Channel Myanmar

Gracen Newton

Diary of a Wimpy Kid Christmas: Cabin Fever (2023) 5.8
Diary of a Wimpy Kid Christmas: Cabin Fever (2023)  ခရစ္စမတ်ချိန်ခါနီးပြီဆိုတော့ Disneyက အသစ်ထွက်ထားတဲ့ဟာသကာတွန်းကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Christmas ရဲ့ထုံးစံအတိုင်း Santaဟာ လိမ္မာတဲ့ကလေးတွေကို လက်ဆောင်တွေအများကြီးပေးတယ်လို့ မိဘတွေကပြောကြပါတယ်။ ဒီတော့ ကလေးတွေမှာ ကိုယ်လိုချင်တဲ့လက်ဆောင်ရဖို့အရေး Christmasရောက်ဖို့တစ်လလုံး လိမ္မာပြရပါတယ်။Santaကြားသွားရင် လက်ဆောင်မပေးတော့မှာဆိုးလို့ ယောင်လို့တောင် စကားအမှားမထွက်ရဲကြပါဘူး။ ဒီကလေးတွေထဲကမှ Gregဆိုတဲ့ကောင်လေးဟာ ဂိမ်းစက်အသစ်လိုချင်နေပါတယ်။ လိမ္မာမှလိုချင်တာရမယ်ဆိုပေမဲ့ Christmasမရောက်ခင်တစ်ပတ်လောက်အလိုမှာ သူ့သူငယ်ချင်းနဲ့အတူ အပြစ်ကြီးကြီးမားမားတစ်ခုလုပ်မိသွားပါတယ်။ ဒီအချိန်မှာ ဂိမ်းစက်ကိုလည်းဂရုမစိုက်နိုင်တော့ဘဲ ‌ဒီကိစ္စကိုဘယ်သူမှမသိဖို့အရေး လူတကာပျော်နေချိန်မှာ အပူအပင်တွေနဲ့လုံးပမ်းနေရပါတယ်။Greg တို့သူငယ်ချင်း၂ယောက် ဘယ်လိုဆက်ဖြစ်မလဲဆိုတာ ဆက်ကြည့်လိုက်ပါဦးနော်။ File size…1 GB / 478 MB Quality…DSNP WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 2m Genre ….. Animation , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane
movie

Diary of a Wimpy Kid Christmas: Cabin Fever (2023)

Bromates (2022) 4,4
Bromates (2022) Bromates (2022)သင်ဟာ စော်ပစ်ကောင်တစ်ယောက်ဆိုရင်တော့ ... ရီဗျူးဖတ်မနေဘဲ ဒီကားကို တန်းသာဒေါင်းကြည့်လိုက်ပါတော့ ညိုကီတို့ရေ ဘာလို့ဆို ဒီကားက ညိုကီတို့လို စော်ပစ်ကောင်တွေအကြောင်း ဖြစ်လို့ပါပဲ။ စော်မပစ်သေးလည်း နောင်ရေးအတွက် မျှော်မှန်းပြီး ဖြေသိမ့်နည်း အဖြာဖြာ လေ့လာထားနိုင်ပါတယ်။ စော်မရှိတွေကလည်း ပညာယူကြပေါ့ဗျာထူးခြားချက်ကတော့ ဒီကားမှာ Snoop Dogg ကြီးလည်း ဘာမဆိုင်ညာမဆိုင် ဖြတ်လျှောက်လုပ်ထားသေးတာဗျ... ပြောရရင်တော့ ဒေါ့ဒေါ့နဲ့တွေ့မှ ပြောင်းလဲကုန်ကြသည်ပေါ့ဗျာ ...ဒီတော့ ဆက်မနှိမ်ဘဲ ဇာတ်လမ်းအကျဉ်းလေး ပြောပြမယ် အဓိက ဇာတ်ဆောင်က ၄ ယောက်။ ငယ်ငယ်ကတည်းက ပြောမနာဆိုမနာတွေ ဖြစ်ပြီး အခုတော့ ကိုယ်စီအလုပ်နဲ့မလို့ မဆုံဖြစ်ကြတဲ့ ဘော်ဒါတစ်သိုက်ပေါ။ဒါမဲ့ တစ်နေ့မှာ ဒီလေးယောက်ဆုံနိုင်ဖို့အရေး ကံကြမ္မာက သူတို့ထဲက နှစ်ကောင်ကို တစ်ရက်တည်းအပြိုင် စော်ပစ်ကောင်ဇာတ်သွင်းပေးလိုက်ပါလေရော။ အဲဒီမှာ တစ်ကောင်က စော်တ၊ တစ်ကောင်ကတော့ One go, two come, three ready Thank You, Next ဆိုပြီး ကျန်တဲ့ ၂ယောက်နဲ့ပေါင်း လဒမှိုင် မှိုင်နေတဲ့ကောင်ကို cheer ...
movie

Bromates (2022)

2022
Diary of a Wimpy Kid (2021) 5.8
Diary of a Wimpy Kid (2021) Diary of a Wimpy Kid (2021)=====================IMDb Rating - 5.8/10Wimpy Kid ဆိုတာက ကျွန်တော့်လိုကလေးကြီးတွေနဲ့ရင်းနှီးလောက်မယ်ထင်ပါတယ်။၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၇ထိ Wimpy Kid ဇာတ်ကား(၄)ကားထွက်ခဲ့ဖူးပါတယ်။အခုချိန်မှာတော့ animated versionနဲ့ ထွက်လာပါတယ်။ဒီဇာတ်ကားလေးမှာ Gregနဲ့ Rowleyဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ကြားအဖြစ်အပျက်လေးကိုအဓိကအခြေခံ ရိုက်ကူးထားပြီးတော့ သူငယ်ချင်းအစစ်ဆိုတာဘယ်လိုဆိုတာ၊ တစ်ခါတစ်ရံသူငယ်ချင်း အချင်းချင်းကူညီရာရောက်ရင် လိမ်လိုက်တာကကောင်းပါတယ်ဆိုတာကို ပြညွှန်းထားတဲ့ဖြစ်ရပ်တွေကိုဖော်ပြထားပြီး . 90 born တွေကစလို့ ခုခေတ်လူငယ်တွေ . ကလေးတွေပါကြိုက်လောက်မယ့် ကားသစ်လေးမို့ တင်ဆက်ပေးလိုက်ပါပြီ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ပဲ ဖြစ်ပါတယ်။) File Size -  (185MB)/(460MB)/(870 MB) Quality – WEBRIP - (HEVC small File size - 720p) / (720p) ...
movie

Diary of a Wimpy Kid (2021)

2021