Channel Myanmar

Goldie Hawn

Snatched (2017)
Snatched (2017) အန်မလီဟာ ကောင်လေးနဲ့အတူ အီကွေဒေါကိုခရီးသွားဖို့အတွက် ခရီးစဉ်အစအဆုံးကို ငွေချေပြီးသားပါ..သွားခါနီးမှာပဲ ဘဝတက်လမ်းကြောင့်ဆိုပြီးလမ်းခွဲခံလိုက်ရပါတယ်။အန်မလီတစ်ယောက် ရည်းစားနဲ့ပြတ်၊ အလုပ်ကလည်းပြုတ်၊သူငယ်ချင်းလည်းတစ်ယောက်မှမရှိတဲ့အပြင်ဝယ်ထားတဲ့ ခရီးစဉ်ကလည်း ငွေပြန်အမ်းလို့မရတဲ့ခရီးစဉ်ဖြစ်နေတာကြောင့်အမေနဲ့အတူတူ ခရီးစဉ်ကိုသွားဖို့ဖြစ်လာပါတယ်။ခပ်ပေါ့ပေါ့တွေးပြီး နေတတ်တဲ့အန်မလီနဲ့ ဂရုတစိုက် အားလုံးကို အသေးစိတ်တတ်တဲ့အန်မလီ့အမေတို့ခရီးတစ်ခုတည်းအတူသွားတဲ့အခါ ဖြစ်လာတတ်တဲ့အလွဲလေးတွေအပြင်အယုံလွယ်တတ်တဲ့ အန်မလီကြောင့် သားအမိနှစ်ယောက်ပြန်ပေးဆွဲခံခဲ့ရတဲ့အခါမှာ ဘယ်လိုမျိုး ပြန်လွတ်အောင်ကြံဆောင်ကြမလဲ ဘယ်လိုအခက်အခဲတွေနဲ့တွေ့မလဲဆိုတာလေးတွေကိုဟာသလေးတွေနှောပြီး ရိုက်ကူးထားတဲ့အပြင်သားအမိနှစ်ယောက်ကြား ခံစားချက်လေးတွေပါကြည့်ရှုရမယ့်ဟာသအက်ရှင်ကားလေးပဲဖြစ်ပါတယ်။ File size…    1.7 GB /    828 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 39m Genre .....  Action , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jia
movie

Snatched (2017)

2017
Death Becomes Her (1992) 6.6
Death Becomes Her (1992) Death Becomes Her (1992)ဒီဇာတ်ကားဟာ 1993ခုနှစ်တုန်းက best visual effects အော်စကာဆုရခဲ့တဲ့ ဇာတ်ကားပါ။ ဟောလိဝုဒ်ရဲ့ ဒိတ်ဒိတ်ကြဲသုံးယောက်ဖြစ်တဲ့ Meryl Streep ၊Goldie Hawn နဲ့ Bruce Willis တို့ အဓိကပါဝင်ထားကြတဲ့ dark comedy ,horror, fantasy အမျိုးအစား ရုပ်ရှင်ပါ။ ဇာတ်ကားဟောင်းဖြစ်ပေမယ့် တကယ်ကို ကြည့်ဖို့ ညွှန်းပါတယ်။ဒီဇာတ်ကားရဲ့ visual effectsတွေ မိတ်ကပ်ပညာတွေဟာ တကယ်ကို သေသပ်ပါတယ်၊ ဒါတောင်1992ခုနှစ်က ကားပါ။ ဇာတ်လမ်းကလဲ တော်တော်လေးသွက်ပြီး ဟာသတွေကလဲ ပြောင်မြောက်ပါတယ်။ပြီးတော့ လူတိုင်းအတွက် လေးလေးနက်နက် တွေးကြည့်စရာ အတွေးစလေးတွေလဲ ချန်ခဲ့ဦးမှာပါ။ဇာတ်လမ်းအကျဉ်းအောင်မြင်မှုသိပ် မရှိတဲ့ မင်းသမီး မက်ဒ်လင်း နဲ့ စာရေးဆရာမ ဖြစ်ချင်တဲ့ ဟယ်လင်န် တို့ဟာဟန်ဆောင်ပေါင်းသင်းနေကြပေမယ့် တစ်ယောက် နောက်ကျော တစ်ယောက်ဓားနဲ့ထိုးဖို့ အမြဲ ချောင်းနေကြသူတွေပါ။တစ်နေ့မှာ ...
movie

Death Becomes Her (1992)

1992
The Christmas Chronicles: Part Two (2020) 6.4
The Christmas Chronicles: Part Two (2020) CM ပရိသတ်တွေအတွက် ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ Netflix က လောလောလတ်လတ်ထွက်ရှိထားတဲ့ ခရစ္စမတ် theme ဇာတ်ကားလေးဖြစ်ပါတယ် 2018 တုန်းကထွက်ရှိခဲ့တဲ့ The Christmas Chronicles ရဲ့အဆက်ပါ ( 2018 ဇာတ်လမ်းလေးကိုလည်း CMမှာပြန်ရှာကြည့်လို့ရတယ်နော် ) အေးစပြုလာတဲ့ဆောင်းတွင်းလေးနဲ့လိုက်ဖက်မယ့် ဇာတ်ကားလေးပါပဲ ဒီဇာတ်ကားလေးထဲမှာဆိုရင် ကိတ်နဲ့ တက်ဒီတို့က သူတို့အမေရယ် သူတို့အမေရဲ့ချစ်သူဘော့ဘ်ရယ်နဲ့အတူ ခရစ္စမတ်အပန်းဖြေခရီးထွက်လာတာပေါ့... ခရစ္စမတ်အချိန်မှာ ပူနွေးတဲ့မက်ဆီကိုကမ်းခြေကို ခရီးထွက်လာရတဲ့အတွက်ကော ဘော့ဘ်ကိုပါ အမြင်မကြည်တာကြောင့်ကော True Believer လေး ကိတ်က စန်တာကလော့ခ်ဆီမှာ သူ့ကိုဒီနေရာကခေါ်ထုတ်ပေးဖို့ဆုတောင်းပါတော့တယ်... တခြားတစ်ဖက်မှာတော့ စန်တာကိုအရမ်းမုန်းတီးနေတဲ့ ဘယ်စနခ်ကယ်ဆိုတဲ့သူရှိပါတယ် သူက စန်တာနဲ့အတူစွန့်စားခန်းတွေဝင်ခဲ့တဲ့ ကိတ်ကို ပြန်ပေးဆွဲပြီး စန်တာကို ဒုက္ခပေးဖို့ ကြံစည်နေတာပေါ့... ကိတ်ရဲ့ဆုတောင်းကို စန်တာက တကယ်ကြားသွားမလား ဘယ်စနခ်ကယ်ရဲ့အကြံအစည်တွေပဲ အောင်မြင်သွားမလား ဘယ်စနခ်ကယ်ကရော ဘယ်လိုအတိတ်ဆိုးတွေကြောင့် စန်တာကိုမုန်းနေရတာလဲ ဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာ ရှုစားလိုက်ကြပါဦးနော်  File Size : ( 1 GB , 326 MB ) Quality : WEBRip 720p Running Time : 1hr 52min Format : ...
movie

The Christmas Chronicles: Part Two (2020)

The Christmas Chronicles (2018) 7.6
The Christmas Chronicles (2018) CM ပရိတ်သတ်တွေအတွက် ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့"The Christmas Chronicles" ဆိုတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်...ဒီဇာတ်လမ်းကိုတော့ Nextflix မှဖြန့်ချီထားပြီးRating 7.6 ရရှိထားကာကြည့်ရှုသူများရဲ့ positive feedback များစွာကို ပိုင်ဆိုင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်..အညွှန်း- မက်ချူးဆက်မှာ နေထိုင်တဲ့ ပီယာစ်မိသားစုတစ်ခု...ဒီမိသားစုမှာ ဖေဖေ ဒေါ့ပီယာစ် မေမေ ကလဲယာပီယာစ်ကိုကြီး တက်ဒီပီယာစ်နဲ့ ညီမလေး ကိတ်တီပီယာစ်ဆိုပြီး မိသားစုလေးယောက်ရှိပါတယ်..သူတို့မိသားစုဟာ ခရစ်စမတ်ရောက်တိုင်း နှစ်တိုင်း မိသားစုဗီဒီယိုလေးတွေရိုက်ရင်းခရစ်စမတ်ကိုကြိုဆိုတတ်ကြပါတယ်...ဒေါ့ပီယာစ်ဟာ မီးသတ်သမားတစ်ယောက်ဖြစ်ပါတယ်...ဒီမိသားစုအတွက် ကံဆိုးခဲ့တာကတော့ ဒေါ့ပီယာစ် မီးလောင်သူတွေကိုကယ်ရင်း မီးလောင်သေဆုံးခဲ့တာပါ..တက်ဒီဟာ အဖေမရှိတော့တဲ့နောက်ဂျစ်ကန်ကန်ပဲ နေထိုင်ခဲ့ပါတယ်...ညီမဖြစ်သူ ကိတ်တီနဲ့လည်း မကြာခဏရန်ဖြစ်တတ်ပါတယ်...တစ်နေ့ မထင်မှတ်တာတစ်ခု ဖြစ်လာခဲ့တယ်...ဒါကတော့ ကိတ်တီဟာ အဖေနဲ့အတူရိုက်ကူးထားတဲ့ ခရစ်စမတ်အမှတ်တရဗီဒီယိုတွေကိုကြည့်ရင်း စန်တာကလော့စ်ကို တွေ့ခဲ့တာပါ...သူဟာ စန်တာကလော့စ်ကို အပြင်မှာတွေ့ချင်တဲ့ ရည်ရွယ်ချက်နဲ့အကိုဖြစ်သူတက်ဒီနဲ့ တိုင်ပင်ခဲ့ပါတယ်...သူတို့ရဲ့ စန်တာနဲ့ တွေ့ချင်တဲ့စိတ်ကူးက အမှန်တကယ်ဖြစ်ခဲ့ပါတယ်...ကောင်းသောတွေ့ခြင်းတော့ မဟုတ်ပါဘူး...စန်တာကလော့စ်ရဲ့ စွတ်ဖားလှည်းနောက် သူတို့နှစ်ယောက်ခိုးလိုက်ခဲ့တာပါ...စန်တာတစ်ယောက် သူတို့နှစ်ယောက်ကို တွေ့ပြီးအလန့်တကြားနဲ့ လက်ဆောင်ထုပ်တွေ ...
movie

The Christmas Chronicles (2018)

2018