Channel Myanmar

Gilles Marini

Crimes of Fashion: Killer Clutch (2024) 6.0
Crimes of Fashion: Killer Clutch (2024)  အားလပ်ရက်တွေမှာ ကြည့်စရာ အေးအေးငြိမ့်ငြိမ့်ရုပ်ရှင်တစ်ကားလောက် ရှာနေပါသလား?ဇာတ်အိမ် ငြိမ်ပြီး ဆွဲဆောင်မှုရှိတဲ့ ဇာတ်ကောင်တွေပါဝင်တဲ့ဒီဖက်ရှင်စုံထောက်ကားလေးကို ရွေးချယ်လိုက်ပါ!ဖက်ရှင်နယ်ပယ်မှာ ဦးတည်အလုပ်လုပ်တဲ့ အမေရိကန်သူစိတ်ပညာရှင် လောရမ် အဲလီးရက်ဟာ အလုပ်သစ်တစ်ခုကြောင့်ပါရီမြို့ကို ယာယီပြောင်းရွှေ့ခဲ့ရပေမဲ့ တိုက်တိုက်ဆိုင်ဆိုင်သူမရဲ့ လုပ်ငန်းခွင်အသစ်ဖြစ်တဲ့ ပါရီဖက်ရှင်ပွဲမှာပဲ လူသတ်မှုကြီးတစ်ခုကို ကြုံတွေ့လိုက်ရတဲ့အခါမှာ…ထက်ထက်မြက်မြက် အမေရိကန်မလေး လောရမ်နဲ့အတူစည်းမျဉ်းစည်းကမ်းအတိုင်း တစ်သွေမတိမ်းလုပ်တတ်တဲ့ပြင်သစ်စုံထောက် အန်ဒရေ ဒူဗရိုင်းက ဘယ်လိုတွေ့ဆုံလက်တွဲပြီး ဒီအမှုကို အဖြေရှာမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အသံဩရှရှ ပြင်သစ်လေသံတွေ၊ ပေါ့ပါးတဲ့ဟာသတွေ၊အဓိကဇာတ်ဆောင် နှစ်ယောက်ကြားက chemistry ကိုက်မှုတွေနဲ့အတူ မလေးလံတဲ့ မှုခင်းစုံစမ်းရေးတွေ ရောပြွန်းပါဝင်နေတာကြောင့် အပျော်တမ်းကြည့်စရာ ရုပ်ရှင်ကားကောင်းတစ်ခုဆိုတာကို ညွှန်းလိုက်ပါရစေ။ File size…1.74 GB / 760 MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 24m Genre ….. Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Esth
movie

Crimes of Fashion: Killer Clutch (2024)

Sex and the City (2008) 5.6
Sex and the City (2008) Sex and the City (2008)==================IMDb Rating - 5.6/10#Unicodeခေါင်းစဉ်ကိုကြည့်ပြီး 21+ ကားထင်နေရင်မှားသွားပါလိမ့်မယ်။ ထက်မြက်တဲ့ အမျိုးသမီးတွေကြည့်သင့်တဲ့ဇာတ်ကားကောင်းလေး လာပါပြီ။ နယူးယောက်မြို့သူ ၄ ယောက်ရဲ့ အိမ်ထောင်ရေး နဲ့ အချစ်ဇာတ်လမ်းကိုအကောင်းဆုံးပုံဖော်တဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူး။ဇာတ်လမ်းအညွှန်း*****************နယူးယောက်မြို့ကြီးကို လူတွေလာကြတာ ၂ ချက်ပဲရှိတယ် အောင်မြင်မှုနဲ့ အချစ် အတွက်ပဲ....လို့ ခံယူထားတဲ့Carrie Bradshaw , Samantha Jones , Charlotte York , Miranda Hobbes တို့ ၄ ယောက်ဟာ အရမ်းခင်ကြတဲ့ squad ဖြစ်ပါတယ်။ သူတို့ခံယူချက်အတိုင်း သက်ဆိုင်ရာ နယ်ပယ်မှာအောင်မြင်မှုကိုရရှိပြီးတဲ့အခါမှာအချစ်စစ်ကို စူးစမ်းရှာဖွေကြရင်းနဲ့ ဘဝရဲ့အလွဲလွဲအချော်ချော်အဖြစ်အပျက်တွေကို ဘယ်လိုထိန်းကျောင်းကျော်ဖြတ်သွားမလဲ ခံစားရမှာပါ ။ သူငယ်ချင်း ၄ ယောက်ရဲ့ Friendship နဲ့ Relationship ကိုတဝကြီးကြည့်ရှုရမှာဖြစ်ပြီးRomance, Drama ...
movie

Sex and the City (2008)

2008
Waiting for Anya (2020) 5.5
Waiting for Anya (2020) Waiting for Anya (2020)==================IMDb Rating - 5.5/10#Unicode2020 ခုနစ်ထွက် Drama / War / Thriller ဇာတ်ကားဖြစ်ပါတယ်။​ဒုတိယကမ္ဘာစစ်အတွင်း နာဇီတွေရဲ့ ဒဏ်ကို အလူးအလဲခံနေရချိန် ပြင်သစ်တောင်ပိုင်းက ရွာလေးတစ်ရွာမှာနေထိုင်တဲ့ သိုးကျောင်းသားလေး ဂျိုအကြောင်းပဲဖြစ်ပါတယ်။ ဖခင်ဖြစ်သူ နာဇီအကျဉ်းစခန်းကို ပါသွားတာကြောင့်ဂျိုဟာ မိခင်ရယ် ညီမလေးရယ် အဖိုးရယ်နဲ့ အတူနေထိုင်ပါတယ်။ တစ်နေ့မှာတော့ သူ သိုးထိန်းရင်း ကြုံလိုက်ရတဲ့ကိစ္စတစ်ခုကြောင့် တောထဲမှာ လူစိမ်းတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ အဲဒီလူစိမ်းက ဘယ်သူဖြစ်မလဲ သူတို့ရွာထဲကိုဝင်လာတဲ့နာဇီတွေနဲ့ရော ပတ်သက်နေမလဲ။ ဂျိုအနေနဲ့ ဘာတွေကိုရွေးချယ်မလဲဆိုတာကို အသည်းတယားယားကြည့်ရှုရမှာဖြစ်ပါတယ်။ ဆယ်ကျော်သက်ကောင်လေး ဂျိုအဖြစ် Stranger Things ထဲက Noah Schnapp ကပါဝင်သရုပ်ဆောင်ထားပြီး IMDB 5.5 ရရှိထားပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။)#Zawgyi2020 ခုနစ္ထြက္ Drama ...
movie

Waiting for Anya (2020)

2020