Channel Myanmar

Goh Doo-shim

The Preparation (2017) 8.1
The Preparation (2017) The Preparation (2017) အညွှန်းပုံမှန်အားဖြင့် ကင်ဆာနောက်ဆုံးအဆင့်နဲ့ သေရတော့မယ့် လူတစ်ယောက်အနေနဲ့ ဘာကိုအကြောက်ဆုံး၊ စိတ်အပူဆုံးဖြစ်မယ်လို့ ထင်ပါသလဲ? ကိုယ့်ကိုယ်ကိုသာအချစ်ဆုံးဆိုတဲ့ ယေဘုယျလူသားသဘာဝအလျောက် ကိုယ်သေရမယ့်အရေးကိုပဲ ခေါင်းထဲထည့်ကြမှာပါပဲ။ ဒါပေမယ့် ဒီသဘောတရားက ကာယကံရှင်အတွက် ချန်ခဲ့ရမယ့် ချစ်ရသူတွေဆိုတာ ရှိခဲ့ရင်တော့ အနည်းငယ်တိမ်းစောင်းသွားနိုင်ပါတယ်။ စိတ်မနှံ့တဲ့သားဖြစ်သူရဲ့ မိခင်တစ်ယောက်အနေနဲ့ရော ဘယ်လိုစိုးရိမ်ပူပန်ကြောက်ရွံ့မှုမျိုးတွေ ဖြစ်မယ်ထင်ပါသလဲ? အရင်ဆုံး " ငါသေရင် " ၊ " ငါသာသေသွားခဲ့ရင် " ဆိုတာရဲ့ နောက်ကွယ်မှာ ဖြစ်လာနိုင်တဲ့ အကောင်းအဆိုးအားလုံးကို ကြိုတင်ခန့်မှန်းဖို့ ကြိုးစားတာပါပဲ။ ဒီနေရာမှာ ကိုယ်ချန်ခဲ့ရမယ့် မိသားစုဝင်က ဉာဏ်ရည်နိမ့်ပါးသူတစ်ယောက်ဖြစ်နေမယ်ဆိုရင်တော့ ကောင်းကျိုးဆိုတာ ရှားသလောက်ကို မရှိ၊ အဆိုးတွေပဲ ဆက်တိုက်ဖြစ်လာနိုင်တယ်ဆိုတာကို ကောင်းကောင်းနားလည်တဲ့ အင်ဂယူ့အမေကတော့ အရုပ်ကြိုးပြတ်စိတ်ဓာတ်ကျနေမယ့်အစား စွန့်စားရာကျသလို လုပ်သင့်လုပ်ထိုက်တဲ့ အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်ပါတော့တယ်။ ထမင်းချက်၊ ဟင်းချက်၊ အိမ်မှုကိစ္စ‌တွေအပါအဝင် ကိုယ့်အားကိုယ်ကိုးတတ်ဖို့ကအစ လုပ်ငန်းခွင်ဝင်နိုင်ဖို့အထိ မြေတောင်မြှောက်ပေးဖို့ ၆လ၊ တစ်နှစ်သာ အချိန်ရတဲ့အခါမှာတော့ ...IMDb 8.1 ရထားတဲ့ကားမို့လို့ ဇာတ်လမ်းကောင်းမကောင်းကတော့ အထွေအထူးအာမခံစရာလိုမယ်မထင်ပါဘူး။ သရုပ်ဆောင်တွေအနေနဲ့လည်း Kdrama fan တွေနဲ့မစိမ်းတဲ့ Reply 1988, Moon ...
movie

The Preparation (2017)

2017
Everglow (2021) 5.6
Everglow (2021) Everglow (2021)“အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုပါပဲ” ဆိုတဲ့ ဘွားဘွားနဲ့ ကောင်လေးတို့ရဲ့ ဇာတ်လမ်းလေးတစ်ပုဒ်လာပါပြီ :3ဒီဇာတ်လမ်းလေးမှာတော့ ရေငုပ်သမဘွားဘွားနဲ့ ဆိုးလ်ကနေ ရိုက်ကူးရေးလာလုပ်တဲ့ ပီဒီကောင်လေးတို့နှစ်ယောက် ဂျယ်ဂျူဒိုမှာ တွေ့ဆုံကြပြီးချစ်သွားကြတဲ့အကြောင်းလေးကို ပုံဖော်ထားတာပါ။ဇာတ်လမ်းအကျဉ်းကတော့ဂိုဂျင်အို့ဆိုတဲ့ ဘွားဘွားအန်တီက ဂျယ်ဂျူကျွန်းရဲ့အတော်ဆုံးရေငုပ်သမဖြစ်ပါတယ်။ ဒါပေမယ့် သူ့ဘဝဟာ သမီးလေးမရှိတော့တဲ့နောက် အထီးကျန်မှုတွေနဲ့သာပြည့်နှက်နေခဲ့ပါတယ်။ ဒါ့အပြင် အိပ်ရာပေါ်လဲနေတဲ့ ခင်ပွန်းဖြ်စ်သူကို ပြုစုရင်း ၊ တစ်ဖက်မှာလည်း ရေငုပ်သမအနေနဲ့ အသက်မွေးရင်း အထီးကျန်ဆန်စွာဖြတ်သန်းနေခဲ့ရပါတယ်။ဂယောင်ဟွန်းကတော့ ဆိုးလ်ရုပ်သံလွှင့်ဌာနမှာအလုပ်လုပ်နေတဲ့ ပီဒီတစ်ဦးဖြစ်ပြီး ဂိုဂျင်အို့အကြောင်းကို အစီအစဉ်မှာထည့်သွင်းရိုက်ကူးချင်တာကြောင့် ဂျယ်ဂျူဒိုကိုရောက်လာခဲ့သူပါ။ ဒါပေမယ့် ဂိုဂျင်အို့ကတော့ ရိုက်ကူးရေးလုပ်ဖို့ အဆုံးထိငြင်းဆန်နေတဲ့အတွက်ကြောင့် မရရတဲ့နည်းလမ်းအစုံသုံးပြီး ဖြောင်းဖျကြည့်ဖို့ ကြိုးစားတဲ့အခါမှာတော့ သူတို့နှစ်ယောက် ဘယ်လိုနီးစပ်သွားမလဲ ….. တူညီတဲ့စိတ်ဒဏ်ရာရှိတဲ့သူအချင်းချင်း ဘယ်လိုအားပေးရင်း ချစ်မိသွားကြမလဲဆိုတာကို ရသဆန်ဆန်တင်ဆက်ထားတဲ့ ကားကောင်းလေးမို့ မလွတ်တမ်းအားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်…..အညွှန်း နဲ့ ဘာသာပြန်ကတော့ ThantSin ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p | 480p File size… 1.9GB | 857MB | 400MB Format… mp4 Duration…. ...
movie

Everglow (2021)

2021
Good Morning President (2009) 5.9
Good Morning President (2009) Good Morning Presidentထီဆုကြီးပေါက်ပေမယ့် သမ္မတဖြစ်နေတာကြောင့် ဆုငွေကို ယူဖို့ အခက်တွေ့ခဲ့ရတဲ့ သမ္မတ ဂင်ဂျောင်ဟို...ကျောက်ကပ်လှူပေးဖို့ လူအများ​ရှေ့အကူအညီ တောင်းခံခဲ့ရလို့ အကျပ်ရိုက်ခဲ့ရတဲ့ သမ္မတ ချာဂျီဝုနဲ့...အိမ်ထောင်ရေး ကွာရှင်းဖို့ ပြဿနာရင်ဆိုင်ခဲ့ရတဲ့ အမျိုးသမီးသမ္မတ ဟန်ဂယောင်ဂျာ...သူတို့ ၃ဦးရဲ့ မတူညီတဲ့ ခေါင်းဆောင်စိတ်ထား ခံယူချက်တွေနဲ့ ပြည်သူတွေအတွက် အရာရာစွန့်လွှတ်ပြီး ပြည်သူတွေ ပျော်ရွှင်မှုကိုပဲ ရှေ့တန်းတင်ရတဲ့ သမ္မတတစ်​ယောက်ရဲ့ ပျော်ရွှင်မှူဆိုတာကလည်း အရေးကြီးကြောင်းကို...တောင်ကိုရီးယား သမ္မတ (၃)ဆက်နဲ့အတူ နိုင်ငံရေးအရှုပ်တွေကြား သမ္မတစ်ယောက်ရဲ့ personal lifeကို ဟာသလေးတွေ နှောပြီး ရိုက်ကူးထားတဲ့ Political Comedy Movieဖြစ်လို့ ကြည့်ရှုလိုက်ကြရအောင်ပါ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hay Mann Thitsar ပါ )File Size__(1GB) Quality__720p IMDb Rating__5.6/10 Format__mp4 Duration__02:10:00 Type__Comedy, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Hay Mann Thitsar Encoded ...
movie

Good Morning President (2009)

Exit (2019) 7.0
Exit (2019) Exit (2019)IMDb - 7.0/10_____Rotten - 83%    CM Fan တွေအတွက် ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ မကြာသေးမှီ အပတ်တွေက ရုံတင်သွားခဲ့တဲ့ Exit ဆိုတဲ့ ကိုရီးယား ရုပ်ရှင်ဇတ်လမ်း ကို CM က ရုပ်ထွက်အကြည်နဲ့ တင်ဆက်ပေးလိုက်ပါပြီ။ ဇတ်လမ်းပုံစံကတော့... ယောင်နမ် ဆိုတဲ့ အသက်လတ်ပိုင်း အရွယ် လူပျိုကြီးဖြစ်ခါစ တောင်တက်သမားဟောင်း ကနေ ဇတ်လမ်းစရမှာပဲ... အားကစားအလုပ်ကိုသာ စွဲမြဲ လုပ်ပြီး ဘယ်ကောင်မလေးကမှလဲမကြိုက် အလုပ်လဲ မယ်မယ်ရရ မရှိ အင်တာဗျူးတိုင်း မအောင် စိတ်ဓါတ်မကျအောင်နေပြီး အိမ်က အဖေ နဲ့ အမေ ဆီ ကပ်စားနေတဲ့ သူ တစ်ယောက်ပေါ့ :D ယောင်နမ် မှာ အစ်မ တွေ ရှိပြီး အကုန်အိမ်ထောင်ကျကုန်ပေမဲ့ ယောင်နမ် တစ်ယောက်သာ ဂေါ်မစွံ လူပျိုကြီး လုပ်နေပြီး အိမ်ကနေ မခွာနိုင် ဖြစ်နေခဲ့တာပါ....    တစ်ရက်မှာတော့ ယောင်နမ်တို့ အမေ ရဲ့ မွေးနေ့ အဖြစ် ဟိုတယ် တစ်ခုမှာ အခန်းငှားပြီး မွေးနေ့ ...
movie

Exit (2019)

2019
HEVC 1080p
Start-Up 2019 6.3
Start-Up 2019 Start Up (2019) အညွှန်း ******************** imdb 6.3 မင်းသားကြီး Ma Dong Seok ပါဝင်သရုပ်​ဆောင်ထားတဲ့ comedy-drama ကား​လေးတစ်ခုကိုတင်ဆက်​ပေးချင်ပါတယ် ဇာတ်လမ်းထဲမှာ ထယ်အီဆိုတဲ့​​ကောင်​လေးဟာ အထက်တန်း​ကျောင်းကထွက်ပြီး က​​လေက​ချေဖြစ်​နေတဲ့​ ဆယ်​ကျော်သက်အရွယ်​ကောင်​လေးတစ်​ယောက်ပါ ဒီအရွယ်မှာ ဖြစ်တတ်တဲ့သ​ဘာဝအတိုင်း မိခင်ဖြစ်သူနဲ့အဆင်မ​ပြေဖြစ်ကာ အိမ်ကသွားထွက်သွားခဲ့ပါတယ် နောက်​တော့ နေထိုင်စား​သောက်ဖို့အတွက် စား​သောက်ဆိုင်တစ်ဆိုင်မှာဝင်လုပ်ခဲ့ပါတယ် တစ်ချိန်ထဲမှာပဲ ထယ်အီ ရဲ့ မိုက်​ဖော်မိုက်ဖက်သူငယ်ချင်း ဆန်းပယ်ကလည်း အ​ကြွေးရှင်လုပ်ငန်းတစ်ခုမှာ အလုပ်ရသွားခဲ့ပါတယ် သူတို့နှစ်​ယောက် အလုပ်ခွင်မှာကြုံ​တွေ့ရမယ့် အဖြစ်အပျက်​တွေက သူတို့ရဲ့ဘဝကို ဘယ်လိုတည့်မတ်​ပေးသွားမလဲဆိုတာကို တွေ့ရမှာဖြစ်ပါတယ် ဒီကားမှာလူငယ်​တွေဖြစ်တတ်တဲ့သ​ဘာဝ​တွေကို​သေချာချပြသွားပြီး တစ်ချို့​ရိုက်ကွက်​လေး​တွေဆို တော်​တော်ကိုမှတ်သားစရာ​လေး​တွေရှိတာကို​တွေ့ရပါတယ် ဒီကားမှာ မင်းသားကြီးရဲ့​မြင်​နေကျဇာတ် ရုပ်​တွေနဲ့မတူညီတဲ့ သရုပ်​ဆောင်မှူ​တွေကို မြင်​တွေ့ရမှာဖြစ်ပြီးတော့ ရီရီ​မော​မောနဲ့ကြည့်ရှုရမှာမို့ သူ့ရဲ့ပရိသတ်​တွေဆိုရင်လက်လွှတ်ခံလို့မဖြစ်ပါဘူး​​နော် ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက​တော့- Thet Hnin Hsu ပါ   Translator  - Thet Hnin Hsu Encoder - Thit San Khant File Size -1GB and 500MB Quality - 1080p and 720p
movie

Start-Up 2019

2019