Channel Myanmar

Gillian Chung

The Queen (2021) 5.5
The Queen (2021) အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် တရုတ်ရှေးဒဏ္ဍာရီဇာတ်လမ်းလေးတစ်ပုဒ်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ - မြေခွေးမျိုးနွယ်မှ ဘုရင်မဖြစ်သူ အမြီးကိုးချောင်းကျိုဝေဟာ ကံဆိုးစွာနဲ့ မေရှန်းတောင် မိစ္ဆာ ၇ ကောင်ရဲ့ ခေါင်းဆောင် မျောက်ဝံမိစ္ဆာယွမ်ဟုန်လက်ထဲ ရောက်သွားခဲ့ပါတယ်။ ကံကောင်းစွာနဲ့ ကျန်းကျီယာရဲ့ ကယ်တင်ခြင်းခံခဲ့ရပြီး ကျန်းကျီယာကြောင့်ပဲ အမြီးတစ်ချောင်းပြတ်သွားခဲ့ပါတယ်။ လမ်းပျောက်နေတဲ့ ကျိုဝေဟာ နွီဝါးမယ်တော်ရဲ့ လမ်းညွှန်မှုနဲ့ တာကျီရဲ့ ခန္ဓာကိုယ်ထဲ ဝင်ပူးခဲ့ပြီး ရိကျိုးမြို့စားမင်းစူးဟုရဲ့ သမီးဖြစ်သွားခဲ့ပါတယ်။ တစ်နေ့မှာ ဘုရင်ကြီးကျို့ဝမ်ဟာ ရိကျိုးကိုစစ်ခင်းရာ တာကျီဟာ ဖခင်အစား ကိုယ်တိုင်စစ်ထွက်တိုက်ခဲ့သဖြင့် ကျို့ဝမ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ သူတို့နှစ်ယောက်သား မြစ်ဘေးမှာ စစ်ဖြစ်ရတဲ့ အကြောင်းရင်းရာတွေကို ပြောဆိုခဲ့ပြီး တာကျီရဲ့ အမြင်ဟာ ကျို့ဝမ်ကို လက်ခံစေခဲ့ပြီး ကျို့ဝမ်ကလည်း သူမကို ချစ်မိသွားပါတယ်။ ထိုနေ့ညမှာပဲ ကျို့ဝမ်ဟာ စူးဟုထံမှာ တာကျီကို လာရောက်တောင်းခံပါတယ်။ တာကျီဟာလည်း ရှန်းခေတ်ရဲ့ မိဖုရားဖြစ်သွားခဲ့ပြီး လောကရှုပ်ထွေးမယ့် အန္တရာယ်ကြီးတစ်ခု စတင်သက်ဝင်လာခဲ့ပါတယ်။ ဒီရှုပ်ထွေးမှုတွေကို လူ့ပြည်မှာ မင်းကောင်းမင်းမြတ်ကို ကူညီီဖို့ စေလွှတ်ခံရတဲ့ ကျန်းကျီယာတစ်ယောက် ဘယ်လို ဖြေရှင်းမလဲဆိုတာကို ဇာတ်လမ်းလေးနဲ့အတူ လိုက်ပါခံစားကြည့်ရှုကြရအောင်နော်။ Quality - WEB DL 1080p,720p Format - mp4 Genres - ...
movie

The Queen (2021)

Prison Flowers ( 2023 ) 5.9
Prison Flowers ( 2023 ) ဇာတ်ကားတစ်ကားလုံးမှာ အမျိုးသမီးတွေပဲပါတဲ့ ရုပ်ရှင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဟောင်ကောင်ရုပ်ရှင်ကောင်းတွေ ရှားပါးလာတဲ့အချိန်မှာ ဒီဟောင်ကောင်ရုပ်ရှင်လေးက ကြည့်ရှုသူတိုင်းကို ခံစားချက်တစ်ခုခုတော့ ပေးခဲ့မယ်ဆိုတာ သေချာပါတယ်။1995 ခုနှစ်က ဟောင်ကောင်ရဲ့အမျိုးသမီးထောင်ထဲမှာ ဖြစ်ပါတယ်။ စီးပွားရေးသမားတစ်ယောက်ဖြစ်တဲ့ အစ်မတင်ဟာ ဥပဒေကို နားမလည်ပဲ စာချုပ်မှားချုပ်မိတဲ့အတွက် ထောင်ကျခဲ့ပါတယ်။ ထောင်ထဲဝင်ဝင်ချင်း ထောင်ထဲကစီနီယာဖြစ်သူ ယောက်မပေါ်နဲ့ အတိုက်အခံဖြစ်ခဲ့ပါတယ်။ ထောင်ထဲကစည်းကမ်းတွေကို သဘောမကျတဲ့အတွက် လူအများက သူမကို ပယ်ထားခြင်းခံခဲ့ရပါတယ်။ခိုင်လိက သူမကို ထောင်ပတ်ဝန်းကျင်နဲ့ အသားကျအောင် ကူညီပေးခဲ့ပါတယ်။ အဲ့ကတစ်ဆင့် သဘောကောင်းပြီး ထောင်ထဲက ညီအစ်မတွေကို စောင့်ရှောက်ပေးတဲ့ အမေပေါ်နဲ့ ရင်းနှီးသွားခဲ့ပါတယ်။ ထောင်ထဲမှာ ဂွမ်းထုပ်မလောက်ငမှုကို ဖြေရှင်းဖို့အတွက် အစ်မတင်ဟာ စီးပွားရေးဦးနှောက်ကို အသုံးချပြီး အမေပေါ်နဲ့ပူးပေါင်းပြီးတော့ ထောင်ထဲကညီအစ်မများအတွက် အခက်အခဲတွေ ကူညီဖြေရှင်းပေးပြီး အမျိုးသမီးထောင်ကို ငြိမ်းချမ်းအောင် ကြိုးစားခဲ့ကြပါတယ်။အစ်မတင်လည်း လူအများရဲ့ချစ်ခင်လေးစားခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမဲ့ မထင်ထားပဲ အမျိုးသမီးထောင်က လူဆိုးကြီးထန်းကျူးဟွမ်က ထောင်ထဲပြန်ဝင်လာပြီး ထောင်တည်ငြိမ်အေးချမ်းမှုကို ဖျက်ဆီးခဲ့ပါတယ်။အစ်မတင်တစ်ယောက် ထောင်တည်ငြိမ်မှုရအောင် ဘယ်လိုကြိုးစားခဲ့သလဲ ...... ထန်းကျူးဟွမ်ကရော ဘယ်လိုရက်စက်ယုတ်မာသလဲ...... အစ်မတင်တို့အဖွဲ့ ထန်းကျူးဟွမ်ကို ဘယ်လိုအနိုင်ယူမလဲဆိုတာကို ရုပ်ရှင်လေးကိုပဲ ကြည့်ရှုခံစားလိုက်ပါနော်။ Quality : WEB-DL 1080p , ...
movie

Prison Flowers ( 2023 )

The First Myth: Daji ( 2021 ) 5.8
The First Myth: Daji ( 2021 ) ရှေး‌ဟောင်းမှော်ဆန်ဖွယ်ဒဏ္ဍာရီကားကြိုက်နှစ်သက်သူများအတွက် ဇာတ်ကားလေးတစ်ခုတင်ဆက်ချင်ပါတယ် တစ်ခါကအရမ်းတင့်တယ်လှပတဲ့မြေခွေးမျိုးနွယ်က ဘုရင်မတစ်ယောက်ရှိတယ်။ကံမကောင်းစွာနဲ့ မေရှန်တောင်ကမိစ္ဆာခုနှစ်ကောင်ရဲ့ခေါင်းဆောင်ဖြစ်တဲ့ယွမ်ဟုန်ကဖမ်းဆီးသွားတယ်။အဲ့အချိန်မှာ ကျန်းကျီယာကမိစ္ဆာတွေကိုလိုက်နှိမ်နင်းရင်း မတော်တဆနဲ့မြေခွေးဘုရင်မကိုကယ်တင်ခဲ့ပေမယ့် သူ့အမြီးတစ်ချောင်းကိုဖြတ်ပစ်ခဲ့ရာမှဘာတွေဆက်ဖြစ်ခဲ့သလဲ။နွီဝါးမယ်တော်ရဲ့ညွန်ပြမှုဖြင့် ကျိကျိုးမြို့ရဲ့မြို့စားမင်းစူးဟုရဲ့ သမီးဖြစ်သူတာကျီပေါ်လူဝင်စားလိုက်တဲ့အခါ..... ရှန်မင်းဆက်ဘုရင်ဖြစ်တဲ့ကျုံးမင်းကြီးက ကျိကျိုးမြို့ကိုလာတိုက်ခိုက်ရင်းနဲ့ မင်းသမီးတာကျီကိုဖမ်းဆီးလိုက်တယ်။သူတို့နှစ်ဦးတွေ့ဆုံတဲ့အခါမှာ တစ်ဦးနှင့်တစ်ဦးမေတ္တာသက်ဝင်ပြီး တိုင်းပြည်ကိုအုပ်ချုပ်ဖို့ပြန်သွားကြတဲ့အချိန်မှာ တိုင်းပြည်ကတည်မြဲမလား၊ပဋိပက္ခဖြစ်မလားဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Fantasy Runtime : 1h 14 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Clytie Encoded by LK
movie

The First Myth: Daji ( 2021 )

Twins Mission (2007) 5.2
Twins Mission (2007) Review- အမွှာတွေချည်းပဲဖွဲ့စည့်ထားတဲ့အဖွဲ့အစည့်တစ်ခုမှာ ခေါင်းဆောင်အမွှာညီနောင်၂ဦးဟာ ရည်မှန်းချက်မတူတာကြောင့် ၂ဖွဲ့ကွဲသွားခဲ့ပါတယ် ကျေးညီနောင်၂ဦးလိုတစ်ဖွဲ့ကမကောင်းတဲ့လမ်းစဉ်ကိုလိုက်ပြီး နောက်တစ်ဖွဲ့ကတော့တရားမျှတမှုအဖွဲ့ပါတစ်ရက်မှာ Lau Hay နဲ့ Uncle Luck ဟာ Heaven's Bead လို့ခေါ်တဲ့အစေ့ကိုဟောင်ကောင်ကိုသယ်ယူလာတုန်းခြုံခိုတိုက်ခိုက်ခံရတာကြောင့် လမ်းမှာတင်ပျောက်ဆုံးသွားခဲ့ပါတယ် ဒီအစေ့ကိုမှော်စွမ်းအင်တွေရှိပြီး သေဆုံးသွားတဲ့လူတွေကိုပြန်ခေါ်နိုင်တယ်လို့ ယုံကြည်တာကြောင့် လူဆိုးအမွှာအဖွဲ့လိုက်ရှာတာကို နောက်တစ်ဖွဲ့ကတားဆီးတာပဲဖြစ်ပါတယ်တစ်ဖက်မှာလဲမြို့တော်စီမံကိန်းတွေရှိနေတယ့် Professor Mok ဟာ သူ့တူမ Li ပိုင်ဆိုင်တဲ့မြေနေရာကွက်တွေကိုလိုချင်နေတာကြောင့် နေမကောင်းဖြစ်နေတဲ့သူ့ညီမကို Heaven's Bead နဲ့အကျပ်ကိုင်လာပါတယ်Lau Hay နဲ့ Uncle Luck တို့ဟာအင်အားမမျှတာကြောင့် ပျောက်ဆုံးနေတဲ့အမွှာအဖွဲ့သားတွေကိုအကူအညီတောင်းလာရပါတော့တယ် သူတို့တွေHeaven's Bead ကို ဘယ်လိုပြန်ယူမလဲ Li ညီအစ်မနှစ်ယောက်ကိုပါဘယ်လိုကယ်တင်မလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ် ။( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Son Gohan ပါ )File Size__(1.8GB) Quality__BluRay_720p IMDb Rating__5.1/10 Format__mp4 Duration__01:33:00 Type__Action, Comedy, Crime Subtitle__Myanmar Subtitle (Hardsub) Translated by Son ...
movie

Twins Mission (2007)

The Twins Effect II (Vampire Effect 2) (2004) 5.5
The Twins Effect II (Vampire Effect 2) (2004)   Twin Effect 2 မှာ​တော့ 1က သရုပ်​ဆောင်​တွေပဲ ပြန်ပါလာ​ပေမယ့် ဇာတ်​ကြောင်းလုံးဝကွဲပြားသလို သရုပ်​ဆောင်အသစ်​တွေ အများကြီးပါဝင်လာပါတယ်။ 1တုန်းက ပါခဲ့တဲ့ Jackie Chanအပြင် ဒီကားမှာ Ip Man အဖြစ်လူသိများတဲ့ Donnie Yenပါ ဧည့်သည်အဖြစ် ပါဝင်လာတာပဲ ဖြစ်ပါတယ်။ဇာတ်​ကြောင်းက​တော့ ​​ယောကျ်ား​တွေကို စိတ်နာ​နေတဲ့ အ​မေဇုန်ပြည်ဘုရင်မကြီးဟာ အာဏာ​ရော ​မှော်အစွမ်း​တွေပါ သုံးပြီး တိုင်းပြည်ကိုထိန်းချုပ်ထားတာပါ။ ​ ယောကျ်ား​တွေလို ​​ငွေဝယ်ကျွန်လို​ ​ရောင်းဝယ်​ဖောက်ကားကြပြီး မိန်းမ​တွေက ပြားပြားဝပ် ဖိနှိပ်ထားတဲ့ တိုင်းပြည် တစ်ခု​ပေါ့။ ဒီလိုမျိုးအစွန်း​ရောက်​နေတဲ့ ဘုရင်မကြီးကို နှိမ်နင်းနိုင်တဲ့ တစ်ခုတည်း​​သော နည်းက​တော့ ကြယ်တာရာ သူရဲ​ကောင်းတစ်​ဦးက Excaliburဓါးနဲ့အတူ ဘုရင်မကြီးကို သတ်ပစ်ရမှာပါ။သူ့ကို​ ချေမှုန်းနိုင်မယ့်သူရှိတာ သိ​နေတဲ့ဘုရင်မက တိုင်းပြည်ထဲက ​​​ယောကျ်ားမှန်သမျှ လိုက်ဖမ်းပြီး သူရဲ​ကောင်းအ​လောင်းအလျာကို ရှာ​ဖွေ​နေခဲ့တာပါ။ ဒါ​​ပေမဲ့ အ​ကြောင်းအမျိုးမျိုး​ကြောင့် အထက်ပါ သူရဲ​​ကောင်းက လွတ်​မြောက်​နေပြီး ​​နောက်ဆုံးမှာ မိစ္ဆာဘုရင်မကြီးနဲ့ ထိပ်တိုက်​တွေ့ဆုံပါ​တော့တယ်။ ထိုသူရဲ​ကောင်းက ...
movie

The Twins Effect II (Vampire Effect 2) (2004)

The Twins Effect (Vampire Effect) (2003) 6.0
The Twins Effect (Vampire Effect) (2003)  ၂၀၀၃ခုနှစ်က ထွက်ရှိခဲ့တဲ့ ​ဟောင်​ကောင်အက်ရှင်ဟာသကား​လေး တင်ဆက်​​ပေးချင်ပါတယ်။ Initial Dနဲ့ Internal Affairs ဇာတ်ကား​တွေမှာ ပါဝင်ဖူးတဲ့ Edison Chenက ​ခေါင်း​ဆောင်ပါဝင်ထားသလို Jackie Chanနဲ့ Karen Mokတို့လည်း cameoအ​နေနဲ့ ပါဝင်ထားပါ​​သေးတယ်။အနာဂတ်ကာလမှာ သွေးစုပ်ဖုတ်​ကောင်မျိုးနွယ်​တွေ ကမ္ဘာတစ်ဝန်းကြီးစိုးလာသလို ​သွေးစုပ်ကောင်နှိမ်နင်း​ရေး အဖွဲ့​အစည်းတွေလည်း အများအပြား​ ပေါ်ထွက်လာပါတယ်။ ရိဗ်၊ ညီမဖြစ်သူ ဟယ်လန်နဲ့ပါတနာ ဂျစ်ပစီတို့ကလည်း ​သွေးစုပ်​ကောင်မုဆိုး​တွေ​ပေါ့။ဒီလိုနဲ့ သူတို့​နေထိုင်ရာ ​ဟောင်​ကောင်ကို ဥ​ရောပနွယ်သွေးစုပ်ကောင်​တွေ ရုတ်တရက်​ရောက်လာကြပါတယ်။ သူတို့​​တွေ ရောက်လာရတဲ့အ​ကြောင်းရင်းက သွေးစုပ်ကောင်သမ္မာကျမ်းစာအုပ်လို့ ​​ပြောနိုင်တဲ့ "Day For Night"စာအုပ်ကို ဂိုဏ်း​တွေလုရာမှ စတင်ခဲ့တာပါ။ဒီစာအုပ်ရဲ့အစွမ်းကို ပိုင်ဆိုင်ဖို့လိုအပ်တဲ့အရာက မူလပိုင်ရှင်​ဖြစ်တဲ့ ​တော်ဝင်မိသားစု မင်းသား၆ပါးရဲ့ ​သွေးပါ။ ဒီထဲကမှ ပဥ္စမမင်းသားဖြစ်တဲ့ ကာဇမ်က ​ဟောင်​ကောင်ကို ​ရောက်လာပြီး ရိဗ်ရဲ့ ညီမ​လေးဟယ်လန်နဲ့ ​ရေစက်သွားဆုံပါတယ်။ဒီလိုနဲ့ စာအုပ်အစွမ်းကို ပိုင်ဆိုင်ချင်တဲ့ ဥ​ရောပမျိုးသွေးစုပ်ကောင်တသိုက်နဲ့ တစ်ဖက်က ​​တော်ဝင်မင်းသားနဲ့ သွေးစုပ်​ကောင်မုဆိုးတို့ ဘယ်လိုရင်ဆိုင်မလဲဆိုတာ ဟာသအက်ရှင်ဆန်ဆန် ...
movie

The Twins Effect (Vampire Effect) (2003)

Green Snake: The Fate of Reunion ( 2022 ) 6
Green Snake: The Fate of Reunion ( 2022 ) မြွေဖြူမြွေစိမ်းဇာတ်ကားလို့ပြောလိုက်ရင် အားလုံးက မြွေဖြူကိုအဓိကသရုပ်ဆောင်အဖြစ်ထားပြီး ရိုက်ကူးထားတဲ့ဇာတ်ကားတွေများပါတယ် ဒီတစ်ခါမှာတော့ ထူးထူးခြားခြား မြွေစိမ်းမလေးအဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ The Fate Of Reunionဆိုတဲ့ ဇာတ်လမ်းလေးကို CMက တင်ဆက်ပေးလိုက်ပါတယ်ပုံမှန်အတိုင်း မြေစိမ်းမလေးရဲ့ နာမည်က ချင်းအာပါ ချင်းအာရဲ့ ချစ်သူ တောက်ချင်းက သူမကိုကယ်တင်ရင်း နတ်စည်းကမ်းကိုချိုးဖောက်မိလို့ လူသားအဖြစ်ပြန်ဝင်စားဖို့ အပြစ်ပေးခံလိုက်ရပါတယ်ချင်းအာက နှစ်ပေါင်းများစွာသူ့ရဲ့ချစ်သူကိုစောင့်မျှော်ရင်း ရှာဖွေနေရာမှ ချွဲလျန်ဆိုတဲ့ ဘုန်းကြီးတစ်ပါးနဲ့တွေ့သွားပါတယ် (ချွဲလျန်ကတော့ တောက်ချင်းရဲ့ လူဝင်စားထားတဲ့ နောက်တစ်ဘဝပါ) ဘုန်းကြီးဆိုတော့ အားလုံးသိတဲ့အတိုင်းမိစ္ဆာတွေကိုနိပ်နင်းရင်း မြွေစိမ်းနဲ့တွေ့ရာမှ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကို အားလုံးဆက်လက်ကြည့်ရှုလိုက်ရအောင်   Quality : WEB-DL 1080p , 480p Format : mp4 Genres : Romance , Fantasy Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Xing Er Encoded by LK
movie

Green Snake: The Fate of Reunion ( 2022 )

77 Heartbreaks (2017) 6.1
77 Heartbreaks (2017) 2017 ခုနှစ်ထွက် ဟောင်ကောင် Drama ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဆိုတာလင်မယားတွေကြားမှာသာ သက်ရောက်မူမရှိပေမယ့်သမီးရည်းစားတွေအနေနဲ့ တော့ အခန့်မသင့်လျှင်ပြတ်ဆဲသွားသည်အထိ ဖြစ်သွားတတ်ပါတယ် ဒီကားလေးထဲမှာတော့ချစ်သူရည်စားတွေအနေနဲ့ ဘယ်လောက် သက်တမ်းကြာတဲ့RS ဖြစ်ပါစေ ပြသနာရှာရင်း အရစ်လွန်သွားရင်တော့စိတ်ကုန်ပြီး ပြတ်ဆဲသွားနိုင်တယ်ဆိုတာကို သင်ခန်းစာယူကြည့်ကြရမှာပါကိုယ့်အချစ်ရေးတစ်ကယ်မပြီးဆုံးခင် အသဲဘယ်နှကြိမ်ကွဲခဲ့လဲ?တစ်ခါလား နှစ်ခါလား? အီဗအတွက်တော့ ၇၇ကြိမ်ကွဲခဲ့တာပါ. သူ့ချစ်သူကောင်လေး အဒမ်ကသူ့ကိုအသဲကွဲခံစားအောင်လုပ်ခဲ့တဲ့ အကြိမ်အရေအတွက်ပါ. နောက်ဆုံးတော့ သူမဟာ လမ်းခွဲခဲ့ပါတယ် ၇၈ကြိမ်မြောက်သူထပ်ပြီးခွင့်လွတ်နိုင်မှာလား? သင်ရော သင်ချစ်တဲ့သူကို ဘယ်လောက်အကြိမ်ကြာကြာခွင့်လွတ်နိုင်မှာလဲ သင်ရောဒီဇာတ်လမ်းကိုကြည့်ပြီး အသဲဘယ်နှခါကွဲသွားမလဲ???????သင်ရော သင့် ကောင်လေး/ ကောင်မလေးအပေါ်မှာ၇၇ကြိမ် သည်းခံ နိုင်ပါ့မလား ¿¿¿ :PQty - 720p BlurayDuration - 1hr 35minGern - Drama / RomanceSubtitle - Myanmar HardsubTranslator - Inzali ThanhtikeEncoder - Kyaw Ye Aung
movie

77 Heartbreaks (2017)

2017
Ex (2010)
Ex (2010) အချစ်သစ်ကိုယ်စီနဲ့ အနည်ထိုင်နေပေမယ့် Ex နဲ့ ပြန်တွေ့တော့လဲအရင်က အငွေ့အသက်အဟောင်းတွေဟာ ပြန်လည်သင်းပျံ့လာ....ဦးနှောက်နဲ့နှလုံးသား စုံဆန်ကူးခတ်ရင်း မောလှတဲ့ ဒီနွံထဲ ရွေးချယ်စရာဟာ သိပ်များခက်နေမလား....လူနှစ်ဦးပေါင်းစုံခြင်းကို ချစ်ခြင်းတစ်ခုတည်းကပဲ ဆုပ်ကိုင်ထားတယ်ထင်တာဟာ သိပ်ပြီးကလေးဆန်နေမလား...ကိုယ်ထင်ရာကိုယ်စိုင်း ကိုယ့်ဘဝရိုင်းရိုင်းကို ကိုယ်လမ်းကိုယ်ခင်း ကိုယ့်ကိုယ်ကိုဖန်ဆင်းရင်း...အချစ်ဆိုတာကို သီးသန့်တစ်ခုလိုခံစားခဲ့လဲ...သြော်...Ex ဆိုတာ...တစ်ခါတုန်းက အသဲနှလုံးလေးပဲ။(Romance ကားအစစ်လေးဖြစ်ပေမယ့် တချို့အခန်းတွေကတော့ မိသားစုနဲ့မကြည့်သင့်ပါ။)  File size…(900 MB) and (330MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:35:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Nay Wah 
movie

Ex (2010)

A Chinese Odyssey: Part 3 (2016) 3.5
A Chinese Odyssey: Part 3 (2016) A Chinese Odyssey Part 3 (2016)_____IMDb - 3.5/10  ဒီဇာတ်ကားဟာ စွန်းဝူခုန်းရဲ့ အနောက်သို့ခရီးသွားမှတ်တမ်းကို ဇာတ်လမ်းဆန်းသစ်ပြီး ဟာသတစ်ပိုင်းနဲ့ ရိုက်ခဲ့တဲ့ စတီဗင်ချောင်ရဲ့ A Chinese Odyssey အပိုင်း ၁ နဲ့ ၂ ရဲ့ အဆက်ပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ စွန်းဝူခုန်းဖြစ်လာမယ့် Joke(ကျိစန်းပေါင်)ဟာ အနှစ် ၅၀၀ နောက်ကျပြီးမှ မွေးဖွားလာခဲ့ပြီး သူ စွန်းဝူခုန်းဖြစ်လာရမယ့် ကံကြမ္မာဟာ သူ့ရဲ့ချစ်သူနတ်သမီး စီရှား သေဆုံးမှဖြစ်လာမယ်လို့ ကောင်းကင်ဘုံကျမ်းမှာ ကံကြမ္မာအဖြစ်ရေးသားထားခဲ့ပါတယ်။ ဒါကို အချိန်ခရီးသွားခဲ့ပြီး ကြိုသိလာတဲ့ နတ်သမီးဟာ ကျိစန်းပေါင်နဲ့ မချစ်မိစေဖို့ သူမသေရဖို့ ရှောင်လွှဲဖို့ကြိုးစားစဉ် နွားမိစ္ဆာမောင်နှမကိုပါ ဆွဲထည့်မိပြီး ရှုပ်ထွေးလာပုံကို လှည့်ကွက်လေးတွေနဲ့ မထင်မှတ်တာလေးဖြစ်လာအောင် ပြသထားတာပါ။ သတ်မှတ်ထားပါတယ်ဆိုတဲ့ ကံကြမ္မာနဲ့ ကိုယ်ပိုင်ရွေးချယ်မှု ယှဉ်လာတဲ့အခါ ကံကြမ္မာကို လူကဖန်တီးမလား၊ ကံကြမ္မာက လူကိုဖန်တီးမလားဆိုတာတော့.....     File Size     :   669 MB Duration    :   1 hr 33 min Quality   ...
movie

A Chinese Odyssey: Part 3 (2016)

2016