Channel Myanmar

Greg Orvis

Any Given Sunday (1999)
Any Given Sunday (1999) “အိုလာတယ်ဆိုတာ ထန်းလျက်ကို ခွေးလျက်သလိုပဲကွ။အကောင်အထည်လိုက် လျော့သွားတာမျိုး မဟုတ်ဘဲ တဖြည်းဖြည်းလုံးပါး ပါးသွားတာမျိုး”တဲ့။ ဒီဇာတ်ကားထဲက နည်းပြဒါမားတိုးကလည်း အဲ့စကားနဲ့ ခပ်ဆင်ဆင်စကားမျိုး ပြောဖူးတယ်။ ”အသက်ကြီးလာတာနဲ့အမျှ ဘဝက ငါတို့ပိုင်ဆိုင်ထားသမျှကို ဖြည်းဖြည်းချင်း ယူယူသွားတယ်” တဲ့။ ကျွန်တော်တို့ဟာ အသက်အရွယ်အိုမင်းလာတာနဲ့အမျှ ခန္ဓာကိုယ်ကဟိုနားကနာ ဒီနားကနာတာမျိုး၊စိတ်သွားတိုင်း ကိုယ်မပါတော့တာမျိုးတွေ တစ်စတစ်စကြုံလာရတတ်တယ်။ ဒီသဘောတရားတွေဟာ အထူးသဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ အသက်မွေးဝမ်းကြောင်းပြုရတဲ့ အားကစားသမားတွေအပေါ်မှာဆို ပိုပြီးသက်ရောက်မှုရှိတယ်။ ဒီဇာတ်ကားမှာ ခင်ဗျားဘာတွေမြင်ရမလဲဆိုရင် အသက်အရွယ်ကကိုယ့်ခန္ဓာကိုယ်ကို လှမ်းပြီးစကားပြောလာတဲ့အခါမှာ လက်မခံနိုင်တဲ့၊လက်ခံဖို့ငြင်းဆန်တဲ့ ဂန္ဓဝင်ကစားသမားတစ်ယောက်ကို တွေ့ရမယ်။ မမျှော်လင့်ထားတဲ့ အခွင့်အရေးတစ်ခုကြောင့် နေ့ချင်းညချင်းအောင်မြင်လာပြီး အောက်ခြေလွတ်သွားတဲ့ တက်သစ်စကစားသမားတစ်ယောက်ကို မြင်ရမယ်။ဒီလူနှစ်ယောက်ကိုဗဟိုပြုပြီး အသင်းထဲမှာ ပဋိပက္ခတွေဖြစ်လာတဲ့အခါ အဲ့တာတွေ ဖြေရှင်းဖို့ အတတ်နိုင်ဆုံးကြိုးစားနေတဲ့ နည်းပြတစ်ယောက်ကို တွေ့ရမယ်။ ပြောရရင် ဂန္ဓဝင်ကစားသမား ကပ္ပတိန်ရွန်းနီ၊တက်သစ်စ ဝီလီဘီးမန်းနဲ့ နည်းပြဒါမားတိုးတို့ပေါ့။ ဒီရုပ်ရှင်ထဲမှာ သူတို့သုံးယောက်ကို ဗဟိုပြုပြီး ဘောလုံးလောကထဲက ကစားသမားတွေရဲ့ ဘဝတွေ၊အောင်မြင်လာတဲ့အခါ ...
movie

Any Given Sunday (1999)

25th Hour(2002) 7.6
25th Hour(2002) 25th Hour(2002)IMDb...7.6,,,Rotten...78%New Yorkမြို့ပေါ်က မူးယစ်ဆေးရောင်းချသူ မွန်တီဘရိုဂန်လို့ခေါ်တဲ့သူတစ်ယောက်ရှိတယ်...သူဟာ အချိန်အတော်ကြာဒီလောကထဲကျင်လည်ခဲ့ပြီး ပိုက်ဆံတွေတော်တော်များများစုမိဆောင်းလာလို့ပဲလားချစ်သူတစ်ယောက်ရခဲ့လိုပဲလားမသိ... မူးယစ်ဆေးရောင်းချသူအဖြစ်ကနေ နှုတ်ထွက်ပြီး အေးဆေးပဲနေတော့တယ်...အေးဆေးနေတဲ့အချိန်ရောက်မှ တစ်နေ့တော့ရဲတွေ သူ့အိမ်ကိုရောက်ချလာတယ်..ဖမ်းဝရမ်းလည်းပါသလို ပိုက်ဆံတွေမူးယစ်ဆေးတွေကို အလွယ်တစ်ကူရှာတွေ့ပြီးဖမ်းဆီးခဲ့တယ်...ကြည့်ရတာ တစ်ယောက်ယောက်ချောက်ချလိုက်ပုံပါပဲ...ထောင်(၇)နှစ်ကျဖို့ အမိန့်ချပြီး မွန်တီအတွက် တစ်ရက်အချိန်ရခဲ့တယ့်..နောက်နေ့မတိုင်မီဆိုတော့ပြောရရင် ၂၅နာရီပေါ့...ဒီအချိန်အတွင်း သူဘာတွေလုပ်မလဲဆိုတာကိုတော့...ဒီကားထဲက မင်းသားကြီး  Edward Norton ကို အတော်များများသိကြမှာပါ...ဗီလိန်ခန်းဆို ကြည့်နေတဲ့TVပြေးရိုက်ခွဲချင်လောက်အောင် ပီပြင်လှသလို၊ သနားစရာဇာတ်ရုပ်ဆိုလည်း အပြစ်ကင်းတဲ့ကလေးလေးတစ်ယောက်လိုတော်လွန်းလှတာသိကြမှာပါ...ဆုကြီး(၄)ဆုရရှိထားတဲ့ကားမို့ ခံစားကြည့်ကြပါဉီး.....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Khine Khine Wai ပဲဖြစ်ပါတယ်...File Size :(1.04 GB) and (384 MB) Quality : Blu-Ray 720p Format…mp4 Duration…02:15:00 Genre :  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Khine Khine Wai Encoded by Phyo Pyae
movie

25th Hour(2002)

The Courier(2019) 5.5
The Courier(2019) The Courier(2019)(unicode)The Courier 2019 အက်ရှင်ဇာတ်လမ်းတွေကြိုက်နှစ်သက်သူတွေအတွက် ၂၀၁၉ထွက်အက်ရှင်ဇာတ်လမ်းကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ နာမည်ကြီးသူဌေးတစ်ယောက်လူသတ်မှုနဲ့ တရားစွဲခံရပါတော့မယ် သူဌေးလုပ်ငန်းရှင်ပီပီအကျဉ်းထဲတန်းမရောက်ဘဲ နေအိမ်အကျယ်ချုပ်နဲ့အိမ်မှာခဏနေရပါတယ် ဒါပေမယ့် ဒီသူဌေးရဲ့လူသတ်တာကို နစ်ခ်မရှ်ချ်တစ်ယောက် မထင်မှတ်ဘဲတွေ့လိုက်တဲ အဲ့ဒါနဲ့ရဲစခန်းမှာတိုင်ကြားရင်းသက်သေခံထွက်ဆိုပေးဖို့ ဆုံးဖြတ်လိုက်ပြီး စုံစမ်းစစ်ဆေးရေးဌာနလိုက်သွားပါတယ် တစ်ချိန်တည်းမှာပဲ သက်မဲ့သက်သေခံကိုယူလာပေးမယ့် ကောင်မလေးတစ်ယောက်ကလဲစုံစမ်းစစ်ဆေးရေးဌာနကို ယူလာပါတယ် သူဌေးလုပ်ငန်းရှင်ကြီးက ဒီအတိုင်းထောင်ကျခံမယ်အဖြစ်မျိုးတော့သူလက်မခံပါဘူး အဲ့ဒါကြောင့် အေးဂျင့်ရဲတွေကိုလာဘ်ထိုးပြီး သက်ရှိသက်သေခံ နစ်ခ်မက်ချ်ကိုဘယ်လိုသတ်မလဲဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရမှာပါ နောက်ဆုံးမှာတော့ သူဌေးကြီးပဲနိုင်သွားမလား နစ်ခ်မက်ချ်တစ်ယောက် သက်သေထွက်ဆိုနိုင်မလားဆိုတာ ဆက်လက်ကြည့်ပေးကြပါဦး... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်...(zawgyi)The Courier 2019 အက်ရှင်ဇာတ်လမ်းတွေကြိုက်နှစ်သက်သူတွေအတွက် ၂၀၁၉ထွက်အက်ရှင်ဇာတ်လမ်းကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ နာမည်ကြီးသူဌေးတစ်ယောက်လူသတ်မှုနဲ့ တရားစွဲခံရပါတော့မယ် သူဌေးလုပ်ငန်းရှင်ပီပီအကျဉ်းထဲတန်းမရောက်ဘဲ နေအိမ်အကျယ်ချုပ်နဲ့အိမ်မှာခဏနေရပါတယ် ဒါပေမယ့် ဒီသူဌေးရဲ့လူသတ်တာကို နစ်ခ်မရှ်ခ်ျတစ်ယောက် မထင်မှတ်ဘဲတွေ့လိုက်တဲ အဲ့ဒါနဲ့ရဲစခန်းမှာတိုင်ကြားရင်းသက်သေခံထွက်ဆိုပေးဖို့ ဆုံးဖြတ်လိုက်ပြီး စုံစမ်းစစ်ဆေးရေးဌာနလိုက်သွားပါတယ် တစ်ချိန်တည်းမှာပဲ သက်မဲ့သက်သေခံကိုယူလာပေးမယ့် ကောင်မလေးတစ်ယောက်ကလဲစုံစမ်းစစ်ဆေးရေးဌာနကို ယူလာပါတယ် သူဌေးလုပ်ငန်းရှင်ကြီးက ဒီအတိုင်းထောင်ကျခံမယ်အဖြစ်မျိုးတော့သူလက်မခံပါဘူး အဲ့ဒါကြောင့် အေးဂျင့်ရဲတွေကိုလာဘ်ထိုးပြီး သက်ရှိသက်သေခံ နစ်ခ်မက်ခ်ျကိုဘယ်လိုသတ်မလဲဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရမှာပါ နောက်ဆုံးမှာတော့ သူဌေးကြီးပဲနိုင်သွားမလား နစ်ခ်မက်ခ်ျတစ်ယောက် သက်သေထွက်ဆိုနိုင်မလားဆိုတာ ဆက်လက်ကြည့်ပေးကြပါဦး... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်...File Size : (900 MB) and (361 MB) Quality : ...
movie

The Courier(2019)

2019