို့ ကြည့်ရှုလိုက်ကြပါဦးခင်ဗျာ...... File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:54:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban 
movie

The First Day of the Rest of Your Life (2008)

Mesrine: Killer Instinct(2008) 7.5
Mesrine: Killer Instinct(2008) Mesrine: Killer Instinct(2008)****************************Jacques mesrine ဆိုတဲ့ ပြင်သစ်နိုင်ငံသားတစ်ယောက်က စစ်တပ်မှာ တာဝန်ထမ်းဆောင်ပြီးမိဘအိမ် ပြန်လာတဲ့ သူပါ...သူ့မိဘက သူ့ကို အလုပ်ကောင်းကောင်းတစ်ခုရှာပေးခဲ့ပေမယ့် သူကတော့ဂျာမနီလူမျိုးတွေနဲ့မို့ အလုပ်မလုပ်ချင်ပါဘူး ဒါပေမယ့် တစ်နေ့မှာ သူ့သူငယ်ချင်းဖြစ်သူ Jean Paul Mercier ဟာ ဂိုဏ်းစတားတစ်ဦးဖြစ်သူGuido ဆိုတဲ့ လူဆီကို ခေါ်သွားပါတယ် ,,,အဲ့ဒီအလုပ်က သူများပစ္စည်းခိုးတာတွေ ဘဏ်ဖောက်တာတွေ ဖြစ်တာကြောင့်တစ်ခါတည်းနဲ့ ငွေအချီကြီးရလေ့ရှိပါတယ်,,, အဲ့ဒီလို ငွေအချီကြီးကို မက်ပြီး Jacque mesrine တစ်ယောက် မကောင်းမှုထဲကို တစ်စတစ်စ နစ်ဝင်သွားချိန်မှာတော့...File Size :(3.2GB)(1.1GB)(and (392MB) Quality :Blu-Ray 1080P5.1Ch, 720p Format…mp4 Duration…01:53:00 Genre :  Action ,Biography , Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae
movie

Mesrine: Killer Instinct(2008)

Mea Culpa (2014) 6.1
Mea Culpa (2014)   ဇာတ်လမ်အကျဉ်းလေးကတော့ဆီမွန်ဟာ အရက်မူးပြီး ကားမောင်းတာကြောင့် ယာဉ်တိုက်မှုဖြစ်ပြီး တစ်ဖက်ယာဉ်မှာ ပါလာတဲ့လူသုံးယောက်သေဆုံးခဲ့ရပါတယ်၊ ဆီမွန်ဟာ ရဲဝန်ထမ်းဖြစ်ပြီးအခုကိစ္စအတွက် သူ့အပြစ်မကင်းဘူးဆိုတာသိပါတယ်၊ပြစ်ဒဏ်ကြောင့် ထောင်ကျခဲ့ပေမယ့် လူသေဆုံးမှုအတွက်အမြဲတမ်းလိုလိုစိတ်ဒဏ်ရာရနေပါတယ်၊ ဇနီးနဲ့ သားရှိပေမယ့် ထောင်ကနေလွှတ်လာတော့ ကွာရှင်းလိုက်ပါတယ်၊သူတို့နေထိုင်တဲ့မြို့လေးမှာ မူးယစ်ဆေးရောင်းဝယ်တာတွေလိင်ကိစ္စတွေရှိနေပေမယ့် ရောင်းဝယ်တဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက်သေဆုံးနေပါတယ်၊ ပြစ်မှုကျုးလွန်သူတွေကိုဘယ်သူဘယ်ဝါမှန်းမသိတဲ့ မျက်မြင်သက်သေလည်းမရှိတဲ့အတွက်ဖမ်းမရဖြစ်နေပါတယ်၊ တစ်နေ့မှာတော့ နွားရိုင်းသတ်ပွဲသွားကြည့်ကြတဲ့ဆီမွန်ရဲ့သားဟာ သန့်စင်ခန်းသွားရင်အမှတ်မထင် လူသတ်နေတဲ့သူတွေကိုတွေ့သွားပြီးထွက်ပြေးပါတော့တယ်၊ လူသတ်သမားတွေဟာ သူတို့လုပ်ရပ်ရဲ့ မျက်မြင်သက်သေကိုအပြတ်ရှင်းဖို့ကြိုးစားခဲ့အခါ ဆီမွန်တစ်ယောက်ဘယ်လိုကာကွယ်ပေးမလဲဆိုတာဆက်လက်ကြည့်ရှုပေးပါဦး  File size…1.74GB / 696MB Quality…WEBRip 1080p 5.1 CH/ 720p Format…mp4 Duration….1h 30m Genre ..... Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Mea Culpa (2014)

Asterix & Obelix: The Middle Kingdom (2023) 4.9
Asterix & Obelix: The Middle Kingdom (2023) Asterix & Obelix: The Middle Kingdom (2023) ================================Asterix နဲ့ Obelix ဆိုရင်တော့ comedy ပိုင်းမှာ မသိတဲ့သူ မရှိအောင် နာမည်ကျော်တဲ့ ဇာတ်လမ်းတွဲတွေဆိုတော့ ထူးပြီး ပြောစရာမလိုလောက်ပါဘူး။ Asterix ၏ စွန့်စားခန်းများ comic book ကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတဲ့ ဇာတ် ကားတွေဖြစ်ပြီး၊ အခု 2023 မှာတော့ အသစ်စက်စက် စွန့်စား ခန်းတစ်ခု ဆက်လက်ထွက်ရှိလာခဲ့ပါတယ်။ ဒါ့အပြင် နာမည် ကျော်ဘောလုံးသမားတစ်ဦးဖြစ်တဲ့ အီဗရာမိုဗစ်ကလည်း cameo အဖြစ် ပါလာသေးတာမို့ အားလုံး အကြိုက်တွေ့ကြဦးမှာပါ။ဇာတ်လမ်းကတော့ နေရာတကာမှာနယ်ချဲ့နေတဲ့ ရောမလူမျိုးတွေ သိမ်းပိုက်လို့ မရသေးတဲ့ Asterix တို့ရဲ့ Gaul ဆိုတဲ့ ပြင်သစ်ရွာ လေးမှာ အခြေခံထားပါတယ်။ တစ်ရက်မှာတော့ အဲဒီရွာလေးကို မိုင်ပေါင်းများစွာ ဝေးကွာလှတဲ့ တရုတ်ပြည်က ဧကရီဘုရင်မရဲ့ သမီးတော်ဖြစ်သူ မင်းသမီးတစ်ပါးရောက်လို့လာခဲ့တယ်။ သူမက မင်းသားတစ်ပါးနဲ့ ထိမ်းမြားရမဲ့ မင်္ဂလာပွဲကို လက်မခံခဲ့တာကြောင့် ပုန်ကန်မှုတွေဖြစ်ပွားခဲ့ပြီး ထီးနန်းသိမ်းခံလိုက်ရချိန်မှာ ထွက်ပြေး လွတ်မြောက်လာခဲ့တဲ့သူပါ။Gaul တွေကလည်း တရုတ်ပြည်က ...
movie

Asterix & Obelix: The Middle Kingdom (2023)

2023
Smoking Causes Coughing (2022) 6.7
Smoking Causes Coughing (2022) Smoking Causes Coughing (2022)~ IMDb - 6.7/10, RT - 91%, Meta - 74% ~ဒီတစ်​ခေါက်​တော့ 2022 ကထွက်ရှိထားတဲ့ Smoking Causes Coughing ဆိုတဲ့ ပြင်သစ် ဟာသ Sci-Fi ကား​လေးနဲ့ ပိတ်ရက်​တွေမှာ ရယ်​မောရင်း အ​ပန်း​ဖြေလိုက်ရ​အောင်။ကမ္ဘာ​​​​မြေကို မိစ္ဆာ​တွေရန်က​နေ ကာကွယ်​ပေး​​နေတဲ့ စူပါဟီးရိုးအဖွဲ့ အဖွဲ့ဖွဲ့စည်းတာ ကြာလာတာနဲ့အမျှ စည်းလုံးမှု​လျော့ဆင်းလာတာ​တွေ​ကြောင့် ​ခေါင်း​ဆောင်က စည်းလုံး​ရေးပို​ကောင်း​အောင် တစ်ပတ်​လောက် အပန်း​ဖြေခရီးပို့လိုက်တဲ့အခါ ခရီးမှာဖြစ်ပျက်တဲ့အရာ​တွေကို ဟာသဆန်ဆန် ရီ​မောရမယ့်ကား​လေးပဲဖြစ်ပါတယ်။ သူတို့အနားယူ​နေတုန်း တဖက်ရန်သူကလည်း ကမ္ဘာဂြိုဟ်ကို ဖျက်ဆီးဖို့ ဆုံးဖြတ်လိုက်တာ​ကြောင့် သူတို့ ကမ္ဘာ​မြေကြီးကို ကယ်တင်နိုင်မလား မကယ်တင်နိုင်ဘူးလား ဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှူရမယ့်ကား​လေးပဲဖြစ်ပါတယ်။ Rating ကောင်းတွေရထားတဲ့အပြင် ကိန်းစ်ရုပ်ရှင်ပွဲတော်မှာလည်း ဝင်ရောက်ပြသထားနိုင်တဲ့ကားဖြစ်လို့ ပေါ့သေးသေးတော့မဟုတ်ပါဘူး။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

Smoking Causes Coughing (2022)

2022
Kompromat (2022) 6.3
Kompromat (2022) Kompromat (2022) =============== IMDb Rating - 6.3/10တာဝန်ဝတ္တရားတွေကို စိတ်ခံစားချက်တွေနဲ့ ရောထွေးပစ်ပြီး ကိုယ်လုပ်ချင်ရာလုပ်လိုက်တယ်ဆိုတာ လုပ်လို့ရနေတယ်ဆိုတဲ့ အသိနဲ့ကြောင့်မို့ လုပ်ချင်ရာလုပ်နေကြတာ။ ဒီလိုလူတွေဟာ စနစ်တစ်ခု ယန္တရားကြီးတစ်ခုလုံးကို အပြစ်ဖြစ်စေနေတတ်တာမျိုး ငါးခုံးမတ​​စ်ကောင်ကြောင့် တစ်လှေလုံးပုပ်သွားတာမျိုးပေါ့။ လူတွေဟာ အသစ်အဆန်းတစ်ခုခုတွေ့ရင် စမ်းသပ်ချင်တာမျိုး လေ့လာချင်တာမျိုး သိချင်တာမျိုးတွေဖြစ်ကြတယ်။ဒီလိုစိတ်တွေကြောင့်ပဲ လူသားတွေဟာ ဆင့်ကဲဆင့်ကဲ တိုးတက် လာကြတယ်ဆိုပြီး လက်ခံထားကြတယ်။ အချစ်မှာရော ငြီးငွေ့ ခြင်းက ထွက်ပြေးလိုစိတ်၊ toxic rsကနေ ရုန်းထွက်လိုစိတ်တွေဟာ ဆုံတွေ့မိသွားရင် အချင်းချင်းလက်တွဲရင်း ထွက်ပြေးချင်စိတ်ကို အဖော်ပြုပေးကြရင်း ဘောင်တွေကို ကျော်လွန်တဲ့ အသစ်အဆန်း နယ်ပယ်တစ်ခုကို အတူတူ စူးစမ်းကြတယ်ဆိုရင် အပြစ်ဖြစ်ပါ အုံးမလား။ ချစ်ခြင်းတွေ လှည့်ကွက်တွေ ချောက်ချအကွက်ဆင် တာတွေကို လက်တွေ့ဘဝနဲ့ အနီးစပ်ဆုံးချပြထားတဲ့ ဇာတ်လမ်းမျိုး ကြည့်ချင်ပါတယ်ဆိုရင်တော့ ဒီကားလေးက လက်လွှတ်မခံသင့်တဲ့ ကားကောင်းလေးတစ်ခုပေါ့ဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Paul ဖြစ်ပါတယ်)File Size..........(1.5 GB) / (560 MB) / (300 MB) Quality............Blu-Ray 1080p / 720p / 480P Duration.........2Hrs 07Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Thriller Translator.......Paul Encoder..........SWM
movie

Kompromat (2022)

2022
Ammonite (2020) 6.5
Ammonite (2020) Ammonite (2020) ============= IMDb Rating 6.5/10၁၈ရာစုနှစ် အမျိုးသားဝါဒီ ကြီးစိုးတဲ့ ကာလတစ်ခုမှာ ကျောက် ဖြစ်ရုပ်ကြွင်းပညာရပ်မှာ ထူးချွန်ပြောင်မြောက်လှတဲ့ နက္ခတ္တ ပညာရှင် အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ Mary Anning ရဲ့ biography အကြောင်းကို ရိုက်ကူးထားတာပါ။ သူရှာဖွေတွေ့ ရှိခဲ့တဲ့ အကျော်ကြားဆုံး ကျောက်ဖြစ်ရုပ်ကြွင်းကတော့ Ichth- yosaur လို့ခေါ်တဲ့ fossil တစ်ခုပါပဲ။Mary Anning က ကမ်းခြေမှာရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို လိုက်ရှာဖွေရင်း Lyme Regis မြို့ကို လာရောက်လည်ပတ်ကြတဲ့ နိုင်ငံလှည့်ခရီးသွားတွေကို ရောင်းချပြီး နာမကျန်းဖြစ်နေတဲ့ အမေ အိုတစ်ယောက်နဲ့ အတူ နေထိုင်ပါတယ်။ တစ်ရက်မှာတော့ သူ့ကို လေးစားအားကျတဲ့ အမျိုးသားတစ်ယောက် ရောက်လာပြီး Fossils တွေအကြောင်း စူးစမ်းလေ့လာမယ့် ခရီးစဥ်အတွက်လာပြောပါတယ်။အဲအမျိုးသားနဲ့အတူ သူရဲ့မိန်းမဖြစ်တဲ့ Charlotte လည်းပါလာခဲ့ပါ တယ်။အဲအမျိုးသားက နာမကျန်းဖြစ်နေတဲ့ သူ့မိန်းမ Charlotte ကို ကူညီပေးဖို့ Mary ကို တောင်းဆိုလာပြီး နောက်ပိုင်းမှာတော့ Mary နဲ့ Charlotte တို့ ချစ်ကျွမ်းဝင်သွားကြပါတယ်။ ၁၈ရာစုနှစ်က အမျိုးသမီး နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းက ...
movie

Ammonite (2020)

2020
The Extraordinary Adventures of Adèle Blanc-Sec (2010) 6.3
The Extraordinary Adventures of Adèle Blanc-Sec (2010) IMDb Rating (6.3/10)ဒီပြင်သစ်ကားက အခွီကားပါ... ရီနေရပါတယ်။ မံမီတွေရော... ရှေးခေတ်က ငှက်တွေရော ...မှော်ပညာတွေရော... စွန့်စားခန်းတွေရောနဲ့ တကယ်ကိုကြည့်လို့ကောင်းတဲ့ Comedy ဇာတ်ကားပါ။ဇာတ်လမ်းကတော့....အဒဲဆိုတာ ပြင်သစ်က နာမည်ကျော် ဆောင်းပါးရေးတဲ့ဆရာမပါ။ သူ့မှာအရမ်းချစ်ရတဲ့အမွှာညီမတစ်ယောက်ရှိပါတယ်... သူမရဲနမော်နမဲ့တစ်ခုကြောင့် သူ့ညီမခမျာ ခေတ်ဆရာဝန်တွေမကုနိုင်တော့တဲ့ ဝေဒနာရပြီး သေလုမျောပါးဖြစ်နေရှာပါတယ် ...ဒါကိုမရှုစိမ့်တော့တော့တဲ့အဆုံး သူ့ညီမကို ရှေးခေတ်မှော်ပညာနဲ့ အသက်ပြန်သွင်းဖို့ အဒဲတစ်ယောက် အီဂျစ်က မံမီတွေနောက်ကို လိုက်ပါတော့တယ်...သူ့ညီမကိုအသက်ပြန်သွင်းဖို့ မံမီတွေကို အသက်ပြန်သွင်းမယ့် အဒဲရဲ့ မဟာအကြံအစည်ကြီး စွန့်စားခန်းတို့ရဲ့ထုံးစံအတိုင်း အခက်အခဲတွေကြားထဲက အောင်မြင်နိုင်ပါ့မလားဆိုတာ....အလွဲလွဲအချော်ချော်တွေနဲ့ အတည်ပေါက်နဲ့ရီနေရမယ့် ဇာတ်လမ်းဖြစ်ပါတယ်။ File size…(1.9 GB) and (850 MB) Quality….BluRay 1080p and 720p Format…mp4 Duration….01:45:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Brownie
movie

The Extraordinary Adventures of Adèle Blanc-Sec (2010)

The Stronghold (2021) 7
The Stronghold (2021) The Stronghold (2021)IMDb - 7/10Bac Nord နာမည်နဲ့လည်း သိကြပါတယ်။၂၀၁၂ခုနှစ်တုန်းက ပြင်သစ်နိုင်ငံမြောက်ပိုင်းက မာဆေးလ်ခရိုင်လေးဟာ ဒုစရိုက်မှုအများဆုံး ဥပဒေစိုးမိုးမှုအနည်းဆုံးခရိုင်တစ်ခုပါပဲ။အခု ဒီကားလေးကတော့ မာဆေးလ်ခရိုင် က ဂျူးရပ်ကွက်တစ်ခုကိုအခြေတည် ရိုက်ထားတာပါ။ရဲတွေတောင်မထိရဲလို့ ဒီအတိုင်းလွှတ်ထားရတဲ့ဂျူးရပ်ကွက် … သေနတ်ကို ဥပဒေလုပ်နေတဲ့ အဲဒီရပ်ကွက်ထဲက မူးယစ်ဆေးဝါးကွန်ယက်ကြီးတစ်ခုလုံးကို ဖြိုချချင်နေတဲ့ မာဆေးလ်ခရိုင်က သူငယ်ချင်းရဲသုံးယောက်က…. ဥပဒေစိုးမိုးမှုမရှိတော့တဲ့ အဲဒီရပ်ကွက်ထဲကို ဘယ်လို ထိုးဖောက်ဝင်ရောက်ပြီး မူးယစ်ဆေးဝါးကွန်ယက်ကြီးတစ်ခုလုံးကိုဖြိုချမလဲဆိုတာကိုတော့ အက်ရှင်ဇာတ်လမ်းပီပီ အကြမ်းအရမ်းတွေနဲ့ ကြည့်ရှုရမယ့် ပြင်သစ် ရဲစုံထောက်အက်ရှင်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။အညွှန်းကိုတော့ Chit Tee က ရေးသားပေးထားပြီးတော့ဘာသာပြန်ထားကတော့ Chit Tee နဲ့ Thiha Yan Naing ပဲ ဖြစ်ပါတယ်။Quality….WEB-DL 1080p and 720p File size…1.8GB and 1.25GB Format…mp4 Duration….1h 45min Subtitle….Myanmar Subtitle (Hardsub) Translator ..... Chit Tee and Thiha Yan Naing Encoder .....August
movie

The Stronghold (2021)

2021