Channel Myanmar

Goki Maeda

Knuckle Girl (2023) 5.2
Knuckle Girl (2023) Knuckle Girl (2023)Alice in Borderland မှာ Ann အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Ayaka Miyoshi ရဲ့ကားအသစ်ပါ။ ကိုရီးယားဒါရိုက်တာ ကိုရီးယားဇာတ်ညွှန်းရေးဆရာတွေက ရိုက်ကူးရေးသားထားပြီး ဂျပန်သရုပ်ဆောင်တွေ သုံးထားပါတယ်။ Korea Webtoon ကနေ ကိုရီးယားဇာတ်ညွှန်းရေးဆရာက ဇာတ်ညွှန်းပြန်ရေးထားတာမို့ ကိုရီးယားအငွေ့အသက်တော့ ရနေဦးမှာပါပဲ။ ဒီကားရဲ့ ဇာတ်ညွှန်းရေးဆရာကတော့ The Villainess တို့ Carter (2022) တို့လို ကိုရီးယားကားကိုမှ Non-stop Action ဆန်ဆန်ကားတွေကို ဇာတ်ညွှန်းရေးခဲ့တဲ့သူဆိုတော့ ဒီကားမှာလည်း မင်းသမီး ဘယ်လောက်တောင် မနားတမ်းကြုံးရမလဲ မေးနေစရာတောင်မလိုလှဘူး။ဇာတ်လမ်းကတော့ ဒီလို။ အဖေရော အမေရောမရှိတော့ဘဲ အစ်မနဲ့ညီမပဲ အတူတူရုန်းကန်နေတဲ့ မိသားစုတစ်ခုရှိတယ်။ အမက ဒုစရိုက်နဲ့မကင်းတာတွေလုပ်ပြီး အန္တရာယ်ကြုံနေရတဲ့အချိန် ညီမက သူ့အစ်မကို ဒါတွေမလုပ်ဘဲ ဘောက်ဆင်သမားဖြစ်လာစေချင်ခဲ့တယ်။ သူ့ညီမ ဆန္ဒအတိုင်း သူ့အစ်မက သူ့ညီမကို ဦးလေးနဲ့အဒေါ်အိမ်ထားခဲ့ပြီး ဘောက်ဆင်လောကထဲ ...
movie

Knuckle Girl (2023)

2023
A Family (2021) 7.0
A Family (2021) A Family (RT 71% , IMDb 7 )ယာကူဇာ... ယာကူဇာဆိုတာ ကျွန်တော်နဲ့ မစိမ်းတဲ့ စကားလုံးပါ... ဂျပန်နိုင်ငံက လူမိုက်ကြီးတွေပေါ့... ယာကူဇာမှာ အလွှာအမျိုးမျိုးရှိတယ်..တချို့ဟာ ဂုဏ်သိက္ခာတွေ စစ်မှန်တဲ့ ယောက်ျားတစ်ယောက် ဖြစ်ခြင်းတွေ အစရှိတဲ့ ဂုဏ်ဒြပ်တွေကို ဦးစားပေးတဲ့ လူမိုက်မျိုးနဲ့ ... ငွေရမယ် အာဏာရမယ်ဆိုရင် မူးယစ်ဆေးကအစ ထဲထဲဝင်ဝင်လုပ်ကိုင်တဲ့ ရာဇဝတ်ဂိုဏ်းတွေအထိ အမျိုးမျိုးရှိလို့နေပါတယ်...မည်သို့ပင် ဆိုစေကာမူ ယာကူဇာမှန်သမျှဟာ သာမန်လူ့လောက တရားဥပဒေကို တနည်းတဖုံ ဆန့်ကျင့်ဖောက်ဖျက်နေကြသူတွေသာ ဖြစ်ပါတယ်... ဒီဇာတ်ကားမှာ ယာမာမိုတိုရဲ့ ဖခင်ဟာ ယာကူဇာတွေရဲ့ မူးယစ်သားကောင်ဖြစ်ခဲ့ရပြီး ဆေးသုံးစရာ ခြူးတစ်ပြားတောင် မရှိတော့လို့ ဘဝနိဂုံးကို ကိုယ်တိုင်ချုပ်ခဲ့သူပါ...ယာမာမိုတိုဟာ အဲ့အတွက်ကြောင့် ယာကူဇာနဲ့ သူတို့ရဲ့ မူးယစ်ဆေးဝါးကို အင်မတန်စက်ဆုပ်ရွံရှာနေခဲ့ပါတယ်... ဒါပေမယ့် ကံကြမ္မာအလှည့်အပြောင်းကြောင့် သူဟာလည်း သူမုန်းတီးရတဲ့ ယာကူဇာတစ်ယောက် ဖြစ်လာပါတော့တယ်...ဒီဇာတ်ကားမှာ ...
movie

A Family (2021)

HiGH&LOW The Movie 2: End of Sky(2017) 7.1
HiGH&LOW The Movie 2: End of Sky(2017) အဆိုပါဂျပန်ရုပ်ရှင်ဟာ High & Low Franchise မှ တတိယမြောက်ရုပ်ရှင်ဖြစ်ပါတယ်။ Imdb 7.1အထိရရှိထားပြီး ရုံတင်ငွေ ၁.၃၄ ဘီလျံယန်းထိရရှိပြီး Japanese Box officeမှာအတိုင်းတာတစ်ခုထိအောင်မြင်မှုရရှိခဲ့ပါတယ်။ ဇိုးအထာဖမ်းထားတဲ့တိုက်ရည်ခိုက်ရည်ကောင်းတဲ့လူငယ်ဇာတ်ကောင်များပါဝင်ပြီး လူငယ်ပရိတ်သတ်တွေ အကြိုက်တွေ့မယ့်ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်ဒုစရိုက်လောကကိုအုပ်စိုးတဲ့ ခူရူးယုဂိုဏ်း(KURYU GROUP) ဟာ SWORD နယ်မြေမှာ ကာစီနိုဖွင့်ရန်ကြံစည်နေပါတယ်။ အဆိုပါ ကိစ္စကို SWORD နယ်ခံဂိုဏ်းတွေကမလိုလားပါဘူး။ ဆန်းနိုးဂိုဏ်းကကော်ဘရာရဲ့ အပြောရဆိုရင် SWORD ဟာခူရူးယုဂိုဏ်းအုပ်စိုးနေသရွေ့အနာဂတ်ဆိုတာလည်းမရှိဘူးလို့ဆိုပါတယ်။ အင်အားကြီးတဲ့ဧရာမဂိုဏ်းကြီးနဲ့ အားပြိုင်ဖို့ကြိုးစားပုံမှာဇာတ်အိမ်တည်ထားတယ်။တချိန်တည်းမှာပဲ SWORD နယ်မြေကို ခပ်ထန်ကြမ်းတမ်းလွန်းတဲ့ဂိုဏ်းနှစ်ဂိုဏ်းဖြစ်ကြတဲ့ ရမ်မာရုရဲ့သံသယဂိုဏ်းနဲ့ ဂျက်စီရဲ့ ထောင်ဂိုဏ်းတို့ပူးပေါင်းကာ တိုက်ခိုက်ဖို့ကြံစည်ကြပါတယ်။ အဓိကက သံသယဂိုဏ်းရဲ့ထာဝရရန်ဖက်ဖြစ်တဲ့ ဝှိုက်ရတ်စကဲလ်ဂိုဏ်းကို ချေမှုန်းချင်ရာကနေစတင်ပါတယ်။ဝှိုက်ရတ်စကဲလ်တွေဟာအမျိုးသမီးတွေကို ကာကွယ်သူတွေအဖြစ်ခံယူထားကြပြီးသံသယဂိုဏ်းသားတွေကတော့ ငွေရရင်ဘာမဆိုလုပ်ကြမယ့်လူတွေဖြစ် တယ်။ SWORD နယ်မြေက ဆန်းနိုးလူဆိုးဂိုဏ်းကိုယ်စားပြု ကော်ဘရာဟာ SWORD ဂိုဏ်းတွေမဟာမိတ်ဖွဲ့ဖို့ အဆိုကိုတင်သွင်းပြီးအားလုံးလိုလိုကငြင်းဆန်ခဲ့ကြပါတယ်။ ဝှိုက်ရတ်စကဲလ်ဂိုဏ်းကရော့ကီဟာ သံသယဂိုဏ်းကဘဲတွေကိုသူကိုယ်တိုင်ပဲရိုက်ခွဲချင်နေပြီးအခြားဘေးကပါဝင်သူတွေကိုထိခိုက်နစ်နာမှာကိုမလိုလားပါဘူး။တစ်ဖက်မှာတော့ အာမားမီးယားညီအစ်ကိုဂိုဏ်းဟာ ဒုစရိုက်လောကရဲ့အကြီးဆုံးဂိုဏ်းဖြစ်တဲ့ခူရူးယုဂိုဏ်းကို အမြစ်ကနေဆွဲလှန်ပြီးဖျက်စီးနိုင်မယ့် ယူအက်စ်ဘီ(USB FLASH DRIVE)ကိုလက်ဝယ်ရရှိထားပါတယ်။ ...
movie

HiGH&LOW The Movie 2: End of Sky(2017)

High & Low The Worst(2019) 6.7
High & Low The Worst(2019) High and Low ပရိသတ် တွေအားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ဒီ High and Low:The Worst ဟာ High & Low movieတွဲတွေထဲမှာ (၆)ကားမြောက်ဖြစ်ပြီး timeline အားဖြင့် Final Mission အပြီး ခရူးယုဂိုဏ်းရှုံးနိမ့်သွားချိန်မှာ ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်ကြောင်းကို နည်းနည်း ပြောပြရရင် Final Mission အပြီးမှာ ခရူးယုဂိုဏ်း ၊သံသယဂိုဏ်းတို့နဲ့ အတူ ပျောက်ကွယ်သွားတဲ့ ရတ်ဒရမ်မူးယစ်ဆေးတွေဟာ SWORD ရဲ့ လမ်းမတွေပေါ်မှာ တစ်စတစ်စနဲ့ ပြန်ပေါ်လာပါတော့တယ်။ဆေးရောင်းချမှုတွေဟာ တဖြည်းဖြည်းနဲ့ ပမာဏများလာပြီး မူရာယာမတို့ရဲ့ အိုယာအထက်တန်းကျောင်းအထိ ပြန့်နှံ့ရောက်ရှိလာပါတယ်။အဲ့ဒီအချိန်မှာ အိုယာအထက်တန်းကျောင်းဂိုဏ်းမှာလည်း ပြဿနာတွေတက်နေပြီး ပုဂ္ဂိုလ်စွဲတွေနဲ့ ဂိုဏ်းခွဲတွေ အများကြီး ကွဲလာပါတော့တယ်။ ဒီလိုအတွင်းရေး ပြဿနာတွေကြားထဲမှာ အိုယာဂိုဏ်းသားတွေဟာ ရတ်ဒရမ်ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ၊သူတို့ကြားထဲမှာရော ဘယ်လိုကိစ္စတွေကြောင့် ပြဿနာတွေတက်နေရတာလဲ၊အိုယာကျောင်းဂိုဏ်းမှာရော ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာမလဲဆိုတာတော့ ...
movie

High & Low The Worst(2019)

High & Low The Worst X(2022) 6.5
High & Low The Worst X(2022) High & Low The Worst X ကတော့ ၂၀၂၂ တုန်းကနောက်ဆုံးထွက်ထားတဲ့ ၇ ကားမြောက်ဇာတ်ကားဖြစ်ပြီး High & Low The Worst အပြီး ၃ နှစ်အကြာမှာ ဇာတ်လမ်းတည်ထားတာပါ။ အိုယာကျောင်းဂိုဏ်းဟာ ခေါင်းဆောင်အသစ်နဲ့အတူ ဂိုဏ်းအားလုံးထဲမှာ အတောင့်တင်းဆုံးနီးပါးအထိဖြစ်လာပြီး ဒါကို ပြဿနာရှာချင်တဲ့ ဆဲနိုမွန်ကျောင်းဂိုဏ်းက တခြားအဖွဲ့နှစ်ဖွဲ့နဲ့ပေါင်းပြီး အိုယာကျောင်းဂိုဏ်းကိုဖျက်ဆီးကြတဲ့အခါမှာ သုံးဖွဲ့တစ်ဖွဲ့ချကြပါတယ်။ ဇာတ်ကောင်အဟောင်းအနေနဲ့ကတော့ တိုဒိုရိုကီ၊ ဖူဂျီအို၊ ဆာချီအိုနဲ့ တခြားဇာတ်ပို့တွေပြန်ပါမှာဖြစ်ပြီး ဇာတ်ကောင်အသစ်တွေအများကြီးနဲ့ ကျစ်လစ်တဲ့ဇာတ်အိမ်ကြောင့် ကြည့်ဖို့နှစ်ခါမစဉ်းစားသင့်တဲ့ဇာတ်ကားပါ။  File size…2.26GB / 1.12GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 59m Genre ..... Action , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Kasashi
movie

High & Low The Worst X(2022)