Channel Myanmar

Greg Wise

Sense and Sensibility (1995) 7.7
Sense and Sensibility (1995)  တိုင်တန်းနစ် မင်းသမီး Kate Winslet ၊ ဟယ်ရီပေါ်တာရုပ်ရှင်တွေမှာ ပါမောက္ခ စနိတ်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Alan Rickman ၊ ဒလောရပ်စ်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကြီး Imelda Staunton၊ House M.d မှာ ဒေါက်တာဟောက်စ်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Hugh Laurie တို့ အပြင်မင်းသမီး Emma Thompson နဲ့ မင်းသား Hugh Grant တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ 1995 ခုနှစ်ထွက် ရုပ်ရှင်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။Jane Austen ရဲ့ 1811 ခုနှစ်မှာထုတ်ဝေခဲ့တဲ့ Sense and Sensibility ဝတ္တုကို ရုပ်ရှင်ပြန်ရိုက်ထားတာဖြစ်ပြီး အော်စကာဆန်ခါတင် နေရာ (၇) ခုအထိ ဝင်ခဲ့တဲ့အပြင် အကောင်းဆုံးဇာတ်ညွှန်းဆုနဲ့ အော်စကာရခဲ့ပါတယ်။ ဒါအပြင် တခြားဆုပေါင်း (၃၃) ခုလည်း ရရှိခဲ့ပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့ ချမ်းသာတဲ့ ...
movie

Sense and Sensibility (1995)

Walking on Sunshine (2014) 5.5
Walking on Sunshine (2014)  ဒီကားကိုတော့ ထွေထွေထူးထူးပြောမနေတော့ပါဘူး posterကြည့်လိုက်တာနဲ့ရွှင်ရွှင်မြူးမြူး Musicalကားလေးဆိုတာ အားလုံးခန့်မှန်းမိကြမှာပါ။Gabriel's Infernoကားတွေရဲ့ မင်းသားချော Giulio Berrutiလည်းပါဝင်ထားပါတယ်။ Meddieဟာ အီတလီနိုင်ငံ ပူလီယာကမ်းခြေမှာ ရည်းစားသက်တမ်းသိပ်မကြာသေးတဲ့ချစ်သူနဲ့ လက်ထပ်ဖို့ပြင်ဆင်နေပါတယ်။ Meddie မသိတာကသူ့ရဲ့ခင်ပွန်းလောင်းဟာ သူ့ညီမTaylorရဲ့ ရည်းစားဟောင်းဖြစ်နေတာကိုပေါ့။Taylor အနေနဲ့လည်း အစ်မဖြစ်သူရဲ့ စပရိုက်စ်အတိုက်ခံလိုက်ရပြီး သူ့ခဲအိုဟာသူမမေ့နိုင်သေးတဲ့ချစ်သူဆိုတော့ ပျာယာတွေခတ်ကုန်တာပေါ့။ ဒါပေမဲ့သူ့အစ်မကောင်းကျိုးအတွက် Taylor ဟာ အရာအားလုံးကို ဖုံးကွယ်ထားဖို့ကြိုးစားပါတော့တယ်။ သူတို့ရဲ့သုံးပွင့်ဆိုင်အချစ်ရေးဟာ ဘယ်လိုဆက်ဖြစ်မလဲ၊အရမ်းချစ်ကြတဲ့ ညီအစ်မနှစ်ယောက်ကရော ဆက်ပြီးအဆင်ပြေပါ့မလား၊သူငယ်ချင်းတွေကရော ဘယ်လိုကူညီပေးကြမလဲဆိုတာ ၈‌‌၀ ခုနှစ်ကနာမည်ကြီးပေါ့သီချင်းတွေနဲ့အတူ မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ကြရမှာပါ။  File size…1.84GB / 961MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 37m Genre ….. Comedy , Drama , Musical Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane
movie

Walking on Sunshine (2014)

Johnny English (2003) 6.2
Johnny English (2003) IMDb Rating (6.2)မင်းသားကြီး Rowan Atkinson ကို မစ္စတာဘင်းအဖြစ် လူသိများကြသလို ဂျွန်နီအင်းဂလစ်ရှ်အဖြစ်လဲ မှတ်မှတ်သားသားရှိကြမှာပါ..." အမှားဆိုတာ ငါ့အဘိဓာန်မှာ မရှိဘူး" ပြောတတ်တဲ့ ဂျွန်နီအင်းဂလစ်ရှ်ဆိုတာ အမြဲတမ်းတလွဲတွေပဲ လုပ်တတ်တဲ့ အင်္ဂလန်နိုင်ငံကိုကယ်တင်နေကျ သူရဲကောင်းအေးဂျင့်တစ်ယောက်ပါပဲ။ဒီကားကတော့ အင်းဂလစ်ရှ်ရဲ့ စပိုင်အေးဂျင့်ဘဝစတင်ဖြစ်ပေါ်လာပုံပါ။MI5 တို့ MI6 တို့ MI7 တို့ဆိုတာ အင်္ဂလန်ပြည်ရဲ့ လျှို့ဝှက်အေးဂျင့်ဌာနတွေပေါ့...ဒီဌာနမှာ အင်းဂလစ်ရှ်ရယ် သူဘာမှားမှားသူ့ဖက်က အမြဲနေတဲ့ သူ့တပည့်ကျော် ဘော့ရယ်က တောက်တိုမယ်ရ လုပ်ရတာပါ...တစ်နေ့တော့ အတော်ဆုံးအေးဂျင့်ဝမ်းဆိုတဲ့လူ သေသွားပါတယ်...သေပုံက အင်းဂလစ်ရှ်သေချာရှာဖွေပေးလိုက်တဲ့ ရေငုတ်သင်္ဘောကုတ်က အမှားကြီးဖြစ်နေလို့ အေဂျင့်ဝမ်းခမျာ ရေငုတ်သင်္ဘောထဲ ဝင်မရဘဲ သေသွားတာပါ..ဒါ့အပြင် ကျန်တဲ့အေးဂျင့်တွေလဲ အလုံခြုံဆုံးဆိုတဲ့ MI7 ဌာနချုပ်မှာ ဗုံးပေါက်လို့ အကုန်ကိစ္စချောသွားပါတယ်။ဒါကြောင့်မလို့ လျှို့ဝှက်အေးဂျင့်ဌာနမှာ အသက်ရှင်ကျန်ရစ်တာဆိုလို့ တောက်တိုမယ်ရ အင်းဂလစ်ရှ်ရယ် သူ့တပည့်ကျော်ဘော့ရယ်ပဲ ရှိပါတော့တယ်။ဒီလိုချိန်ခါမှာ ဝန်ကြီးချုပ်က အေးဂျင့်ဝမ်းကိုင်တွယ်နေတဲ့ကိစ္စတွေကို ဆက်လက်စုံစမ်းဖို့  ဖိအားပေးလာတဲ့အခါမှာတော့ ...
movie

Johnny English (2003)

2003
1080p HEVC
Military Wives (2019) 6.4
Military Wives (2019) Military Wives (2019)================IMDb Rating - 6.4/10#Unicodeဒီကားလေးက ဗြိတိန်စစ်သား ဇနီးသည်တွေရဲ့ ဘဝကို ပြထားတဲ့ကားလေးပါ ။ ဖြစ်ရပ်မှန်လေးကိုအခြေခံထားတဲ့ ကားပါ။ ကာနယ်တစ်ယောက်ရဲ့ ဇနီးဖြစ်သူ ကိတ်ဟာ သားဖြစ်သူကို စစ်ပွဲအတွင်းမှာဆုံးရှူံးလိုက်ရပါတယ်။ လီဆာ သူမက တပ်သားဇနီးသည်တွေကြားမှာ တော်တော်လေး ပေါင်းသင်းဆက်ဆံကောင်းတဲ့ သူပါ။ သူတို့ နှစ်ယောက်ပေါင်းပြီး စခန်းအတွင်းက အမျိုးသမီးတွေ စုပေါင်းလုပ်ဆောင် နိုင်တဲ့ အရာကို လုပ်ဖို့ အထက်က အမိန့်ပေးလာတဲ့အခါ သူတို့ ဘာတွေလုပ်ကြမလဲ ။ ဇနီးသည်တွေကော ချစ်ချစ်ခင်ခင်နဲ့ တစ်စုတစ်စည်းတည်းဖြစ်သွားနိုင်မလား ဆိုတာ ကြည့်ရှုလိုက်ပါအုံး . . .ဇာတ်ကားလေးဟာ ပေါ့ပေါ့ပါးပါးနဲ့အတော်ကြည့်လို့ကောင်းပြီး . Rating အားဖြင့်လည်း 6.4/10 ရရှိထားတဲ့ ဇာတ်ကားကောင်းလေးပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့  Z Naing Z Nianh ပဲဖြစ်ပါတယ်။)#Zawgyiဒီကားလေးက ဗြိတိန်စစ်သား ဇနီးသည်တွေရဲ့ ...
movie

Military Wives (2019)

2019