Channel Myanmar

Gisella Marengo

The Son of No One (2011) 5.1
The Son of No One (2011)  ရဲတစ်ယောက်ဖြစ်တဲ့ အဖေဖြစ်သူ ဆုံးပါးသွားပြီးနောက်မှာအဘွားနဲ့အတူ ဆေးသမားတွေပေါတဲ့ပတ်ဝန်းကျင်မှာ နေခဲ့ရတဲ့ဂျွန်နသန်ဝွိုက်တစ်ယောက်... တစ်နေ့မှာ ဆေးသမားတစ်ယောက်ကို မတော်တဆ သေနတ်နဲ့ပစ်သတ်လိုက်မိပြီးသူငယ်ချင်း ဗင်နီ၊ဗစ်ကီတို့နဲ့ အလောင်းကို သွားပစ်လိုက်ပါတယ်၊ဖြစ်ချင်တော့ အဲဒီဆေးသမားကိုသတ်လိုက်တာကို သူတို့တိုက်ကလူတစ်ယောက်က သိသွားပြီး နောက်ရက်မှာ ဂျွန်နသန်ကိုငွေညှစ်ပါတယ်... အဲဒီလူကိုလည်း မတော်တဆလှေကားပေါ်ကတွန်းချမိပြီး ‌သတ်လိုက်မိပါတယ်... ဒီလူသတ်မှုနှစ်ခုကို စုံစမ်းရတဲ့သူကတော့ ဂျွန်နသန့်အဖေရဲ့တွဲဖက်တစ်ယောက်ဖြစ်တဲ့ စုံထောက်စတန်းဖို့ပဲဖြစ်ပါတယ်။စတန်းဖို့က လူသတ်မှုကို ဖုံးပေးပြီး အမှုပိတ်လိုက်ပါတယ်...ဒီလိုနဲ့ နှစ်တွေ အများကြီးကြာပြီးတဲ့နောက်မှာ ဂျွန်နသန်ကလည်းရဲတစ်ယောက်ဖြစ်လာခဲ့ပြီး မိသားစုဘဝလေးနဲ့ အေးချမ်းနေတဲ့အချိန်မှာ အတိတ်ကအရိပ်မည်းကြီးက တစ်ခါပြန်ပေါ်လာပြန်ပါတယ်..အတိတ်ကကိစ္စတွေကို ဂျွန်နသန်တစ်ယောက် ဘယ်လိုဖြေရှင်းမလဲ..အတိတ်ကကိစ္စတွေကို တစ်ခါပြန်ဖော်တဲ့သူကရော ဘယ်သူဖြစ်မလဲ..စုံထောက်စတန်းဖို့ကရော ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေတာလဲ..ဒါတွေကို 2011တုန်းက ထွက်ရှိခဲ့တဲ့ The son of no oneဇာတ်ကားလေးထဲမှာ ကြည့်ရှုအဖြေရှာကြည့်လိုက်ကြပါဦး..  File size…1.61GB / 559MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ..... Action , Crime , Drama Subtitle….Myanmar ...
movie

The Son of No One (2011)

Conan the Barbarian (2011) 5.1
Conan the Barbarian (2011) Conan the Barbarian (2011)ဒီနေ့မှာတော့ အားလုံးရဲ့အချစ်တော် Aquaman မင်းသားကြီး Jason Momoa ရဲ့ 2011 ကထွက်ရှိထားတဲ့ Conan the Barbarian ဆိုတဲ့ဇာတ်ကားကောင်းတစ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ဒီဇာတ်ကားကို ဟိုက်ဘိုရီယန်ခေတ်မှာ အခြေတည်ထားပြီးတော့ ခန့်မှန်းအားဖြင့် BC 14000 ကနေ 9500 ကြားလောက်အချိန်အတွင်းဖြစ်ပါတယ်။ ဟိုက်ဘိုရီယန်ခေတ်မတိုင်ခင် အက်ရှရွန်ခေတ်မှာမှော်ဆရာတွေဟာ သေသူကိုပြန်ဆင့်ခေါ်နိုင်ဖို့ ဘုရင်တွေရဲ့အရိုးတွေကိုသုံးပြီး နတ်ဆိုးတွေစီး၀င်‌နေတဲ့ မျက်နှာဖုံးတစ်ခုကို ဖန်တီးလိုက်ကြပါတယ်။ မျက်နှာဖုံးဟာ စွမ်းအားကြီးလွန်းလို့ အက်ရှရွန်တွေဟာ တစ်ကမ္ဘာလုံးကို အုပ်စိုးသွားနိုင်ခဲ့ပေမယ့် သူတို့ကိုတော်လှန်နိုင်တဲ့ ဘာဘေရီယန်ဆိုတဲ့ မျိုးနွယ်စုတစ်စု ကျန်ရှိနေခဲ့ပါတယ်။ဘာဘေရီယန်တွေဟာ မျက်နှာဖုံးကိုခွဲပစ်လိုက်နိုင်ပြီး မသမာသူတစ်ယောက်ယောက်က အစိတ်အပိုင်းတွေကိုပြန်မဆက်နိုင်အောင် တစ်ပိုင်းချင်းစီကို မျိုးနွယ်စုအသီးသီးဆီဖြန့်ကျက်ထားလိုက်ပါတယ်။ဒါပေမယ့် တစ်နေ့တော့ အပိုင်းအစတွေကိုပြန်စုတဲ့လူတစ်ယောက်ပေါ်လာခဲ့တဲ့အခါ ဇာတ်လိုက်ကျော် Jason Momoa တစ်ယောက် ဘယ်လိုအန္တရာယ်တွေရင်ဆိုင်ရင်း တားဆီးဖို့ကြိုးစားသွားမလဲဆိုတာကို စိတ်၀င်တစားကြည့်ရှုကြရမှာဖြစ်ပါတယ်။ဒီဇာတ်ကားက မင်းသားကြီးအာနိုးရဲ့ Conan the Barbarian (1982) နဲ့နာမည်တူ ခေတ်ပုံစံတွေတူပေမယ့် ဇာတ်လမ်းဆက်စပ်မှုတော့ ...
movie

Conan the Barbarian (2011)

4K HEVC
Criminal (2016) 6.3
Criminal (2016) Criminal (2016)_____IMDb - 6.3/10  မင်းသားကြီး Kevin Costner ရဲ့ ဇာတ်ကြမ်းကားပါ။ IMDb (6.3/10) ရရှိထားပါတယ်။ ဓါတ်ပူးမင်းသား Ryan Reynolds ဟာ CIA အေးဂျင့်တစ်ယောက်ပါ... ကမ္ဘာနဲ့ချီ ဒုက္ခရောက်မယ့် ကိစ္စတစ်ခုမှာ ဝင်ရောက်ကယ်တင်ရင်း မအောင်မြင်ဘဲ ဂန့်သွားပါတယ်.... အဲ့ဒီမပြီးပြတ်သေးတဲ့ကိစ္စကို ဆက်လက်ဆောင်ရွက်ဖို့ သူ့ရဲ့ဦးနှောက်ထဲက မှတ်ဉာဏ်တွေကို လူကြမ်းကြီး Kevin Costner ထဲကို ကော်ပီကူး ရွှေ့ပြောင်းပါတယ်....။ အဲ့ဒီထူးဆန်းတဲ့ကိစ္စကြီးအောင်မြင်သွားမလား... ကမ္ဘာနဲ့ချီဒုက္ခရောက်မယ့်ကိစ္စကြီးရော အောင်မြင်သွားမလား.... လူကြမ်းကြီးရဲ့နှလုံးသားရော နူးညံ့သွားမလားဆိုတာ ရင်တမမကြည့်ရှုရမှာပါ။ Spoil လုပ်ရရင် လူကြမ်းကြီးရဲ့ နှလုံးသားကတော့ မင်းသမီး Gal Gadot (Wonder Woman ) ကြောင့် သေချာပေါက် အရည်ပျော်သွားဖို့ရှိနေပါတယ်...:P ။  File size…(814 MB) Quality…Blu-Ray 720p Format…mp4 Duration….01:53:00 Subtitle….Myanmar Subtitle (Hardsub) Fixed By  Naing Aung Latt Encoded By  Nyeinsaeya Aung
movie

Criminal (2016)

2016