Channel Myanmar

Ginny Yang

Do the Right Thing (1989) 8.0
Do the Right Thing (1989)  IMDb 8/10, RT 92% ရရှိထားတဲ့ Comedy/Drama ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Cannes ရုပ်ရှင်ပွဲတော်က ဆုအပါအဝင် ဆုပေါင်း ၂၁ ဆုနဲ့ အော်စကာမှာလည်း nomination ဝင်ခဲ့တဲ့ ဒီ ဇာတ်ကားထဲမှာ ဒါရိုက်တာဖြစ်သူ Spike Lee က မူကီအဖြစ် ကိုယ်တိုင်ပါဝင်ထားတဲ့အပြင် ဆုံးပါးသွားပြီဖြစ်တဲ့ မင်းသားကြီး Danny Aiello ကလည်း ပါဝင်သရုပ်ဆောင်ထားတာပါ။ဘရွတ်ကလင်းက လူမည်းအများစု နေထိုင်တဲ့ ရပ်ကွက်လေးတစ်ခုမှာ အမေရိကန်-အီတလီ လူဖြူဖြစ်သူ ဆယ်လ်က သားနှစ်ယောက်နဲ့အတူ ပီဇာဆိုင်လေးဖွင့်ထားပါတယ်။ သူတို့လူမျိုးတူတွေရှိတဲ့ရပ်ကွက်မှာ သွားဖွင့်လို့ရပေမဲ့ တခြားပီဇာဆိုင်တွေ ရှိနှင့်နေပြီးတာမို့ လူမည်းတွေရှိတဲ့ ရပ်ကွက်ထဲ ဖွင့်ထားခဲ့တာဖြစ်ပြီး ခေတ်အဆက်ဆက်က လူမည်းတွေကပဲ သူ့ဆိုင်ကို အားပေးလာခဲ့ကြတာပါ။ သူ့ဆိုင်မှာ သူ့သားနှစ်ယောက်အပြင် မူကီဆိုတဲ့ လူမည်းကောင်လေးကိုလည်း ပီဇာ‌တွေ လိုက်ပို့ဖို့ ခန့်ထားပါသေးတယ်။ မူက ကတော့ သူ့သားအကြီးကောင်နဲ့ ...
movie

Do the Right Thing (1989)

It Could Happen to You (1994) 6.4
It Could Happen to You (1994) IMDb-6.4 ~ Rt-71%ဒီရုပ်ရှင်ကားကတော့ 1984 ခုနှစ်မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကို ကျောရိုးယူထားတဲ့ ကားလေးပဲဖြစ်ပါတယ်။မင်းသားကြီး Nicolas Cage နဲ့ မင်းသမီး Bridget Fonda တို့ပါဝင်သရုပ်ဆောင်ထားပြီး old but goldရုပ်ရှင်ကားကောင်းလေးတစ်ကားလို့ပြောရမှာပါ။ ဇာတ်လမ်းအကျဉ်း‌ကတော့ ရဲအရာရှိ ချာလီ လန်း (Nicolas Cage) ဟာမျူရီရယ် လန်း (Rosie Perez) ကိုလက်ထပ်ပြီးအိမ်ထောင်ဦးစီးကောင်းတစ်ယောက်အနေနဲ့ရောတာပွန်ကျေပွန်တဲ့ ‌ရဲအရာရှိတစ်ယောက်အနေနဲ့ပါနယူးယော့ခ်မြို့ ကွင်းစ်မှာနေထိုင်နေပါတယ်။ မိန်းမဖြစ်သူ မျူရီရယ် ကတော့ သာမာန်ဘဝကိုတင်မကျေနပ်နိုင်ပဲ ပိုကောင်းတဲ့နေရာမှာနေချင်သူတစ်ယောက်ပါ။ဒါကြောင့်လည်း ချာလီဘာပဲလုပ်လုပ်အမြဲမကျေနပ်နိုင်ဘဲ လင်မယားနှစ်ယောက်ကြားအမြဲတကျက်ကျက်ဖြစ်နေရပါတယ်။ အီဗွန်း ဘီရာဆီ (Bridget Fonda) ကတော့သာမာန်စာပွဲထိုးမလေးဖြစ်ပြီး ‌ယောင်္ကျားဖြစ်သူအက်ဒီက သူ့ဘဏ်ကတ်ထဲက ပိုက်ဆံတွေကိုအကုန်ထုတ်သုံးလိုက်လို့ အကြွေးများစွာတင်ပြီးဒေဝါလီခံထားရသူပါ။ တစ်နေ့မှာ အိပ်မက်တစ်ခုကြောင့် မျူရီရယ်က ချာလီကိုထီလက်မှတ်ဝယ်ခိုင်းခဲ့ပြီးအပြန်မှာ ချာလီတစ်ယောက်အီဗွန်းအလုပ်လုပ်နေတဲ့ စားသောက်ဆိုင်မှာကော်ဖီဝင်သောက်ခဲ့ပါတယ်။အီဗွန်းရဲ့ အခြေအနေကိုရိပ်စားမိသွားတာကြောင့်တာဝန်သိရဲတစ်ယောက်အနေနဲ့ ဘောက်ဆူးပေးဖို့လုပ်ရင်းကနေပိုက်ဆံအပိုမပါတော့လို့ ထီပေါက်ခဲ့ရင် ပေါက်တဲ့ငွေကိုတစ်ဝက်ခွဲပေးမယ်ဆိုတဲ့ ကတိပေးပြီး ပြန်လာခဲ့လိုက်ပါတော့တယ်။နောက်ရက်မှာတော့ ချာလီဝယ်လာခဲ့တဲ့ ထီစာရွက်ကနေဒေါ်လာ (၄)သန်းတန် ထီဆုကြီးပေါက်သွားခဲ့ပြီးသူပေးခဲ့တဲ့ ကတိကိုတည်ဖို့ ...
movie

It Could Happen to You (1994)