Channel Myanmar

Gina Vitori

The Red Tide Massacre (2022) 5
The Red Tide Massacre (2022)  ဒီရေနီဆိုတာကတော့ ပင်လယ်ကမ်းခြေတွေမှာ ရေကိုတောင်အရောင်ပြောင်းစေပြီး ရေနေသတ္တဝါတွေ၊ လူသားတွေအတွက်ပါ အန္တရာယ်ဖြစ်စေလောက်တဲ့ ရေညှိတွေ အဆမတန်များပြားလာတဲ့ဖြစ်စဉ်ပါ။ ဒီကားကတော့ အဲဒီရေညှိတွေကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဟော်ရာရုပ်ရှင်အမျိုးအစားပဲဖြစ်ပါတယ်။ဖလော်ရီဒါမှာ ဒီရေညှိပြဿနာကိုကြုံတွေ့နေရတဲ့အပြင် အယ်လ်ဒေးဗစ်ဆိုတဲ့ အကျဉ်းသားလူသတ်သမားတစ်ယောက်ကလည်း လွတ်သွားပါသေးတယ်။ ကမ်းခြေတွေလည်းပိတ်ထားရပြီး အကုန်ခြောက်ကပ်နေတာပေါ့။ ရဲမှူးဖူလာတို့သားအဖရယ်၊ လော့စ်အိန်ဂျလိစ်ကနေ ဒီကိုပြောင်းလာတဲ့ သတင်းထောက်မလေးရီယိုလီရယ်၊ ရေညှိအကြောင်းသုတေသနလုပ်နေတဲ့ မင်းသားသူငယ်ချင်းတွေရယ်က သူတို့ရဲ့ဖလော်ရီဒါမှာဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့လုပ်ကြတဲ့ဇာတ်လမ်းပါ။ ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by June
movie

The Red Tide Massacre (2022)

Love at First Like (2023) 6.1
Love at First Like (2023)  လက်တလောကမှ မင်္ဂလာပွဲပျက်သွားတဲ့ အဆိုးမြင်ဝါဒီသမား ဂျာနယ်လစ်မလေး ကေစီ နဲ့ အွန်လိုင်းပေါ်က Date app တစ်ခုရဲ့ ဆယ်လီတစ်ဦးဖြစ်တဲ့ မာနကြီးကြီး ခပ်ချေချေ ပါဖြောင့်ဖြောင့် ရိုင်ယန် တို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့လိုင်းပေါ်မှာ မိန်းကလေးတွေအတွက် Date နဲ့ပတ်သတ်ပြီး အကြံဉာဏ်တွေပေးပြီးတော့ ပျိုတိုင်သည်းသည်းလှုပ်ဖြစ်နေတဲ့ ရိုင်ယန် က ယောကျ်ားလေးတွေအတွက် အကြံဉာဏ်တွေနဲ့ အကွက်တွေကို စာအုပ်ထုတ်ဖို့အတွက် ပရိုမိုးရှင်းလုပ်ဖို့ရှိလာတာကနေ မဂ္ဂဇင်းတိုက်တစ်ခုနဲ့ လက်တွဲဖို့ဖြစ်လာတော့ ဂျာနယ်လစ်မလေး ကေစီ နဲ့ ရေစက်ဆုံပြီး ဘယ်လိုမျိုး ကို့ယို့ကားယားနိုင်ပြီး တလွဲတွေနဲ့ ရိုဆန်ကြဦးမလဲဆိုတာကိုတော့......ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.6 GB)/(850 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo
movie

Love at First Like (2023)

You Can’t Escape Me (2023) 5.6
You Can’t Escape Me (2023) တက်သစ်ပန်းချီဆရာမတစ်ဦးဖြစ်သူ အယ်ရင်ကာဗာနဲ့ ရှေ့နေတစ်ဦးဖြစ်သူ ဂျဲရက်ကာဗာတို့ဟာ အိမ်ထောင်ကျခါစလင်မယားတွေပါ။ ဂျဲရက်ဟာ တရားသူကြီးမျိုးရိုးထဲက ဆွေးကြီးမျိုးကြီးတစ်ယောက်ဖြစ်ပေမယ့် အယ်ရင်ကတော့ မိဘနှစ်ပါးလုံးဆုံးပါးသွားပြီဖြစ်ပြီး ကိုယ့်ဒူးကိုယ်ချွန်ဖို့ကြိုးစားနေရတဲ့ ပန်းချီဆရာမတစ်ယောက်ပါ။ ဂျဲရက်ဟာ မိန်းမဖြစ်သူအပေါ်ကိုအရမ်းချုပ်ချယ်ပြီး အချိန်ပြည့် သူ့စိတ်တိုင်းကျ သူထားလိုရာမှာထားလို့ရမဲ့ အရုပ်တစ်ခုအဖြစ် လွှမ်းမိုးချုပ်ကိုင်ချင်သူတစ်ယောက်ပါ။အိမ်ထောင်ကျပြီးနောက်ပိုင်း ယောင်္ကျားဖြစ်သူရဲ့ မနာလို၀န်တိုမှုကြီးမားပုံတွေ၊ အဆိပ်အတောက်ဆန်တဲ့ အပြောအဆို အပြုအမူတွေ၊ အိမ်တွင်းအကြမ်းဖက်မှုတွေကို အယ်ရင်တစ်ယောက် တွေ့ကြုံခံစားလိုက်ရတဲ့အခါမှာတော့ သူ့သူငယ်ချင်းရဲ့အကူအညီနဲ့ ပေါ့လန်းမြို့ကိုပြောင်းပြေးဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ပေါ့လန်းမြို့မှာ အခြေချပြီး ၅လအကြာမှာတောင် အယ်ရင်တစ်ယောက် မလုံခြုံသေးတာကို သိလိုက်ရတဲ့နောက်မှာတော့ သူခံစားနေရတဲ့စိတ်ဒဏ်ရာတွေ၊ ခြိမ်းခြောက်မှုတွေကနေ ဘယ်လိုရုန်းထွက်ဖို့ကြိုးစားမလဲ၊ ဂျဲရက်သူ့မျက်စိရှေ့ကိုပြန်ရောက်လာခဲ့ရင် ပြန်ရင်ဆိုင်ဖို့ရာသူဘယ်လိုကြိုးစားမလဲ၊ ဂျဲရက်ရဲ့လက်ထဲကနေရော သူလွတ်မြောက်နိုင်ပါ့မလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။File size…(1.6 GB)/(820 MB)/(460 Mb) Quality….Webrip 1080p / 720p / 480pFormat…mp4 Duration….01:30:00 Genre...TV Movie, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

You Can’t Escape Me (2023)