Channel Myanmar

Gillian Jacobs

The Box (2009)
The Box (2009)  sci-fi, thriller ဇာတ်ကားဖြစ်ပြီး လူတွေရဲ့လောဘ‌ကြောင့် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေအကြောင်းကို လျှို့ဝှက်ဆန်းကျယ်တဲ့ ဇာတ်လမ်းလှည့်ကွက်တွေနဲ့ရိုက်ပြထားတာပါဇာတ်လမ်းအကျဉ်း..... အာသာနဲ့နော်မာတို့ဟာ သားတစ်ယောက်နဲ့အတူပျော်ရွှင်တဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားကြပြီး သူတို့ကိုယ်ပိုင်ကမ္ဘာလေးထဲမှာနေပျော်နေတဲ့သူတွေဖြစ်ပါတယ် တစ်နေ့မှာတော့ ထူးဆန်းတဲ့သေတ္တာတစ်လုံးရောက်လာပြီး သေတ္တာထဲကခလုတ်ကိုနှိပ်ရင် ဒေါ်လာ တစ်သန်းရမယ်ဆိုတဲ့ကမ်းလှမ်းချက်ကြီးကိုလက်ခံလိုက်ရတဲ့အချိန်မှာ.... လင်မယားနှစ်ယောက် လောဘကိုရှေ့တန်းတင်ပြီးရွေးမလား အကျိုးအကြောင့်ချင့်ချိန်ပြီးရွေးမလားဆိုတာကိုကြည့်ရှုရမှာပါ......လွယ်လွယ်မရတဲ့လောကကြီးမှာလောဘနောက်လိုက်မိသွားရင် ခံရမဲ့အကျိုးဆက်တွေကလည်း မနည်းပါဘူး ဒီဇာတ်လမ်းလေးကတော့ ငွေမြင်တဲ့အခါလူတွေစုံလုံးကန်းသွားတတ်ကြပုံကို ထူးခြားတဲ့ရှုထောင့်ကနေရိုက်ပြထားတာဖြစ်တဲ့အတွက် ကြည့်ကိုကြည့်သင့်တဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ် File size…(1.6 GB)/(876 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:55:00 Genre...Thriller, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

The Box (2009)

Hot Tub Time Machine 2 (2015) 5.0
Hot Tub Time Machine 2 (2015)  ကြမ်းတမ်းတဲ့အသုံးအနှုံးတွေနဲ့ ဇာတ်ဝင်ခန်းတွေပါဝင်တာကြောင့် အသက် ၁၈ နှစ်အောက် ကလေးတွေတော့ မကြည့်ရှုသင့်ပါဘူး။ 2010 ကထွက်ခဲ့တဲ့ HTTM ရဲ့အဆက်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လု ဒေါ်ချန်တစ်ယောက်ပါတီပွဲပေးနေရင်း သေနတ်နဲ့အပစ်ခံလိုက်ရတာကြောင့် သူ့ရဲ့သားဖြစ်သူ ဂျေကော့၊ သူငယ်ချင်းဖြစ်သူ နစ်ခ် ဝက်ဘာတို့က လုကို ရေပူကန်ထဲခေါ်ပြီး အတိတ်ကိုပြန်သွားရင်း ဒီဖြစ်ရပ်ကြီးဖြစ်မလာအောင်တားဆီးဖို့လုပ်ကြပါတယ်။ ဖြစ်ချင်တော့ သူတို့ ရောက်သွားတာက အတိတ်ကာလမဟုတ်ပဲ အနာဂတ်ကာလကို ‌ဆယ်နှစ်တောင်ကြိုပြီးရောက်သွားတာပါ။ ဒီလိုနဲ့ ငရှုပ်သုံးယောက် လုကိုပစ်သွားတဲ့ သေနတ်သမားကို လူသတ်မှုမကျူးလွန်ခင်ရှာတွေ့နိုင်မှာလား၊ အနာဂတ်မှာရော ဘယ်လိုတွေပတ်ပြီး ရှုပ်ကြ၊ မွှေကြ၊ ပွေကြဦးမလဲ ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။File size…(1.8 GB)/(1 GB)Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT
movie

Hot Tub Time Machine 2 (2015)

Black or White (2014) 6.6
Black or White (2014)   ဒီဇာတ်လမ်းလေးမှာ ဇနီးဖြစ်သူ ဆုံးပါးသွားတဲ့အခါအဲလီရော့တ်အန်ဒါဆန်ဟာ သူ့မြေးမလေး အဲလူဝီးစ်ကိုတစ်ယောက်တည်း ပြုစုပျိုးထောင်ပေးဖို့ ဖြစ်လာပါတယ်။အဲလူဝီးစ်ရဲ့ အမေ၊ အဲလီရော့တ်ရဲ့သမီးကတော့ နှလုံး‌ရောဂါအခံနဲ့ ကလေးမွေးဖွားစဉ်က ဆုံးပါးသွားခဲ့တာဖြစ်ပြီးအဖေဖြစ်သူကတော့ မူးယစ်ဆေးမှုတွေနဲ့ ပြစ်မှုမှတ်တမ်းတွေရှိပြီး သတင်းအစအနတောင် မကြားရတဲ့သူပါ။အဲလီရော့တ်က သမီးဖြစ်သူကို ဆုံးရှုံးခဲ့ရတဲ့အပြင်ဇနီးဖြစ်သူကိုပါ ဆုံးရှုံးရပြန်တော့ အရက်သောက်‌နေတဲ့အရက်သမားကြီးလို ဖြစ်နေပေမယ့် သူ့မြေးမလေးကိုတော့ဘယ်နေရာမှလစ်ဟင်းမှုမရှိအောင် ချစ်ခြင်းမေတ္တာအပြည့်နဲ့ဂရုစိုက်ပေးပါတယ်။ ဒါပေမဲ့ အဲလူဝီးစ်လေးရဲ့ တစ်ဖက်ကအဘွား ရိုဝီနာကတော့ သူ့မြေးမလေးကို အဘိုးဖြစ်သူအဲလီရော့တ် စောင့်ရှောက်တာကို စိတ်မချဖြစ်ပါတယ်။ဒီလိုနဲ့ ရိုဝီနာက သူ့မောင် ရှေ့နေနဲ့အတူ ကလေးအုပ်ထိန်းစောင့်ရှောက်ခွင့်အတွက် တရားရင်ဆိုင်ပါတော့တယ်။ဒီနေရာမှာ ပြဿနာကတော့ အဲလူဝီးစ်လေးရဲ့ အဘိုးအဲလီ‌ရော့တ်ကလူဖြူဖြစ်ပြီး အဖေဘက်၊ အဘွားဝီဝီဘက်ကတော့ လူမဲတွေဖြစ်နေတာပါ။ ကလေး အုပ်ထိန်းခွင့်အတွက် တရားရင်ဆိုင်ကြတဲ့အခါ အဘိုးဖြစ်သူ အဲလီရော့တ်ကပဲ အုပ်ထိန်းခွင့်ရသွားမလား၊အဘွားဝီဝီကပဲ အုပ်ထိန်းခွင့်ရသွားမလားဆိုတာတော့ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ ဒီဇာတ်လမ်းလေးဟာ မိသားစုချစ်ခြင်းမေတ္တာကို ဖော်ကြူးထားတဲ့အပြင် လူမဲ လူဖြူဆိုတာ အသားအရောင်သာကွာခြားတဲ့လူသားအချင်းချင်းပါပဲ ဆိုတဲ့ မက်ဆေ့ခ်ျလေးကို ရိုက်ပြထားတဲ့ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ ( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက ...
movie

Black or White (2014)

Night at the Museum: Kahmunrah Rises Again (2022) 5
Night at the Museum: Kahmunrah Rises Again (2022) Night at the Museum: Kahmunrah Rises Again (2022)သင်ဟာ Night at the museumရဲ့ ပရိသတ်တစ်ယောက်ဆိုရင်တော့ ငယ်ငယ်က ပြတိုက်တွေသွားလည်တဲ့အခါ ဒီအရုပ်တွေများ ညဘက်ဆိုရင်အသက်ဝင်လာပြီး လျှောက်သွားနေမလားလို့ တွေးမိမှာပါပဲ။ ၂၀၀၆ ခုနှစ်မှာ ပထမဆုံးစတင်ထွက်ရှိပြီး ပရိသတ်တွေရဲ့အသဲနှလုံးကို ဖမ်းစားခဲ့တဲ့ ဒီရုပ်ရှင်လေးက ၂၀၀၉နဲ့ ၂၀၁၄မှာ live action sequelအသီးသီးထွက်ရှိခဲ့ပြီးတော့ နောက်ဆုံးရုပ်ရှင်ကတော့ animationသီးသန့်အနေနဲ့ ပွဲထုတ်ထားပါတယ်။၂၀၂၂ animationမှာတော့ Night at the museum sequelတလျှောက်မှာ အပွဲပွဲနွှဲလာခဲ့တဲ့ လာရီဒေလီတစ်ယောက် သဘာဝသမိုင်းပြတိုက်ကြီးကိုစွန့်ခွာလို့ တိုကျိုပြတိုက်ကို ပြောင်းရတာနဲ့ အစချီထားပါတယ်။ဒါပေမဲ့ လာရီနဲ့ပွဲတိုင်းကျော်ခဲ့တဲ့ ပြခန်းထဲကရဲဘော်တွေကတော့ လာရီနေရာမှာမှာ အစားထိုးဝင်လာတဲ့ ညစောင့်တိုင်းကို အမျိုးမျိုးခြောက်လွှတ်နေကြတာပေါ့။ ရဲဘော်တွေကိုလည်း ဖျောင့်ဖျလို့မရ ကြီးလေးတဲ့တာဝန်ကြီးကို တခြားသူကိုလွှဲအပ်ခဲ့ရမှာကိုလည်း စိတ်မချပြန် နှစ်ပေါင်းများစွာလုပ်လာခဲ့တဲ့ ပြတိုက်ကြီးကိုလည်း သံယောဇဉ်မပြတ်တဲ့လာရီတစ်ယောက် တက်ဒီပြောသလိုပဲ သားဖြစ်သူ နစ်ခ်ဒေလီကို သူ့နေရာအစားဝင်ခိုင်းဖို့ တွေးနေတော့တာပေါ့။တစ်ဖက်မှာတော့ ဘာလုပ်လုပ် တလွဲတချော်နဲ့တိုင်ပတ်နေပြီး ချစ်သူကောင်မလေးကိုပါ ဖွင့်မပြောရဲတဲ့အထိကို ယုံကြည်မှုတွေပျောက်ဆုံးနေတဲ့ ဆယ်ကျော်သက်ကောင်လေး နစ်ခ်ဒေလီကတော့ သူ့ရဲ့ဘဝကြီးကို အကြီးအကျယ်စိတ်ပျက်နေသူလေးပါ။ ဒါကိုအဖေဖြစ်သူလာရီက ...
movie

Night at the Museum: Kahmunrah Rises Again (2022)

2022
North Hollywood (2021) 5.9
North Hollywood (2021) ဒီကားလေးက 2021 ထွက် comedy/drama ကားကောင်းလေးပါ။rating လည်း ထိုက်သင့်သလောက် ကောင်းကောင်းရထားတဲ့ ဇာတ်လမ်းလေးပါ။comedy ဆိုတာထက် drama ဘက် ပိုယိမ်းပါတယ်။ဇာတ်လမ်းအကျဉ်း==================လောစ့်အိန်ဂျလိစ့် ၊ North Hollywood ဆိုတဲ့မြို့ကလေးက ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ရဲ့ဘဝနဲ့ သူ​ပြေးလိုက်တဲ့ အိပ်မက်အကြောင်းရိုက်ထားတာပါ။အထက်တန်းကျောင်းသားတစ်ဦးဖြစ်သူ မိုက်ကယ်ရူးရူးမူးမူးဖြစ်ချင်တာကတော့ ပရို စကိတ်စီးသမားတစ်ယောက်ပါ။သို့သော် အမိမဲ့သား မိုက်ကယ်ရဲ့ စကိတ်သမားဖြစ်ချင်တဲ့ရည်ရွယ်ချက်ကို သဘောမတူတဲ့ သူ့အဖေကတော့ မိုက်ကယ်ကိုအထက်တန်းကျောင်းပြီးတာနဲ့ ကောလိပ်ကို ဆက်တက်ပြီး ​ပညာရေးကိုရှေ့ဆက်စေချင်တာပါ။ မိုက်ကယ်ကတေ့ာ သူဖြစ်ချင်တဲ့စကိတ်သမားဖြစ်လာဖို့ ဘာကိုမဆို စတေးရ စတေးရအဆင်သင့်ဖြစ်နေသူတစ်ဦးပါ။ ဇာတ်က အေးပါတယ်။ဒါပေမယ့် ဇာတ်ကားမဆန်ဘဲ တကယ့်အပြင်က reality တစ်ခုကိုပြထားသလို ခံစားရမှာပါ။ ဆယ်ကျော်သက် လူငယ်တစ်ဦးရဲ့ဖြစ်ချင်တဲ့ စိတ်ဆန္ဒနောက်ကို ပြေးလိုက်တဲ့ ခရီးလမ်းမှာ မိသားစု ၊မိတ်ဆွေသူငယ်ချင်းတွေရဲ့ အရေးပါမှု ဒါတွေကို လက်တွေ့ဆန်စွာခံစားကြည့်ရှုရပါမယ်။ File size…1.26GB / 547MB Quality…1080p WEB DL AAC5.1CH ...
movie

North Hollywood (2021)

2022
The Contractor (2022) 6
The Contractor (2022) The Contractor (2022)နာမည်ကျော်မင်းသား ခရစ်စ်ပိုင်းရဲ့ အက်ရှင်ရုပ်ရှင်အသစ်ထွက်လာပါပြီ။ ဒူးဒဏ်ရာကြောင့် ဆေးတွေသုံးလို့ အထူးတပ်ဖွဲ့ကနေ အနားယူလိုက်ရတဲ့ အတော်ဆုံး စစ်သားတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ တပ်ကထွက်လာပြီး အလုပ်မရှိအကိုင်မရှိ အကြွေးတွေနစ်နေချိန်မှာ ကြေးစားစစ်သားအလုပ် လုံခြုံရေးအလုပ်တွေကို လိုက်လျှောက်ရင်း ငွေအများကြီးရမယ့် အလုပ်တစ်ခု တွေ့သွားခဲ့ပါတယ်။ အဲဒါကတော့ နိုင်ငံတော်လုံခြုံရေးကို ကာကွယ်ဖို့ ဘာလင်က သိပ္ပံပညာရှင်တစ်ယောက်တီထွင်နေတဲ့ ဇီဝလက်နက်တစ်ခုကို သွားဖျက်ဆီးဖို့ ကန်ထရိုက် တာဝန်တစ်ခုပါပဲ။ စာရင်းမဝင် လျို့ဝှက်စစ်ဆင်ရေးတစ်ခုပေါ့။ အဲဒီစစ်ဆင်ရေးကိုအတူသွားကြရင် လွယ်မလိုနဲ့ခက်ပြီး မထင်မှတ်ထားတာတွေ ဖြစ်လာတဲ့အခါ .....အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre.....Action, Thriller Quality….WEB-DL 1080p and 720p File size…1.83GB and 759MB and Format…mp4 Duration….1h 43min Subtitle….Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August
movie

The Contractor (2022)

2022
Injustice 2021
Injustice 2021 Injustice ရဲ့ ဇာတ်လမ်းကို ဂိမ်းထဲမှာ ကာတွန်းစာအုပ်ထဲမှာရင်းနှီးပြီးသား လူတွေလည်း ရှိမှာပါ။DC Comic ရဲ့ အအောင်မြင်ဆုံး ဇာတ်လမ်းတွေထဲက တစ်ခုုပါပဲ။DC ရဲ့ နတ်ဘုရားအစွမ်းနဲ့ လူသားဆန်တဲ့ စူပါမန်းတစ်ယောက် လူသားဆန်လွန်းသွားတဲ့အခါ ဘာတွေဖြစ်လာမလဲ။ပထမဆုံးအကြိမ် လူသတ်မိလိုက်ပြီးနောက်မှာ ဘာတွေဖြစ်လာမလဲ။ငြိမ်းချမ်းရေးကို အကြမ်းဖက်ရယူမလား ငြိမ်းချမ်းစွာရယူမလား ဂျက်စတစ်လိ မန်ဘာတွေ ရွေးချယ်ဖို့ကြုံလာတဲ့အခါ ဘယ်ဘက်ကိုရွေးကြမလဲ။လူတိုင်းဟာ ဒုတိယအခွင့်အရေးနဲ့ တန်မတန်ဆိုတာကို ဘယ်လိုဖြေကြမလဲပေါ့။ဒီ ကာတွန်းဟာ မူရင်း injustice လောက် မပြည့်စုံပေမယ့် ကျောရိုးချင်း တူတာမို့ အပမ်းဖြေဖို့အတွက် လုံလောက်မှာပါ။ File size… 1.1 Gb / 500 Mb Quality….BluRay 1080p / 720p Format…mkv Duration….01:10:00  Subtitle….Myanmar Subtitle (Hardsub) Encoder…. Mr. Anderson Translated by Mr. Anderson
movie

Injustice 2021

Fear Street: Part Three – 1666 (2021) 7.1
Fear Street: Part Three – 1666 (2021) Fear Street: Part Three - 1666 (2021)==========================အရမ်းမိုက်တဲ့ Netflix horror ဇာတ်ကားရဲ့အပိုင်း(၃) ဖြစ်ပါတယ်ဇာတ်လမ်းကတော့... ၁၉၉၄ ခုနှစ် အမေရိကန်နိုင်ငံမှာ ဆန်နီဗေးလ်နဲ့ ရှိတ်ဒီဆိုဒ်လို့ အမည်ရတဲ့ဘေးချင်းကပ်မြို့နှစ်မြို့ရှိကြတယ်...ထူးခြားတာက ဆန်နီဗေးလ်ဟာ သာယာဝပြောပြီး စီးပွားဖြစ်သလောက် ရှိတ်ဒီဆိုဒ်ကတော့ စုတ်ပြတ်နုံချာနေပြီး လူသတ်မှုတွေလည်းခဏခဏဖြစ်လေ့ရှိတာပါပဲ...အပိုင်းတစ်မှာတော့ ရှိတ်ဒီဆိုဒ်မြို့ခံချစ်သူစုံတွဲ ဒီနာနဲ့ဆမ်မှာ  ဆမ်က ဆန်နီဗေးလ်ကိုပြောင်းသွားတဲ့ကိစ္စနဲ့သူတို့ လမ်းခွဲကြရာက မထင်မှတ်ထားတဲ့ဖြစ်ရပ်ကြောင့် သူတို့နောက်ကို လူသတ်သမားတွေလိုက်လာတာကိုရှူစားရမှာဖြစ်ပြီး . အပိုင်းနှစ်မှာတော့  ၁၉၇၈ ခုနှစ် နိုက်ဝင်းကမ့်စခန်းမှာဖြစ်ပွားခဲ့တဲ့ လူသတ်မှုတွေအကြောင်းပိုထဲထဲဝင်ဝင်ပြသထားတာဖြစ်ပြီး မြို့ရဲ့သမိုင်းကြောင်း ပိုရုပ်လုံးပေါ်လာတာကို ကြည့်ရှူခံစားရမှာဖြစ်ပြီး၊အခုဇာတ်သိမ်းပိုင်းမှာတော့ ၁၆၆၆ ခုနှစ်တုန်းက ဆာရာဖီအာရဲ့ဇာတ်ကြောင်းကိုကြည့်ရှူရမှာဖြစ်ပါတယ်။သူကတကယ်ပဲစုန်းမလား ဘာတွေဖြစ်ခဲ့တာလဲ ကျိန်စာကတကယ်လားဆိုတာကို ဒီနာတို့နဲ့အတူ လိုက်ပါဖော်ထုတ်လိုက်ကြပါဦးဗျာ . . .(စုစုပေါင်း Part 1(1994), Part 2 (1978), Part 3 (1666) - Trilogy ...
movie

Fear Street: Part Three – 1666 (2021)

2021
Fear Street Part Two: 1978 (2021) 6.8
Fear Street Part Two: 1978 (2021) Fear Street Part Two: 1978 (2021)=========================IMDb Rating - 6.8/10အရမ်းမိုက်တဲ့ Netflix horror ဇာတ်ကားရဲ့အပိုင်းနှစ်ဖြစ်ပါတယ်ဇာတ်လမ်းကတော့... ၁၉၉၄ ခုနှစ် အမေရိကန်နိုင်ငံမှာ ဆန်နီဗေးလ်နဲ့ ရှိတ်ဒီဆိုဒ်လို့ အမည်ရတဲ့ ဘေးချင်းကပ်မြို့နှစ်မြို့ရှိကြတယ်...ထူးခြားတာက ဆန်နီဗေးလ်ဟာ သာယာဝပြောပြီး စီးပွားဖြစ်သလောက် ရှိတ်ဒီဆိုဒ်ကတော့ စုတ်ပြတ်နုံချာနေပြီး လူသတ်မှုတွေလည်းခဏခဏဖြစ်လေ့ရှိတာပါပဲ...အပိုင်းတစ်မှာတော့ ရှိတ်ဒီဆိုဒ်မြို့ခံချစ်သူစုံတွဲ ဒီနာနဲ့ဆမ်မှာ ဆမ်က ဆန်နီဗေးလ်ကိုပြောင်းသွားတဲ့ကိစ္စနဲ့ သူတို့လမ်းခွဲကြရာက မထင်မှတ်ထားတဲ့ဖြစ်ရပ်ကြောင့် သူတို့နောက်ကို လူသတ်သမားတွေလိုက်လာတာကိုရှူစားရမှာဖြစ်ပြီးအခုအပိုင်းနှစ်မှာတော့ ၁၉၇၈ ခုနှစ် နိုက်ဝင်းကမ့်စခန်းမှာဖြစ်ပွားခဲ့တဲ့ လူသတ်မှုတွေအကြောင်း ပိုထဲထဲဝင်ဝင်ပြသထားတာဖြစ်ပြီး မြို့ရဲ့သမိုင်းကြောင်း ပိုရုပ်လုံးပေါ်လာတာကို ကြည့်ရှူခံစားရမှာပါအများကြီးပြောပြနေရင် spoil သလိုဖြစ်သွားမှာစိုးလို့ ကိုယ်တိုင်ပဲဲကြည့်ရှူခံစားကြည့်လိုက်ပါလို့(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ဖြစ်ပါတယ်။)Quality – 1080p, 720p WebRipDuration - 1h 47minSubtitle – Myanmar HardsubFormat – Mp4Genre : Horror, MysterySource : 1080p.WebRipTranslator ...
movie

Fear Street Part Two: 1978 (2021)

2021
Fear Street Part One: 1994 (2021) 6.5
Fear Street Part One: 1994 (2021) Fear Street Part One: 1994 (2021)=========================IMDb Rating - 6.5/10အရမ်းမိုက်တဲ့ Netflix horror ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ R.L. Stine ရဲ့ Best-Selling Fear Street Book Series ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး။Part -1(1994), Part - 2(1978), Part -3(1666) ဆိုပြီး ၃ကားတွဲ တစ်ပတ်ခြားစီဆက်တိုက်ထွက်လာမယ့် Trilogy Event လည်းဖြစ်ပါတယ်။ဇာတ်လမ်းကတော့... ၁၉၉၄ ခုနှစ် အမေရိကန်နိုင်ငံမှာ ဆန်နီဗေးလ်နဲ့ ရှိတ်ဒီဆိုဒ်လို့ အမည်ရတဲ့  ဘေးချင်းကပ်မြို့နှစ်မြို့ရှိကြတယ်... ထူးခြားတာက ဆန်နီဗေးလ်ဟာ သာယာဝပြောပြီး စီးပွားဖြစ်သလောက် ရှိတ်ဒီဆိုဒ်ကတော့စုတ်ပြတ်နုံချာနေပြီး လူသတ်မှုတွေလည်းခဏခဏဖြစ်လေ့ရှိတာပါပဲ...ဒီနာနဲ့ ဆမ်က ရှိတ်ဒီဆိုဒ်မြို့ခံ ချစ်သူစုံတွဲလေးပေါ့၊ ဆမ်က ဆန်နီဗေးလ်ကိုပြောင်းသွားတဲ့ကိစ္စနဲ့ သူတို့ လမ်းခွဲစကြရာကမမျှော်လင့်ထားတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပြီး သူတို့နောက်ကို လူသတ်သမားတွေလိုက်လာတဲ့အခါမှာတော့...သူတို့မြို့လေး တကယ်ပဲကျိန်စာသင့်နေတာလားဆိုတာ ကြည့်ရှူခံစားရမှာဖြစ်ပါတယ်။တော်တော်လေးကို ဇာတ်ရှိန်မြင့်ပြီးကြည့်လို့ကောင်းပါတယ်။July 9 ...
movie

Fear Street Part One: 1994 (2021)

2021
Come Play (2020) 5.7
Come Play (2020) Come play (2020)==============IMDb Rating - 5.7/10Horror ချစ်သူတွေအတွက် ကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးတင်ဆက်ပေးပါရစေ။ဇာတ်လမ်းအကျဉ်းကတော့ အိုလီဗာက အော်တစ်ဇင်ဖြစ်နေတဲ့ကောင်လေးပါ၊ စကားပြောနိုင်အောင်ကုထုံးခံယူနေရပြီး ဖုန်းနဲ့တစ်ဆင့်ပဲ လူတွေကို ပြောဆိုဆက်ဆံပါတယ်။ကျောင်းမှာ သူငယ်ချင်းလည်းမရှိတာကြောင့် အတော်အထီးကျန်ရှာပြီး အမြဲကာတွန်းပဲဲကြည့်နေတတ်ပါတယ်၊တနေ့မှာတော့ သူ့ဖခင်ဖြစ်သူ အလုပ်ကနေ ယူလာတဲ့ tablet တစ်လုံးကတစ်ဆင့် မူမမှန်တဲ့သဘာဝလွန် အရာတစ်ခုထွက်ပေါ်လာပြီး အိုလီဗာကို အန္တရာယ်ပေးလာတဲ့အခါမှာတော့ . . . ၂၀၁၇ မှာထွက်ရှိခဲ့တဲ့ ရုပ်ရှင်ဇာတ်လမ်းတိုကိုကျောရိုးယူထားပြီး ရိုက်ကူးထားကာ IMDb Rating အနေနဲ့ 5.7/10 ရရှိထားပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRipDuration - 1h 36minSubtitle – Myanmar HardsubFormat – Mp4Genre : Drama, Horror, MysterySource ...
movie

Come Play (2020)

2020
Magic Camp 2020 6.3
Magic Camp 2020 Magic Camp ဆိုတဲ့ ဇာတ်​လမ်​း​လေးက​တော့ အံသြစရာ ရင်​ခုန်​စရာ​ကောင်​းလှတဲ့ မျက်​လှည်​့​လေး​တွေနဲ့ မျက်​လှည်​့ပညာရှင်​ လူငယ်​​တွေကြားက ဟာသအလွဲ​လေး​တွေကို ကြည်​့ရှုရမယ်​့ ဇာတ်​လမ်​း​လေးပဲဖြစ်​ပါတယ်​။ မျက်​လှည်​့ပညာရှင်​ဖြစ်​ချင်​ကြတဲ့ က​လေး​တွေအတွက်​ ဖွင်​့လှစ်​​ပေးထားတဲ့ ​နွေရာသီ စခန်​းချသင်​တန်​း​လေးတစ်​ခု..... အဲ့ဒီ့ ​နွေရာသီမျက်​လှည်​့သင်​တန်​း​ကျောင်​းကို ရာက်​လာကြတဲ့ သင်​တန်​းသား​လေး​တွေက​တော့.... ဖခင်​ဖြစ်​သူဆုံးပါးသွားပြီး​နောက်​ ဖခင်သင်​​ပေးခဲ့တဲ့ မျက်​လှည်​့ပညာကိုလူမသိ​အောင်​​လေ့ကျင်​့ရင်​း ဖခင်​ကိုတမ်​းတ​နေတဲ့ သီအို မိဘ​တွေရဲ့ဂရုစိုက်​မှုမခံရဘဲ အ​ဝေးပို့ခံရတဲ့အတွက်​ စိတ်​မပါဘဲစခန်​းကို​ရောက်​လာတဲ့ ဂျနဲလ်​ ဓာတ်​မတည်​့တဲ့အရာ​တွေများစွာ​ကြောင်​့ ကျန်​းမာ​ရေးမ​ကောင်​း​ပေမဲ့ သချင်္ာသိပ်​​တော်​တဲ့ ​နေသန်​ နာမည်​ကြီးမျက်​လှည်​့ပညာရှင်​ဖြစ်​တဲ့ဖခင်​ရဲ့​မျှော်​လင်​့ချက်​ကို မလွန်​ဆန်​နိုင်​တဲ့အတွက်​ ဝါသနာမပါတဲ့မျက်​လှည်​့သင်​တန်​းကို​ရောက်​လာရတဲ့ ဂျဒ်​ တို့ပဲဖြစ်​ပါတယ်​။ သူတို့​လေး​တွေကို သင်​ကြား​ပေးဖို့ မျက်​လှည်​့ပညာမှာထူးချွန်​​ပေမယ်​့ စင်​မြင်​့ထက်​ပြသဖို့စွန်​့လွှတ်​ခဲ့တဲ့ အန်​ဒီနဲ့ အန်​ဒီ့ကို သစ္စာ​ဖောက်​ခဲ့တဲ့ ထိ်ပ်​တန်​းမျက်​လှည်​့ပညာရှင်​့ ခရစ်​တီးနားတို့ကို တာဝန်​အ​ပေးခံရတဲ့အခါမှာ​တော့ သူတို့ရဲ့ Magic camp ​လေး ဘယ်​လို အသက်​ဝင်​လှုပ်​ရှားသွားမလဲ ? က​လေး​တွေရဲ့ ​ပေါက်​ကရအပြုအမူ​တွေကို အန်​ဒီနဲ့ ခရစ်​တီးနားတို့ ...
movie

Magic Camp 2020

I Used to Go Here (2020) 5.6
I Used to Go Here (2020) ကိတ်ဟာ စာအုပ်သစ်ထုတ်ဝေလိုက်တာမကြာသေးတဲ့ ငယ်ရွယ်တဲ့စာရေးဆရာမပါ။သူ့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ဝတ္ထုရေးဆရာမ ဖြစ်ခဲ့ပေမယ့်သူ့စာအုပ်ဟာသူထင်သလောက်ရောင်းအားမကောင်းခဲ့ပါဘူး။သူ့ထုတ်ဝေသူကလည်း သူ့စာအုပ်မိတ်ဆက်ပွဲတွေကိုဖျက်လိုက်ပါတယ်။သူ့ရည်းစားကလည်းသူနဲ့မနေတော့တဲ့ဆက်ဆံရေးမျိုးပါ။တစ်ရက်တော့ သူတက်ခဲ့တဲ့ကောလိပ်က ပရော်ဖက်ဆာကကျောင်းမှာစာဖတ်ပွဲလေးလာလုပ်ဖို့ ကမ်းလှမ်းပါတယ်။ဒါနဲ့ သူ့ကိုစာရေးဆရာဖြစ်အောင် အားပေးခဲ့တဲ့ပရော်ဖက်ဆာရဲ့စကားကြောင့်ကောလိပ်ရှိတဲ့မြို့လေးကို ခဏပြန်လာခဲ့ပါတယ်။ပြီးတော့ သူတည်းတဲ့အိမ်ရှေ့က သူကျောင်းသူဘဝကနေခဲ့တဲ့အိမ်ဖြစ်ပြီးကျောင်းသားလေးတွေနေနေတဲ့အတွက် အိမ်ကိုသွားလည်ရင်းဇာတ်လမ်းလေးတွေစကြတာပေါ့။ပေါ့ပေါ့ပါးပါးဇာတ်မြူးလေးတစ်ကားပါ။ File Size : ( 823 MB , 258 MB) Quality : WEB Rip 720p Running Time : 1 hr 20 min Format : Mp4 Genre : Comedy , Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Moe Lay Encoded by ...
movie

I Used to Go Here (2020)

Bad Milo (2013) 5.7
Bad Milo (2013)   Bad Milo ဇာတ်ကားလေးကတော့ Director:Jocob Vaughan ရိုက်ကူးထားသမျှဇာတ်ကားတွေထဲမှ ထူးခြားတဲ့ ဇာတ်ကားလေးတစ်ကားလည်းဖြစ်ပါတယ်။> IMDb Rating 5.7/10ဒီဇာတ်ကားထဲမှာဆိုရင်တော့ Duncan ဟာဆိုရင်တော့ အစာအိမ်ရောဂါကြောင့် အမြဲစိတ်ဖိစီးနေတတ်သူဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူ့ရဲ့ရောဂါဟာပိုဆိုးလာတာကြောင့် Gastroenterologist နဲ့ပြသဖို့ ရက်ချိန်းယူခဲ့ပါတယ်။ ဆရာဝန်များက စမ်းသပ်ရှာဖွေစဉ်မှာဆိုရင်တော့ polyp လို့ခေါ်တဲ့ ကြီးမားတဲ့အရာကြီးကို သူ့အူလမ်းကြောင်းမှာ တွေ့ခဲ့ရပါတယ်။ ထိုသို့တွေ့သည့်နောက်မှာပဲ အရွယ်အစားနှစ်ပေလောက်ရှိသော အကောင်တစ်ကောင်က သူ့စအို မှထွက်လာကာ ဆရာဝန်ကို တိုက်ခိုက်ခဲ့ပါတယ်။ အဲ့သတ္တဝါလေးဟာဆိုရင်တော့ သူ့ရဲ့ဗိုက်ထဲမှာ ထူးဆန်းစွာ ကပ်တွယ်နေတာဖြစ်ပါတယ်။ အဲ့သတ္တဝါလေးရဲ့နာမည်ကတော့ မိုင်လို ဖြစ်ပါတယ်။ အဲ့သတ္တဝါလေးက တစ်ကယ်ကော အန္တရာယ်ရှိတာလား ဒါမှမဟုတ် သနားဖို့ကောင်းလားဆိုတာကတော့ ဇာတ်လမ်းလေးထဲမှာဆက်လက်ရှု့စားကြပါတော့...။ဒီဇာတ်ကားလေးကတော့ ၂၀၁၃မှာ ထွက်ရှိခဲ့တဲ့ Comedy, Horror ဇာတ်ကားလေးတစ်ကားဖြစ်သည့်အပြင် IMDb ကလည်း 5.7 ရရှိထားတာဆိုတော့ ကြည့်ရှု့သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။File size…(800 MB) and (350 MB) Quality…BR-Rip 720p IMDb Rating... 5.7/10 Format…mp4 Duration….01:24:09 Subtitle….Myanmar Subtitle (Hardsub) Encoded by Naing Aung Latt
movie

Bad Milo (2013)

2013
Life of the Party (2018) 5.4
Life of the Party (2018) Spy ဆိုတဲ့ ဟာာသကားကို ကြည့်ဖူးရင် ဒီဇာတ်ကားထဲက မင်းသမီး Melissa ကိုသိကြမှာပါ။ သရုပ်ဆောင်တဲ့နေရာမှာ ပိုင်နိုင်လွန်းလို့ သူ့ရဲ့ဇာတ်ကားတစ်ကားကြည့်ရုံနဲ့သူ့ကိုမှတ်မိနေမှာပါ။ အခုဇာတ်ကားကလည်း ဟာသကားတစ်ကားဖြစ်ပြီးတော့ ဒီယာနာဆိုတဲ့ ကလေးအမေတစ်ယောက်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းပြောရရင်တော့ဒီယာနာတို့လင်မယားနှစ်ယောက်ဟာ ၂၆ နှစ်ကြာအိမ်ထောင်သက်တန်းရှိခဲ့ကြပါတယ်။ တစ်ရက်မှာတော့ သူ့ရဲ့ခင်ပွန်းဖြစ်တဲ့သူက ရုတ်တရက်ကြီး သူ့ကိုကွာရှင်းဖို့ တောင်းဆိုလာပါတယ်။ မမျှော်လင့်ထားတာတွေ ရုတ်တရက်ဖြစ်လာပြီး ချက်ချင်းဆိုသလို တခုလတ်ဖြစ်သွားတဲ့ ဒီယာနာဟာ သူမရဲ့ မိဘအိမ်ကို ပြန်ရောက်သွားပါတော့တယ်။ အဲဒီအချိန် သူ့သမီးဖြစ်တဲ့ မယ်ဒီက တက္ကသိုလ်နောက်ဆုံးနှစ် ကောလိပ်ကျောင်းသူဖြစ်နေပါပြီ။ ဒီယာနာက ကျောင်းမပြီးခဲ့ပါဘူး။ သူတက္ကသိုလ်နောက်ဆုံးနှစ်မှာ သူ့သမီးလေးကို မွေးရတော့မှာဖြစ်တဲ့အတွက်ကြောင့် ငွေစုရမှာမို့လို့ ကျောင်းကနေထွက်ခဲ့တာပါ။ ဒါနဲ့ပဲ သူ့ဘဝတစ်လျှောက်လုံးမှာ သူ့သမီးကပဲ သူ့အတွက်ဘဝတစ်ခု ဖြစ်နေခဲ့တာပေါ့။ သူ့သမီးလေးကို ပြုစုပျိုးထောင်ပေးရင်းနဲ့နောက်ဆုံးနှစ်ရောက်တော့မှ ယောက်ျားစွန့်ပစ်တာခံရပြီး မိဘအိမ်ကို ပြန်ရောက်သွားတာပေါ့။ အရင်က ယောက်ျားကိုပဲ ဦးစားပေးခဲ့တဲ့အတွက် ယောက်ျားကစွန့်ပစ်သွားတဲ့အချိန် သူ့ရဲ့ဘဝမှာ သူ့အတွက်ဘာဆိုဘာမှ မကျန်တော့တဲ့အထိ ...
movie

Life of the Party (2018)

2018
Seeking a Friend for the End of the World(2012) 6.7
Seeking a Friend for the End of the World(2012) Seeking a Friend for the End of the World(2012)IMDb....6.7၃ပတ်အတွင်းမှာကမ္ဘာကြီးကဂြိုလ်ဆိုင်တစ်ခုနဲ့တိုက်မိပြီး ကမ္ဘာပျက်တော့မယ်တဲ့ နောက်ဆုံးအချိန်လိုဖြစ်နေတဲ့ (၃)ပတ်မှာ ခင်ဗျားဆိုရင်ရောဘာတွေဆက်လုပ်မိမှာပါလိမ့်.... Dodgeဆိုတဲ့အာမခံဝန်ထမ်းတစ်ယောက်အတွက် အဲ့ဒီသ တင်းကြေငြာ ကု ိကြားလိုက်ရတော့ ခဏတာ သွေးပျက်သွားတယ် တိုက်တိုက် ဆိုင် အဲ့ဒီအချိန်မှာ သူ့မိန်းမကလည်းထားသွားခဲ့တယ်.... ဒါပေမယ့်သူ့ဘဝကိုသူပုံမှန်ဆက်သွားဖို့ကြိုးစားတယ် ... Pennyဆိုတဲ့ကောင်မလေး သူ့မိသားစုဆီသွားဖို့ နောက်ဆုံးလေယာဉ်ကိုလွတ်သွားတယ်...ကမ္ဘာကြီးကလည်း(၃)ပတ်အတွင်း ပျက်သုန်းသွားနိုင်သတဲ့... သူတို့၂ယောက်ကအိမ်နီးချင်းတွေ... (၃)ပတ်ဆိုသောကာလလေးမှာ သူတို့(၂)ယောက်ဟာ ဘယ်လိုဖြတ်သန်းကြမလဲ.... ... ဒီကားထဲကဟာသမင်းသားကြီးး Steve Carell  နဲ့ မင်းသမီးချော Keira Knightleyကိုတော့ထွေထွေထူးထူးမိတ်ဆက်ပေးစရာမလိုဘူးထင်ပါတယ်... ဟာသဟန်တွေနဲ့ ဘဝနေနည်းတစ်ချို့ကိုအချိန်ကိုက်ပြသွားတဲ့ကားလေးမို့ ကြည့်လိုက်ပါဦးလို့.........ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ညီမငယ်JtheKoala ဖြစ်ပါတယ်..File Size : (869 MB) and (335 MB) Quality : Blu-Ray 720p Format…mp4 Duration…01:41:00 Genre : Adventure, Drama, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by JtheKoala Encoded by ...
movie

Seeking a Friend for the End of the World(2012)

Ibiza (2018) 5.1
Ibiza (2018) MBD rating 5.1/10 Rotten tomatoes 72%Ibizaကို မေလ ၂၅တုန်းက Netflixမှာပြခဲ့တာပါဒါရိုက်တာ Alex Richanbandရိုက်တဲ့အမေရိကန်အချစ်ဟာသကားလေးရဲ့ဇာတ်လမ်းပုံစံကတော့ နယူးရော့ခ်မှာနေနေတဲ့မိန်းကလေး ဟပ်ပါက ဘာစီလိုနာကို အလုပ်ကိစ္စနဲ့အလွှတ်ခံရတာပါအဲ့ခရီးစဉ်ကို ပါတီတက်ရတာကြိုက်တဲ့သူ့အခင်ဆုံးသူငယ်ချင်းနှစ်ယောက်လည်း အတူပါသွားတယ်ဟိုရောက်တော့ ဟပ်ပါတစ်ယောက် ပါတီတစ်ခုကDJ အလန်းလေးကိုတွေ့ပြီး ခိုက်သွားပါလေရောအဲ့နောက်မှာတော့ သူစိတ်ဝင်စားသွားတဲ့ DJနောက်ကိုလိုက်ရင်း ဘာတွေဆက်ဖြစ်မလဲပေါ့... ??ပါတီတွေလိုက်တက်တဲ့ ကားဆိုတော့ ဒီကားလေးမှာEDM သီချင်းအလန်းတွေ နာမည်ကြီးနေတဲ့သီချင်းကောင်းတွေကို ကြားရမှာပါ18+ လေးလည်းနည်းနည်းပါတယ်နော် :3 (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Phyu Khin  ပါ) File Size : (750 MB) and (350 MB) Quality : WEBRip 720p Running Time : 1hr 34min Format : Mp4 Genre : Comedy, Romance Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEBRip.x264-STRiFE Translated ...
movie

Ibiza (2018)

2018