Channel Myanmar

Glenn Ford

Gilda (1946) 7.6
Gilda (1946) Gilda (1946)~ IMDb - 7.6/10, Rotten Tomatoes - 90% ~အကောင်းတကာ့ အကောင်းဆုံးဆိုတဲ့ The Shawshank Redemption ဆိုတဲ့ ထောင်ဖောက်ဇာတ်ကားကို လူကြီးမင်းတို့ အပြန်ပြန်အလှန်လှန် ကြည့်ဖူးကြမယ်ဆိုရင်ပေါ့ဗျာ။ အဲဒီဇာတ်ကားထဲမှာ မိန်းမပျိုလေးတစ်ယောက်က အန်ဒီဆိုတဲ့ ဘူမိဗေဒသမားလေးကို ထောင်ဖောက်ဖို့ ကူညီပေးခဲ့တာ အမှတ်ရမိကြမှာပါ။အန်ဒီရဲ့ အခန်းနံရံက သူတူးထားတဲ့ လိုဏ်ခေါင်းပေါက်ကို အပြုံးလေးနဲ့ ကွယ်ပေးထားတဲ့ မင်းသမီးပိုစတာလေးကို ပြောတာပါလေ။ အဲဒီမင်းသမီးလေးက Rita Hayworth တဲ့။ထောင်မင်းသားတွေကို ရုပ်ရှင်ပြကြတော့ Gilda ဆိုတဲ့ဇာတ်ကားကို အထပ်ထပ် အခါခါ ပြခဲ့ကြတာပေါ့။ မင်းသမီးလေး Rita Hayworth က Gilda ဆိုတဲ့ ကောင်မလေးအဖြစ်နဲ့ ဆံနွယ်လေးတွေကို ဝဲခနဲ ခါလိုက်တဲ့အခါမှာ ထောင်မင်းသား ပရိသတ် ဝေါခနဲ ဖြစ်သွားရတာပေါ့။Red ကတော့ တဖွဖွပြောလေရဲ့။ သူ့ရဲ့ဆံနွယ်လေးတွေ ...
movie

Gilda (1946)

1946
Superman II (1980) 6.8
Superman II (1980) Superman II (1980) =============== IMDb Rating - 6.8/10၁၉၈၀ ကာလက CGI အထူးပြုလုပ်ချက်တွေ မရှိဘဲ ရိုက်ကူးခဲ့တဲ့ ဂန္တဝင်စူပါမန်းကားတွေထဲက အပိုင်း ၂ ဖြစ်ပါတယ်။အပိုင်း ၁ နဲ့ဆက်နေပြီး ...General Zod တို့သုံးဦးကို ခရစ်ပတွန်ဂြိုလ်မှ နှင်ထုတ်ပြီး ကလာ့ခ်ကန့်ခ် ခေါ် စူပါ မန်းလည်း ကမ္ဘာမြေပေါ်မှာအခြေချနေပါပြီ။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ လူသားတွေရဲ့ အာကာသနယ် မြေချဲ့ထွင်ရေးကနေ General Zod တို့ကို ပိတ်လှောင် ထားတဲ့ ထောင်လည်းစွမ်းအားလျော့သွားပြီး လွတ်မြောက် သွားကာ ခရစ်ပတွန်ဂြိုလ်သား စူပါမန်းကို ကလဲံ့စားချေဖို့ ကမ္ဘာမြေကိုအန္တရာယ်ပြုပါတော့တယ်။General Zod တို့ကို ထောင်ဖောက်ပြေးလာတဲ့ လက်စ် လူသာက ပူးပေါင်းကာ စူပါမန်းကို ဒူးထောက်ဖို့အကြပ်ကိုင် ပါတယ်။ အဲဒီတော့ Villain တွေကိုရှင်းလင်းပြီး ကမ္ဘာမြေကို ကယ်တင်ဖို့ စူပါမန်းအပေါ်ပဲတာဝန်ကျလာပါတော့တယ်။ဒီကားက စူပါဟီးရိုးကားဆိုပေမယ့် Comedy , Drama ပုံစံနဲ့ ရိုက်ထားတော့ ဒီဘက်ခေတ်ကားတွေနဲ့ ကြည့်ရတဲ့ အရသာ မတူတာတေ့ာ့ အမှန်ပါပဲ ။#Christopher Reeve(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan ...
movie

Superman II (1980)

1980
Superman I (1978) 7.4
Superman I (1978) Superman I (1978) Extended Cut===============================~ IMDb - 7.4/10, RT - 93%, Meta - 82% ~ဒီခေတ်လို စူပါဟီးရိုးကားတွေ ရေပန်းစားပြီး ဖောချင်းသောချင်းထွက်မလာခင်ခေတ်တုန်းက စူပါဟီးရိုးကားတော်တော်များများဟာ ဒီခေတ်လို CGI Effects တွေ နာမည်ကြီးသရုပ်ဆောင်တွေ တပုံတပင်နဲ့ သိပ်ခမ်းနားချင်မှခမ်းနားမယ်။ သိပ်လည်းမပေါများခဲ့တော့ တစ်ကားဆိုတစ်ကားဆိုသလို ကြည့်လို့ကောင်းခဲ့ပြီး ကျွန်တော်တို့ငယ်ဘဝရဲ့အမှတ်တရတွေဖြစ်ခဲ့ကြတာကိုတော့ ငြင်းမရဘူး။အဲဒီလိုစူပါဟီးရိုးတွေထဲကမှ စူပါမန်းကားတွေလည်း တော်တော်များများထွက်ခဲ့ပေမဲ့ ခရစ္စတိုဖာရိဗ်ရဲ့ပထမဆုံးကားတဖြစ်လဲ ဒီကားက သမိုင်းရဲ့ အခမ်းနားဆုံး စူပါမန်းကားတစ်ကားဆိုတာကတော့ ရုပ်ရှင်သမားတိုင်း လက်ခံထားရမယ့် အမှန်တရားတစ်ခုပဲ။ ဘာလို့ဆို ဒီစူပါမန်းက The Godfather ရဲ့ စာရေးဆရာ ဇာတ်ညွှန်းဆရာ မာရီယိုပူဇိုတစ်ယောက် The Godfather ရိုက်ပြီးတဲ့နောက် ပထမဆုံးဇာတ်ညွှန်းပြန်ရေးခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်တယ်။ Godfather ကြီး မာလွန်ဘရန်ဒိုကိုယ်တိုင်လည်း စူပါမန်းအဖေ Jor-El အဖြစ်သရုပ်ဆောင်ခဲ့တယ်။ ...
movie

Superman I (1978)

1978
Midway (1976) 6.8
Midway (1976) unicodeဒီတစ်ခေါက်တော့ CM ပရိသတ်ကြီးအတွက် Old but Gold ဆိုတဲ့အတိုင်း1976 က စစ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်လမ်းလေးကတော့ ဒုတိယကမ္ဘာစစ်အတွင်းအမေရိကန်နဲ့ ဂျပန် ရဲ့ပစိဖိတ်တိုက်ပွဲတွေထဲက တစ်ခုဖြစ်တဲ့Midway တိုက်ပွဲအကြောင်းရိုက်ကူးထားတာပါ။ဒီတိုက်ပွဲကတော့ ပုလဲဆိပ်ကမ်းတိုက်ခိုက်မှုအပြီးခြောက်လအကြာမှာ Midway ကျွန်းကိုဂျပန်တွေတိုက်ခိုက်ဖို့ စီစဉ်ရာကနေ စတင်တာပါ။ဒီတိုက်ပွဲမှာ ဂျပန်ရေတပ်က အင်အားသာနေပေမယ့်အမေရိကန်စစ်တပ်ဘက်က တိုက်ခိုက်မယ့်နေရာအချိန်တွေကို ကြားဖြတ်နားထောင်ရင်း သိရှိလိုက်ရပါတယ်။ဒါပေမယ့် ဂျပန်တွေက အာရုံပြောင်းချင်လို့ တမင်သတင်းပေးတာလား?တကယ်ပဲ သူတို့ရဲ့ရည်ရွယ်ရင်း အမှန်လား?ဆိုတာသေသေချာချာမသိရတဲ့ အခြေအနေတစ်ခုမှာအမေရိကန်က ဘယ်လိုဆက်လက်စီစဉ်မလဲဆိုတာ စိတ်ဝင်စားစရာပါ။ဒီတိုက်ပွဲဟာ အမေရိကန်နဲ့ ဂျပန်တို့အကြား အဆုံးအဖြတ်ပေးလိုက်တဲ့တိုက်ပွဲလို့တောင်ဆိုကြပါတယ်။လတ်တလော 2019 version ဇာတ်လမ်းလဲထွက်နေပြီမလို့အခု1976က ထွက်ရှိခဲ့တဲ့ ဇာတ်လမ်းကို အရင်တင်ဆက်ပေးလိုက်ပါတယ်။Imdb Rating 6.8/10 Rotten Tomatoes 47% ရရှိထားတဲ့ ဒီကားလေးနာမည်ကတော့ Midway(1976)ပါ။File Size : ( 1 GB , 442 MB )Quality :  BluRay ...
movie

Midway (1976)

1976