Channel Myanmar

Gourav Shah

Needle in a Timestack (2021) 5.3
Needle in a Timestack (2021)  အနာဂတ်ကာလမှာ အချိန်ခရီးသွားခြင်းကိုအောင်မြင်ခဲ့ကြပါတယ်။ပိုက်ဆံရှိတဲ့ သူဌေးတွေကတော့ ပိုက်ဆံအများကြီးပုံပေးရင်းအတိတ်ကိုပြန်သွားပြီး သမိုင်းဝင်ဖြစ်ရပ်တွေကိုကြည့်ကြတာ၊အတိတ်ကို မတော်တဆ (သို့) တမင်ပြောင်းလဲတာမျိုးတွေလုပ်ပစ်ကြလေ့ရှိပါတယ်။ သူတို့ပြောင်းလဲလိုက်တာတိုင်းကအနာဂတ်အချိန်ကို အချိန်ကူးပြောင်းမှုဆိုတွေလှိုင်းတွေနဲ့ရိုက်ခတ်လေ့ရှိပြီး တချို့လူတွေ၊ ဖြစ်ရပ်တွေက ပြောင်းလဲသွားတတ်ကြပါတယ်။ နစ်ခ်နဲ့ ဂျန်နင်ကတော့ ပျော်ရွှင်စွနေထိုင်နေကြတဲ့အတွဲလေးဖြစ်ပြီးလတ်တလောလေးမှာတင် အချိန်ကူးပြောင်းမှုလှိုင်းသုံးခုလောက်ရိုက်ခတ်တာခံထားရတာပါ။ ဒီလိုနဲ့ နစ်ခ်ကလည်း ဂျန်နင်ရဲ့ခင်ပွန်းဟောင်း သူဌေး တွမ်မီက အချိန်ခရီးသွားပြီး သူတို့ရဲ့ဖြစ်တည်မှုကိုဖျောက်ဖျက်အောင်လုပ်ဖို့ ကြိုးစားနေတယ်လို့သံသယဝင်လာခဲ့ပါတော့တယ်။တနေ့မှာတော့ နစ်ခ်နဲ့ဂျန်နင်တို့ ခရီးသွားဖို့လုပ်နေကြတုန်းမှာပဲအချိန်ကူးပြောင်းမှုလှိုင်းရိုက်ခတ်တာကိုခံလိုက်ရပြီ ဂျန်နင်ကတွမ်မီဆီကိုပြန်ရောက်သွားခဲ့ပါတယ်။ဒီလိုနဲ့ နစ်ခ်လည်း အနာဂတ်ကာလအချိန်မှာပဲ ပိတ်မိနေမလား၊သူ့မိန်းမဂျန်နင်ကို ပြန်ရအောင်ကြိုးစားမလား၊ သူ့မိန်းမနဲ့အတူပြန်ရှိနေနိုင်ပါ့မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။  File size…1.07GB / 664MB Quality…WEB-DL 1080p 5.1 CH / 720p Format…mp4 Duration….1h 51m Genre ..... Drama , Fantasy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TMMT
movie

Needle in a Timestack (2021)