Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Grant Schumacher
Island Escape (2023)
Island Escape (2023)Science-Fiction နဲ့ Horror ကြိုက်တဲ့သူအတွက် တကယ်ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်အိမ်ကိုတော့ လူမသိသူမသိကျွန်း တစ်ကျွန်းပေါ်မှာ အခြေခံထားပါတယ်။ ဒီကျွန်းက "Elite Soldier" တွေကို မွေးထုတ်ဖို့အတွက် လေ့ကျင့်ပေးတဲ့ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ ဒါပေမဲ့ မတော်တဆမှုတစ်ခုဖြစ်ပြီးနောက်ပိုင်းမှာ ဒီကျွန်းဟာ ပြင်ပလောကနဲ့ အဆက်အသွယ်ပြတ်သွားတယ်။ သုတေသီတစ်ယောက်ဖြစ်တဲ့ စီအီးအိုတစ်ယောက်ရဲ့သမီးကလည်း မတော်တဆမှုထဲပါသွားတဲ့အတွက် စီအီးအိုရဲ့ သမီးကို သွားကယ်ဖို့ ကုမ္ပဏီကနေပြီးတော့ စစ်ပြန်နဲ့ ပရော်ဖက်ရှင်နယ်တစ်စုကို ငှားပါတော့တယ်။ ဒီအဖွဲ့ထဲမှာဆိုရင် ဇာတ်လမ်းရဲ့ မင်းသားဇာတ်ဆောင်နှစ်ဦးဖြစ်တဲ့ ချေ့စ်နဲ့ ရပ်စ်ဆိုပြီးပါလာပါတယ်။ သူတို့နှစ်ယောက်က ဒီစစ်ဆင်ရေးမတိုင်ခင် အရင်စစ်ဆင်ရေးတစ်ခုမှာအတူလုပ်ခဲ့ဖူးကြပေမဲ့ အဲဒီစစ်ဆင်ရေးမှာဖြစ်ခဲ့တဲ့မတော်တဆတစ်ခုကြောင့် ချေ့စ်ဟာ အတိတ်မေ့ရောဂါဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့စိတ်ထဲမှာတော့ ရပ်စ်ကို မယုံသင်္ကာဖြစ်နေခဲ့ပါတယ်။ ဒီတစ်ခေါက်မှာလည်း ချေ့စ်တို့နှစ်ယောက်ဟာ စစ်ဆင်ရေးအတူထွက်ဖြစ်ခဲ့ကြတာပေါ့။လူမသိသူမသိကျွန်းကို ရောက်သွားတဲ့အခါမှာတော့ စစ်ဆင်ရေးထဲပါသွားတဲ့သူတွေအားလုံး ထူးဆန်းတဲ့ဖြစ်ရပ်တွေ တစ်ခုပြီးတစ်ခုနဲ့စတင်ကြုံတွေ့လာရပါတော့တယ်။ ကျွန်းပေါ်မှာ သုတေသီတစ်ယောက်မှ ရှာမတွေ့တော့တဲ့အပြင် အလောင်းများစွာကို ရှာတွေ့ကြပါတယ်။ ...
movie
Island Escape (2023)
2023
4.8
The Tomorrow Job (2023)
The Tomorrow Job (2023) ===================အကယ်၍ ခင်ဗျားတို့သာ မနက်ဖြန်ကို အချိန်ခုန်ကူးခွင့် ရမယ်ဆိုရင် ဘယ်နှယ့်လုပ်ကြမလဲ။ ဆေးတောင့်လေး ကိုသောက်လိုက်။ မနက်ဖြန်ကို တစ်နာရီတိတိအချိန်ခုန် ကူးလို့ရမယ်။ ဒါပေမဲ့ အသိစိတ်ကပဲကူးသွားမှာ။ ခန္ဓာကိုယ် မပါဘူး။ ပြောရရင် ဒီနေ့အချိန်ကခင်ဗျားက မနက်ဖြန်အ ချိန်က ခင်ဗျားရဲ့အသိစိတ်ထဲရောက်ပြီး အဲဒီမနက်ဖြန် အချိန်ကခင်ဗျားက ဒီနေ့အချိန်ကခင်ဗျားရဲ့ အသိစိတ်ထဲ ရောက်လာမယ်ပေါ့။ တစ်နာရီတိတိဖလှယ်သွားကြမယ်။ စာမေးပွဲမေးခွန်းတို့ ဘာတို့ညာတို့ ကြိုမကြည့်ချင်ကြဘူး လား :P ။လီ တို့အဖွဲ့ကတော့ မကောင်းမှုမှာ အသုံးချနေကြပါတယ်။ လီရယ် မာတင်ရယ် ဖင်းရယ် သုံးယောက်သားဟာ မနက် ဖြန်ကိုခုန်ကူးပြီး အချက်အလက်တွေခိုးကြတဲ့အဖွဲ့ပေါ့။ သူတို့ကို ခိုင်းနေတဲ့ နောက်ကွယ်က အဖွဲ့အစည်းကြီးလည်း ရှိပါသေးတယ်။အဲဒီအချိန်ကူးဆေးတောင့်တွေကို Z+လို့ခေါ်ပါတယ်။ မသုံး တတ်ရင်တော့ ရူးတဲ့အထိ ဘေးဖြစ်တတ်ပါတယ်။ တစ်နေ့ ကျ သုံးယောက်သား မစ်ရှင်တစ်ခုလုပ်ရင်း မာတင်သေသွား တဲ့အချိန်ကစပြီး လီနဲ့ဖင်းတို့ ဒီအလုပ်ကိုရပ်ပစ်လိုက်ပေမဲ့ ပြန်စလုပ်ဖို့ အကြောင်းဖန်လာတဲ့အခါ....။ ဒီဆေးတောင့် တွေကရောဘာလဲ။ နောက်ကွယ်ကအဖွဲ့အစည်းကရော ဘာလဲ။ လီတို့တွေ ဒီမပြီးနိုင်တဲ့သံသရာကြီးကို အပြီးဖြတ် နိုင်မှာလားဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.84 GB) / ...
movie
The Tomorrow Job (2023)
2022