Channel Myanmar

Grégoire Leprince-Ringuet

A Difficult Year (2023) 6.2
A Difficult Year (2023) အကြွေးတွေပတ်လည်ဝိုင်းနေတဲ့ အဲလ်ဘတ်နဲ့ဘရူနိုဆိုတဲ့ ကလိမ်ကျတတ်တဲ့လူလိမ်နှစ်ယောက်ဟာ အမှတ်မထင်တွေ့ဆုံမိရာကနေခင်မင်သွားခဲ့ပါတယ်သူတို့နှစ်ယောက်ဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ဖို့လှုံ့ဆော်တဲ့တက်ကြွလှုပ်သူများအဖွဲ့ရဲ့ ဟောပြောဆွေးနွေးပွဲမှာ မုန့်နဲ့ဘီယာတွေအခမဲ့တိုက်ကျွေးတယ်ဆိုလို့ တက်ရောက်ရာကနေ ထိုအဖွဲ့ထဲသို့ ဘုမသိဘမသိနဲ့အဖွဲ့ဝင်ဖြစ်လာပါတယ် အဲ့အဖွဲ့မှာတက်ကြွလှုပ်ရှားမှုတွေလုပ်ရင်းနဲ့ သူတို့အတွက် ကိုယ်ကျိုးစီးပွားအမြတ်ထွက်အောင်ခိုးပြီးလုပ်လေ့ရှိပါတယ်ဒါပေမဲ့ အဲလ်ဘတ်တစ်ယောက် အဲ့အဖွဲ့ရဲ့ဦးဆောင်သူ"ဗယ်လန်တိုင်း"ဆိုတဲ့ကောင်မလေးကိုချစ်မိသွားတဲ့အခါမှာ...........ဗယ်လန်တိုင်းကရော အဲလ်ဘတ်က တက်ကြွလှုပ်ရှားမှုတွေမှာ တကယ်စိတ်ပါလို့မဟုတ်ဘဲ အကျိုးစီးပွားအတွက် ပါဝင်ခဲ့တာဆိုတာကိုသိသွားမလား........ File size…(1.8 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:00:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane
movie

A Difficult Year (2023)

The French Dispatch (2021)
The French Dispatch (2021) The French Dispatch (2021)ရုပ်ရှင်တစ်ပုဒ်ဟာ ပြဇာတ်တစ်ပုဒ်လို အိပ်ရာဝင်ပုံပြင်တစ်ပုဒ်လို စိတ်ကူးယဉ်ဆန်ပြီးလှပ​နေပြီဆိုရင် Director Wes Andersonရဲ့လက်ရာ​တွေနဲ့ မကင်းနိုင်ပါဘူး၊ သူ့ဇာတ်ကား​တွေရဲ့ narrativeပုံစံ ဇာတ်လမ်းတင်ဆက်ပုံနဲ့ Uniqueဖြစ်သလို Colorfulလည်းဖြစ်တဲ့ ရိုက်ကွင်းအပြင်အဆင်တွေ​ကြောင့် ရုပ်ရှင်နဲ့မတူဘဲ ပုံပြင်ကမ္ဘာထဲ လက်​တွေ့​ရောက်သွားသလို ခံစားချက်မျိုး၊ The Palais Garnier ပြဇာတ်ရုံမှာ ကိုယ်တိုင်ပြဇာတ်ကြည့်​နေရသလို ခံစားချက်မျိုး ရ​စေတာကို- The Grand Budapest Hotel (2014) နဲ့ - Moonrise Kingdom (2012)မှာ ခံစားခဲ့ရပြီးပါပြီ၊ဒီ ဇာတ်လမ်းကလည်း Wes Andersonရဲ့ ​နောက်ထပ် ရုပ်ရှင်မဟုတ်​သောရုပ်ရှင်၊ ပြဇာတ် မဟုတ်​​သော ပြဇာတ်လို့ ထပ်ရည်ညွှန်းရမယ်ထင်ပါတယ်ဒီဇာတ်လမ်းက​​တော့ Andersonရဲ့ ဝတ္ထုတို​တွေကို ချစ်မြတ်နိုးမှု၊ စာနယ်ဇင်း​လောကကို နှစ်ခြိုက်မှုအ​ပေါ် ရုပ်ရှင်ဇာတ်ကားအဖြစ် အသက်သွင်းလိုက်တဲ့ လက်ရာမွန်တစ်ခုပါပဲ၊ Cast​တွေကလည်း ​ပြေးကြည့်စရာမလို​​​​အောင်ကို ဒိတ်ဒိတ်ကြဲ​ဖြစ်တဲ့၊ သူ့လက်စွဲ​တွေ ဖြစ်တဲ့ - ...
movie

The French Dispatch (2021)

2021
Gloria mundi 2019 6.0
Gloria mundi 2019 Gloria Mundi Review ငွေဆိုတာ ဒုတိယဘုရားသခင်ပါလား လို့ ဒီကားကိုကြည့်ရင်းနဲ့ ရေရွတ်မိတဲ့အထိပါပဲ။ မိမိရဲ့ ကလေးလေးဆိုတာ အိမ်တစ်အိမ်မှာ ပိုက်ဆံရှိမှ ဆည်းလည်းသံလို့ သတ်မှတ်ကြပြီး ပိုက်ဆံမရှိတဲ့အခါ ဒီကလေးကို ဘယ်နားထားရမလဲမသိ မွေးမိတာတောင် မှားသလားလို့ ထင်စေပါတယ်။ ဟုတ်ပါတယ် ဒီဇာတ်လမ်းလေးက ပိုက်ဆံကို မရမကရှာနေရတဲ့ ရှုထောင့်မတူတဲ့ မိသားစုတစ်စု အကြောင်းကို  ရိုက်ပြထားတဲ့ကားလေးပါ။ ကလေးနာမည်က ဂလိုရီယာ တဲ့ ။ ဒါပေမဲ့လည်း သူတို့မိသားစုက ကံမကောင်းခဲ့ပါဘူး ။ ရိုးရိုးသားသား ကြိုးစားနေရင်းနဲ့ ကံမလိုက်လာ တဲ့အခါ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို ပြသာနာတွေက တစ်ခုပြီးတစ်ခုတက်ပါလေတော့တယ်။ ဒီကြားထဲ အမြတ်ထုတ်ချင်တဲ့ ကာမအမှောင်သမားတွေကလည်း ရှိသေးတယ်။ ဘိုးဘိုး ဘွားဘွား ကလည်းမနေရဘူးပေါ့။ သားအချစ် မြေးအနှစ်မလား ။ နောက်ဆုံး တော့ သူတို့မျှော်မှန်းထားတဲ့ ဘဝလေးတစ်ခုကို ရောက်မလား ဒါမှမဟုတ် ကျွန်တော်တို့ မထင်မှတ်ထားတဲ့ ဇာတ်သိမ်းမျိုးဖြစ်လေမလား…. ၁၈နှစ်အထက်လေးတွေ နည်းနည်းပါလို့သတိထားပေးနော်။ သိပ်တော့မရှည်ပါဘူး ရစ်ကြည့်လို့အဆင်ပြေပါတယ်။ ဒီကားကြည့်ပြီးတော့ ကိုယ်တွေကတော့ ငွေအင်အားပြည့်စုံမှပဲ ဆည်းလည်းသံလေးကို အိမ်ထဲခေါ်တော့မယ်လို့ ...
movie

Gloria mundi 2019

2019