Channel Myanmar

Grace Phipps

Superhost (2021) 5.6
Superhost (2021) Superhost (2021)=============IMDb Rating - 5.6/10"Superhost"ဆိုတာက Teddy နဲ့ Clair ဆိုတဲ့ Travel blogger နှစ်ယောက်စီစဥ် တင်ဆက်နေတဲ့အစီအစဥ်တစ်ခုပဲ။သူတို့နှစ်ယောက်က အပန်းဖြေအိမ်တွေမှာလိုက် ငှားနေပြီးရီဗျူးဗီဒီယိုတွေရိုက်ပြီးတော့ " Superhost"မှာ အပိုင်းလိုက်နဲ့တင်ကြတာ။ ဒါပေမယ့် တဖြည်းဖြည်းနဲ့လူစိတ်ဝင်စားမှုနည်းလာပြီး ကြည့်ရှုနှုန်းကျလာလို့ ကြည့်ရှုနှုန်း ပြန်တက်အောင်နှစ်ယောက်သားကြံကြတာပေါ့။ ဒီလိုနဲ့ပဲ Rebeccaဆိုတဲ့အမျိုးသမီးတစ်ဦး ပိုင်ဆိုင်တဲ့အပန်းဖြေအိမ်လေးကို သူတို့ငှားဖြစ်သွားပြီး ရီဗျူးဗီဒီယိုလေးရိုက်ဖို့စီစဥ်ခဲ့ကြ တယ်။ Teddy ကတော့ ဒီအစီအစဥ်လေးကိုရိုက်ကူးရင်း Clair ကိုလက်ထပ်ခွင့်တောင်းဖို့ပါ စီစဥ်နေခဲ့တာပေါ့။Rebecca ရဲ့အိမ်လေးကလိုင်းမကောင်းတာကလွဲရင် အစစအရာရာအဆင်ပြေနေတော့ နှစ်ယောက်သားပျော်ရွှင်နေကြတာပေါ့။ Rebeccaကလည်း သူ့အိမ်လေးကို ရီဗျူးကောင်း ကောင်းရစေချင်တဲ့လူဆိုတော့ နှစ်ယောက်အတွက်လိုတာကိုဖြည့်ဆည်းပေးတာပေါ့။ဒါပေမယ့် တစ်ရက်ကျ Teddyနဲ့ Clairတို့နဲ့ပတ်သက်ခဲ့ဖူးတဲ့လူတစ်ယောက်မထင်မှတ်ပဲ သူတို့နေရာအိမ် ဆီရောက်ရှိလာခဲ့ပါတယ်။ ဒီလိုနဲ့ပဲနောက်ပိုင်းကျ မထင်မှတ်ထားတဲ့ကံကြမ္မာဆိုးနဲ့ နှစ်ယောက် သားကြုံကြိုက်ပြီးတော့ ဒီကံကြမ္မာဆိုးကနေဘယ်လိုရုန်းထွက်မလဲဆိုတာကို ကြည့်ရမယ့် Horror , Thriller ကားကောင်းလေးတစ်ကားပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Chit Tee မှရေးသားပေးပြီး၊ ဘာသာပြန်ပေးသူကများကတော့ CM Team မှ ဖြစ်ပါတယ်)File Size - (1 GB) /(469 MB) / (322 ...
movie

Superhost (2021)

2021
Fright Night (2011) 6.4
Fright Night (2011) Fright Night (2011) ~ IMDb - 6.4/10, RT - 72% ~ဒီကားဟာ သူ့မူရင်းကားဖြစ်တဲ့ Fright Night (1985) လို ဂန္တဝင်စာတင်လောက်တဲ့ ဇာတ်ကားမျိုးမဟုတ်ပေမဲ့ ကြည့်ပျော်တဲ့ Horror ဇာတ်ကားလေးပါပဲ။လက်စ်ဗီးဂတ်မြို့ဟာ နေ့မှာအိပ်ပြီး ညမှာ အလုပ်လုပ်ကြတယ်။ အခြေချနေထိုင်သူရှားပြီး ယာယီနေထိုင်သူတွေများတဲ့အတွက် သွေးစုပ်ဖုတ်ကောင်တွေအတွက် နေချင်စရာမြို့လေးပေါ့ဗျာ။ချာလီတို့ အထက်တန်းကျောင်းမှာလည်း အတန်းသားတွေ တစ်ယောက်ပြီး တစ်ယောက် လျော့လျော့လာနေတယ်။ အမြဲတမ်း အတည်တကျနေသူတွေမရှိတဲ့ သူတို့မြို့အတွက်တော့ သိပ်မဆန်းဘူးပေါ့။ ဒါပေမဲ့ ချာလီရဲ့ငယ်သူငယ်ချင်း အဒမ်တို့ မိသားစုကပါ စာမလာသတင်းမကြားဘဲ ပျောက်သွားခဲ့ပါတယ်။အဒမ်ပျောက်သွားတာ သွေးစုပ်ဖုတ်ကောင်တစ်ကောင်ရဲ့ လက်ချက်လို့ နောက်သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ အက်ဒ်ကပြောလာတဲ့အချိန်မှာတော့ ချာလီလည်းမယုံနိုင်ခဲ့ပါဘူး။အက်ဒ်က သူနဲ့ အဒမ် စုံစမ်းထောက်လှမ်းချက်တွေအရ ချာလီရဲ့ အိမ်နီးချင်း ဂျယ်ရီက သွေးစုပ်ဖုတ်ကောင်ဖြစ်နေပြီး သူ့အကြောင်းကို သိသွားလို့ အဒမ်ကိုသတ်ပစ်လိုက်တာလို့ ပြောပြပေမဲ့ ချာလီကတော့ မယုံနိုင်သေးပါဘူး။နောက်တစ်နေ့မှာ အဒမ်ပါ ...
movie

Fright Night (2011)

2011