Channel Myanmar

Gisa Flake

The Ordinaries (2022) 6.7
The Ordinaries (2022)  ဘဝမှာ ခင်ဗျားကအရံလူတစ်ယောက် ဖြစ်နေတယ်ဆိုရင် ခင်ဗျားကအရေးပါတဲ့သူ တစ်ယောက်ဖြစ်ဖို့ကြိုးစားမလား ဒါမှမဟုတ် အမေ့လျော့ခံဘဝလေးမှာပဲ ရှင်သန်သွားမလား ဒီ Ordinariesဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကရုပ်ရှင်လောကရဲ့ဇာတ်ကောင်သုံးမျိုးဖြစ်တဲ့ အဓိကဇာတ်ဆောင်တွေ ဇာတ်ပို့ဇာတ်ရံတွေ အပယ်ခံတွေရဲ့အကြောင်းကို အဓိကဇာတ်အိမ်တည်ထားပြီးဒါရိုက်တာSophie Linnenbaumက ရိုက်ကူးပုံဖော်ထားပါတယ် ဒီဇာတ်ကားကrating 6.7/10 အထိရရှိထားပြီး ဂျာမနီနိုင်ငံရဲ့သရုပ်ဆောင် အကျော်အမော်မင်းသမီးဖြစ်တဲ့ Fine Sendel ကအဓိကဇာတ်ဆောင် ပေါ်လာ အဖြစ်သရုပ်ဆောင်ထားပြီး အကောင်းဆုံးမျက်နှာသစ်ဒါရိုက်တာဆု အကောင်းဆုံးနိုင်ငံတကာရုပ်ရှင်ဆု အကောင်းဆုံးရုပ်သံတည်းဖြတ်ဆု စတဲ့ဆုပေါင်းများစွာကိုဆွတ်ခူးရရှိထားပါတယ် ဒီဇာတ်ကားမှာ ဇာတ်ပို့ဇာတ်ရံတစ်ယောက်ဖြစ်တဲ့ပေါ်လာဆိုတဲ့ ကောင်မလေးတစ်ယောက် အဓိကဇာတ်ဆောင်ဖြစ်ဖို့ ကြိုးစားရာမှာတွေ့ကြုံရတဲ့ အခက်အခဲတွေ အတားအဆီးတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်ဒီဇာတ်ကားမှာ အဖိနှိပ်ခံလူတန်းစားတစ်ရပ်ဖြစ်တဲ့ အပယ်ခံလူတန်းစားတွေကရုပ်ရှင်တေးသွားတွေကို ဖန်တီးခွင့်မရှိသလို အဓိဇာတ်ဆောင်တစ်ယောက်ဖြစ်ခွင့်လည်းမရှိဘူးလို့ တားဆီးပိတ်ပင်ခံထားရပြီး ကိုယ့်စိတ်ကူးအိပ်မက်တွေကိုလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်မရှိပါဘူး အဓိကဇာတ်ဆောင် တစ်ယောက်ဖြစ်ဖို့အဓိကဇာတ်ဆောင်သင်တန်းကျောင်းမှာ ကြိုးစားနေတဲ့ ပေါ်လာတစ်ယောက်ငယ်ငယ်ကတည်းက စွန့်ပစ်သွားတဲ့ ဖခင်ဖြစ်သူကို လိုက်ရှာရင်း မိမိကအပယ်ခံတစ်ယောက် ဖြစ်နေတာကိုသိရှိသွားတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ ဘယ်လိုအတားအဆီးတွေနဲ့ကြုံတွေ့ရမလဲ ပေါ်လာတစ်ယောက်ကြုံတွေ့လာတဲ့ အတားအဆီးအခက်အခဲတွေကိုကျော်ဖြတ်ပြီး အဓိကဇာတ်ဆောင်တစ်ယောက်ဖြစ်သွားနိုင်ပါ့မလားဆိုတာကို ဒီဇာတ်ကားလေးထဲမှာ ...
movie

The Ordinaries (2022)

Freaks – You’re One of Us (2020) 5.3
Freaks – You’re One of Us (2020) အခုတင်ဆက်မဲ့ဇာတ်ကားလေးကတော့ အက်ရှင်ဒရမ်မာ သိပ္ပံစိတ်ကူးယဉ်ကားလေးပဲ ဖြစ်ပါတယ်။ဝင်ဒီဆိုတဲ့ကောင်မလေးတစ်ယောက်ဟာငယ်ငယ်က ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်တစ်ခုကြောင့် စိတ်ဒဏ်ရာရနေခဲ့ပါတယ်။သူမရဲ့စိတ်ရောဂါသက်သာစေဖို့အတွက် ဆေးကုသမှုတွေခံယူခဲ့နေရင်းနဲ့တစ်နေ့မှာ ထူးဆန်းတဲ့လူတစ်ဦးနဲ့တွေ့ဖို့ အကြောင်းဖန်လာခဲ့တယ်။ပြီးတော့ မထင်မှတ်တဲ့ အကြောင်းအရာတစ်ခုကိုပါသိလိုက်ရတယ်။အဲ့တာကတော့ စိတ်ရောဂါကုဆရာဝန်တွေက လူနာတွေဆီမှာရှိတဲ့သဘာဝလွန်စွမ်းအားတွေကို ပျောက်ကွယ်အောင်လုပ်နေတယ်ဆိုတာပါပဲ။အဲ့ဒီလူက ကုသမှုကို ရပ်ဆိုင်းဖို့သူမကို အကြံပေးခဲ့ပါတယ်။တကယ်တမ်း ဝင်ဒီလည်း ကုသမှုကို ရပ်ဆိုင်းလိုက်ပါ့မလား။အဲ့လိုလုပ်ခဲ့ရင်ကော သူမဆီက သဘာဝလွန်စွမ်းအားတွေကတကယ်ပဲ ပေါ်ထွက်လာပါ့မလားဆိုတာကို ဒီဇာတ်ကားလေးထဲမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ File Size : ( 868 MB , 282 MB) Quality : WEB-DL 720p Running Time : 1 hr 32 min Format : Mp4 Genre : Action , Drama , Fantasy Subtitle : Myanmar Subtitle (Hard ...
movie

Freaks – You’re One of Us (2020)

System Crasher (2020) 8.0
System Crasher (2020) ဒီ System Crasher ဂျာမန်လို system sprenger ဆိုတဲ့ကားလေးIMDB မှာဆို 8.0 နဲ့ Rotten Tomatoes မှာဆိုရင် 92%ထိ ရထားတဲ့ ဂျာမန်ကားလေး။ဆုတွေလည်း အများကြီးရထားတယ်။ဇာတ်လမ်းအကြောင်းမပြောခင် ဒါရိုက်တာ အကြောင်းလေးကနေ စပြောလိုက်အုံးမယ်။ဒါရိုက်တာက Nora Fingscheidt တဲ့။သူက ဂျာမန်အမျိုးသမီး အသက်ကလည်း 37လောက်ပဲ ရှိသေးတယ်။ဒီဇာတ်ကားက သူ့ရဲ့ပွဲဦးထွက်ရုပ်ရှင်။အရင်က သူက Documentary တွေပဲရိုက်တာ။ဇာတ်လမ်းကလည်းသူက ပြဿနာကလေးတွေအကြောင်းဂျာမန်က ကလေးတွေကိုစောင့်ရှောက်ပေးတဲ့ဂေဟာတွေစိတ်ရောဂါကုတဲ့ နေရာတွေမှာ သူတို့အချင်းချင်း ဘယ်လိုပြောတယ်ကလေးတွေကို ဘယ်လိုစောင့်ရှောက်တယ်ဆိုတာကိုသိချင်လို့ လေ့လာရင်းနဲ့ နေရာအများကြီးပြောင်းရတဲ့ကောင်လေးတယောက်ကိုသတိထားမိပြီး ဒီဇာတ်လမ်းလေးဖြစ်လာတယ်။System Crasher ဆိုတာက Menno Baumann က စသုံးခဲ့ပြီးအစကတော့ ပညာရှင်အသိုင်းအဝိုင်းကြားမှာပဲ သုံးပေမယ့်အခုအခါမှာတော့ ဂျာမန်ကလေးစောင့်ရှောက်မှု စနစ်မှာ သုံးတဲ့စကားဖြစ်လာတယ်။အဲဒါကြောင့် ...
movie

System Crasher (2020)

Heritage (2019) 5.5
Heritage (2019) unicodeတက္ကသိုလ်မှာအလုပ်လုပ်နေတဲ့ စီအိုင်အေအေးဂျင့်ဟောင်းတစ်ယောက်ကရှေးဟောင်းရတနာတွေနဲ့အတူ ပျောက်ဆုံးသွားတဲ့သူ့သူငယ်ချင်းကိုရှာဖွေဖို့ တာဝန်ပေးခြင်းခံရပါတယ်။ဂျာမဏီနိုင်ငံအရှေ့ပိုင်းတောင်တဒေသတွေဆီ ပို့ဆောင်ခြင်း ခံလိုက်ရပါတယ်။ရှေးဟောင်းရတနာတွေနဲ့ သူ့သူငယ်ချင်းကိုရှာဖုံတော်ဖွင့်ရင်း ရန်သူမျိုးစုံနဲ့လည်း ကြုံလာရပြန်ပါတယ်။ရတနာတွေကလည်း သူ့မိသားစုအမွေအနှစ်လို့ ပြောလို့ရတဲ့ ရတနာတွေဖြစ်ပါတယ်။အဲဒါတွေနဲ့အတူ အတိတ်ကအကြောင်းအရာတွေပါ မထင်မှတ်ဘဲ သိရှိလာခဲ့ပါတယ်။အတိတ်ကသူ့မိဘတွေနဲ့ ဒီရတနာတွေဟာ ဘယ်လိုဆက်စပ်နေလဲဆိုတာနဲ့ဒီရတနာတွေကို ဘယ်သူတွေက ဘယ်လိုလုယူကြမလဲဆိုတာဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ပါခင်ဗျာ။File Size : ( 733 MB , 225 MB ) Quality : WEB-DL 720p Running Time : 1 hr 18 min Format : Mp4 Genre : Adventure Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Man Aung Encoded by Moe Myint Lwinzawgyiတက္ကသိုလ်မှာအလုပ်လုပ်နေတဲ့ စီအိုင်အေအေးဂျင့်ဟောင်းတစ်ယောက်ကရှေးဟောင်းရတနာတွေနဲ့အတူ ပျောက်ဆုံးသွားတဲ့သူ့သူငယ်ချင်းကိုရှာဖွေဖို့ တာဝန်ပေးခြင်းခံရပါတယ်။ ...
movie

Heritage (2019)