Channel Myanmar

Grant Swanby

Blood Diamond (2006) 8.0
Blood Diamond (2006) Blood Diamond (2006) =============== IMDb Rating (8.0) မင်းသားကြီး Leonardo DiCaprio , Djimon Hounsou , ကိုယ်တွေရဲ့မမ Jennifer Connelly တို့ ပါဝင်ထားတဲ့ ဒီရုပ်ရှင်ကားကြီးကတော့ ကြည့်ဖူးသူတိုင်းကြိုက်ကြတဲ့ Adventure ,Thriller,Drama ရသစုံရုပ်ရှင်ဇာတ်ကားပါပဲ။သွေးစွန်းသောစိန် လူကြီးမင်းရဲ့ တစ်သက်တာချစ်ရမယ့်သူရဲ့ ဖယောင်းသွယ်လက်ချောင်းလေးကို စွပ်ပေးလိုက်မယ့် လက်ထပ်စိန်လက်စွပ်လေးမှာ သွေးစွန်းနေခဲ့ရင်လို့ တွေးမိကြမယ်မထင်ပါဘူး။ လူကြီးမင်းအနေနဲ့ အလယ်အလတ်တန်းစားလစာရတဲ့သူတစ်ယောက် လစာကိုအလုံးစုံစုရင်တောင် နှစ်ဆယ်ဂဏန်းစုရမယ့်တန်ဖိုးရှိတဲ့ စိန်လက်စွပ်လေးက ပျိုးပျိုးပြက်ပြက်လက်ပြီး သိပ်လှနေမှာပဲ။ လူကြီးမင်းရဲ့အမျိုးသမီးကလည်း သိပ်ကိုပျော်ရွှင်ကျေနပ်နေမှာပေါ့။စိန်တွေက သွားရင်လာရင်း ခုလုတ်တိုက်ပြီး တွေ့ကြတာမဟုတ်ဘူး။ မြေကြီးထဲကို အနက်ကြီးတူးဆွလို့ အသက်နဲ့ရင်းရှာရတာပဲ။ ရုရှားစိန်တွင်းတွေဆိုရင် အနက်ဆုံးတွင်းတွေထဲမှာပါပါတယ်။ ဒါပေမဲ့ အခုပြောမှာကတော့ အာဖရိကတိုက်ကရတဲ့ စိန်တွေပါ။ ပေါများလွန်းလို့ မြေကြီးပေါ်မှာတင် ရွှေကျင်သလို ကျင်ယူရနိုင်တာမျိုးပေါ့။ ဒါပေမဲ့ အဲဒီစိန်တွေကို ပိုင်ဆိုင်ထားသူတွေက လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြပြီး စိန်ရောင်းရငွေတွေကို လက်နက်တွေဝယ်၊ အာဖရိကတိုက်သား နိုင်ငံသားအချင်းချင်း သတ်ဖြတ်ဖို့ ...
movie

Blood Diamond (2006)

2006
4K HEVC
The Salvation (2014) 6.7
The Salvation (2014)  classic westernကားကောင်းကောင်းကြည့်ချင်တယ်...actionခန်း သေနတ်ပစ်ခန်းကောင်းကောင်းတွေလည်းပါရမယ်..ဇာတ်လမ်းကလည်း Drama Thrillerလေးမှဆိုရင် ဒီကားကိုကြည့်ဖြစ်အောင်ကြည့်ပါဗျာ...။သရုပ်ဆောင်ထားတဲ့ မင်းသားတွေကလည်း ခပ်အေးအေးနဲ့ ဇာတ်ရုပ်နဲ့လိုက်ဖက်လွန်းပါတယ်...။Danish မင်းသားကြီး Mads Mikkelsenရဲ့ သရုပ်ဆောင်ဟန်တွေကိုဒီမှာမြင်တွေ့ရဦးမယ့်အပြင် မင်းသားကြီး Mikael Persbrandtကလည်းအားဖြည့်ပါဝင်ထားပါတယ်...။မင်းသမီးEva Greenဆိုရင် တစ်ကားလုံးစကားတစ်ခွန်းမှမပြောဘဲလူကြမ်းမကြီးအသွင်နဲ့ သရုပ်ဆောင်ပြသွားပါ‌သေးတယ်...။စကားများများမပြောဘဲ ရိုက်ကွင်းရိုက်ကွက်နဲ့ ဇာတ်အိမ်ထဲမျှောပြီးခံစားရမယ့်ကားမျိုးပါ...။ဇာတ်ကြောင်းကလည်းရိုးရိုးရှင်းရှင်းပါပဲ...သားနဲ့ဇနီးက ဗီလိန်တွေသတ်ဖြတ်တာကိုခံလိုက်ရလို့ တုန့်ပြန်လက်စားချေတဲ့ဖခင်တစ်ယောက်ရဲ့ဇာတ်လမ်းပါ...။ခံစားကြည့်ရှုလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်ဗျ...။  File size…1.44GB / 671MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

The Salvation (2014)

Invictus (2009) 7.3
Invictus (2009)  IMDB 7.3/10, RT 76 %, ဆု ၁၂ ဆုနဲ့ ဇကာတင် (အော်စကာဆုအပါအဝင်) ၃၈ ခု ဝင်ခဲ့တဲ့ Sport/Drama အမျိုးအစား ဖြစ်ရပ်မှန်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဝါရင့်သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ Morgan Freeman (The Shawshank Redemption)နဲ့ Matt Damon (The Martian)တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပြီး တောင်အာဖရိကရဲ့ပထမဆုံး လူမည်းသမ္မတ နယ်လ်ဆင်မန်ဒယ်လာရဲ့ လူဖြူ၊ လူမည်း ပြည်သူတစ်ရပ်လုံးကချစ်တဲ့သမ္မတအဖြစ် ကြိုးပမ်းပုံကို ပုံဖော်ရိုက်ကူးထားတာပါ။ဇာတ်လမ်းရဲ့ စ လယ် ဆုံး သုံးပါးလုံးက ခိုင်မာတဲ့ ဖြစ်ရပ်မှန် သမိုင်းနောက်ခံဖြစ်တယ်ဆိုတာနဲ့ အရည်အချင်းပြည့်ဝပြီး ပီပြင်အောင် သက်ဝင်ခံစားနိုင်တဲ့ သရုပ်ဆောင်တွေရယ်၊ ပါဝင်တဲ့ဇာတ်ကောင်တိုင်းက အပြင်လောကမှာ တကယ်ရှိတဲ့ဇာတ်ကောင်တွေကို ပုံဖော်ထားတာရယ်၊ ခမ်းနားကြီးကျယ်တဲ့ ပြိုင်ပွဲရိုက်ချက်တွေရယ်ကြောင့် review ကောင်းများစွာကို ရရှိထားတဲ့ ကားကောင်းတစ်ကားလည်း ဖြစ်ပါတယ်။ဇာတ်ကားရဲ့နာမည် Invictus ...
movie

Invictus (2009)

Starship Troopers 3: Marauder (2008) 5.0
Starship Troopers 3: Marauder (2008) 2008 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Starship troopers 3 ပိုးကောင်တွေနဲ့လူတွေရဲ့ကြားက တိုက်ပွဲအကြောင်းကိုရိုက်ကူးထားတာပါ။ရိုခုဆန်မှာ ပိုးကောင်စစ်ပွဲဖြစ်ပွါးခဲ့ပြီးနောက် ရိုခုဆန်ဒေသခံတွေကစစ်ပွဲကို ဆန့်ကျင်လာခဲ့ပါတယ်၊ အဲဒါကြောင့် ဒေသခံတွေဟာသူတို့နယ်မြေအတွင်းရှိ စစ်သားတွေကို မထီမဲ့မြင်ဆက်ဆံလာပါတယ်။တစ်နေ့မှာတော့ စစ်ဌာနချုပ်ကနေ ဗိုလ်ချုပ်ကြီးအိုမာအနုတ်၊ဗိုလ်ချုပ်ဟောင်ဇာနဲ့ လိုလာဘက်ခ်တို့ လာရောက်လှည့်ပတ်ကြည့်ရှုပါတယ်။အဲဒီအချိန်မှာပဲ ရိုခုဆန်မှာရှိတဲ့ ပိုးကောင်တွေကိုဟန့်တားထားတဲ့ခြံစည်းရိုးလုံခြုံရေး ပျက်ဆီးသွားလို့ ဗိုလ်ချုပ်ဟောင်ဇာကစစ်မြေပြင်ကို ထိန်းချုပ်ပြီး ဗိုလ်ချုပ်ကြီးအိုမာနဲ့လိုလာဘက်ခ်တို့ကဌာနချုပ်ကိုပြန်သွားကြပါတယ်...ဗိုလ်ချုပ်ကြီးအိုမာတို့ယာဉ်ဟာ လမ်းခုလတ်မှာစက်ချို့ယွင်းပြီးကန္တာရတစ်ခုမှာ ပျက်ကျသွားပါတယ်၊ ဌာနချုပ်ကိုကယ်ဆယ်ရေးအကူအညီလှမ်းတောင်းပေမယ့် ဌာနချုပ်က လျစ်လျူရှုခဲ့ပါတယ်။ဗိုလ်ချုပ်ကြီးအိုမာတို့ ဌာနချုပ်ကိုပြန်နိုင်မလား...ကန္တာရထဲမှာ ဘာတွေကြုံတွေ့ရမလဲဆိုတာကိုဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုကြရအောင် File size…  2.4 GB /  1.5 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 45m Genre .....  Action , Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Benni
movie

Starship Troopers 3: Marauder (2008)

2008
The Fall (2006) 7.8
The Fall (2006)  Genre – Adventure, Drama, Fantasy IMBD – 7.8/10 နိုင်ငံပေါင်း ၂၈ နိုင်ငံမှာ ၄ နှစ်ကြာအောင် ရိုက်ခဲ့ပြီး ဆက်တင်မသုံးပဲတကယ့်ရှုခင်းအလှအပ သဘာဝစစ်စစ်တွေနဲ့ Landscapeအလန်းစားတွေ သုံးထားတဲ့ စိတ်ကူးယဉ် ဒရမ်မာကားကောင်းလေးပါ။ရိုက်ထားတဲ့ Cinematography တွေဆိုလည်း ဓာတ်ပုံပညာတတ်စရာမလိုပဲ မြင်လိုက်တာထက် မှင်သက်ရအောင်ထိ မိုက်တဲ့ ရိုက်ချက်တွေLandscape အယူအဆတွေ မြင်ရမှာပါ။ ဒါတင်ပဲလား ရိုက်ချက်တွေရှုခင်းတွေကတော့ ဟုတ်ပါရဲ့ ဇာတ်လမ်းကျ ကောင်းရဲ့လားဆိုပြီးလည်းစိတ်ပူမနေနဲ့ ဇာတ်လမ်းလေးက ရိုးမလိုနဲ့ တင်ဆက်ပုံဆန်းပြီးIMDB မှာက 7.8 ရထားတယ် လူ ၁ သိန်းကျော်ပေးထားတာ Legitဖြစ်ချက်ပဲ။ သရုပ်ဆောင်ထားတဲ့မင်းသားကလည်း ခပ်ဖြောင့်ဖြောင့်နဲ့ ဘဲကြီး Lee Pace နာမည်ကြီးဇာတ်ကောင်တွေ ပြောရရင် Gurdianof the Galaxy ပထမကားထဲက ဗီလိန် Ronan တို့ နောက်ပြီးHobbit ထဲမှာ ပါမန်း Legolas ...
movie

The Fall (2006)

Fried Barry (2020) 5.6
Fried Barry (2020) Fried Barry (2020)===============ဂြိုလ်သားတွေက သင်တို့ရဲ့အနီးပတ်ဝန်းကျင်မှာ လျှောက်သွားနေတယ်လို့တွေးဖူးကြရဲ့လား။တွေးဖူးကြမယ်ဆိုရင်တော့ဒီဇာတ်ကားလေးကသင်တို့ကိုအကြိုက်တွေ့စေမှာပါ။ဘယ်ရီဟာခပ်ဆိုးဆိုးလူတစ်ယောက် . မကောင်းတာမှန်သမျှအကုန်လုပ်ပြီးမူးယစ်ဆေးလည်းစွဲနေခဲ့ပါတယ်။ တစ်နေ့မှာတော့ဘယ်ရီတစ်ယောက်မူးယစ်ဆေးသုံးနေရင်းစိတ်လွင့်သွားပြီး ဂြိုလ်သားတွေဆီရောက်သွားခဲ့ပါတယ်။ ဂြိုလ်သားတွေဟာသူတို့ရဲ့နည်းပညာတွေကိုသုံးပြီး ဘယ်ရီရဲ့ကိုယ်ထဲကိုဂြိုလ်သားတစ်ယောက်ကိုဝင်စေပြီးအစားထိုးခဲ့ပါတယ်။ အဲဒီနောက်မှာ ဘယ်ရီကိုယ်ထဲကို ဝင်နေတဲ့ဂြိုလ်သားက ကမ္ဘာမြေပေါ်မှာလျှောက်သွားရာမှာဘာတွေဆက်ဖြစ်မလဲ။ လူသားတွေနဲ့အံဝင်ဂွင်ကျဖြစ်ပါ့မလားဆိုတာကြည့်ရှုရမှာပါ(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ REX ပဲ ဖြစ်ပါတယ်။) File Size -  (970MB)/(540 MB) Quality – WEBRIP 720p/480p Duration - 1hrs 39min Subtitle – Myanmar Hardsub Format – MP4 Genre : Comedy, Horror, Sci-Fi Translator – REX Encoder – SWM
movie

Fried Barry (2020)

2020