Channel Myanmar

Gregory Mann

Guillermo del Toro’s Pinocchio (2022) 8.1
Guillermo del Toro’s Pinocchio (2022) Guillermo del Toro's Pinocchio (2022)သစ်သားရုပ်လေး ပီနိုခီရိုကို ဒါရိုက်တာကြီး ဂီရယ်မိုဒီတယ်ရိုရဲ့ဗားရှင်းအနေနဲ့ ထွက်လာပါပြီ။ ဒါဟာ ဂီရယ်မိုရဲ့ ပထမဆုံး ကာတွန်းရုပ်ရှင်ဖြစ်ပါတယ်။ မူလဇာတ်လမ်းတွေနဲ့ ကွဲပြားစွာပဲ ၁၈၀၀ ခုနှစ်ကိုအခြေမခံဘဲ ပထမကမ္ဘာစစ်အပြီး အီတလီမှာ မူဆိုလီနီအာဏာရချိန် ဖက်ဆစ်အစိုးရ ၁၉၃၀ ဝန်းကျင်ကာလကို အခြေခံထားပါတယ်။ ပုံမှန် Animation မဟုတ်ဘဲ Stop Motion အမျိုးအစားမို့လည်း တစ်မျိုးလေး ဆန်းသစ်ပါသေးတယ်။ ပြီးတော့ ဒါရိုက်တာရဲ့ ထုံးစံအတိုင်း ကလေးပုံပြင်တစ်ခုကိုနည်းနည်းပိုမှောင်မိုက်တဲ့ သဘောတရားတွေနဲ့ ပြသထားတာမို့ လူကြီးပရိသတ်တွေကတော့ ပိုခံစားလို့ကောင်းပါလိမ့်မယ်။ Pan's Labyrinth ရုပ်ရှင်တုန်းကလည်း စပိန်ပြည်တွင်းစစ်ကိုအခြေခံထားသလို ဒီဇာတ်လမ်းကလည်း အီတလီရဲ့တကယ့်နိုင်ငံရေးအခြေအနေကို အခြေခံထားတာပါပဲ။ ပြီးတော့ ပန်းပုဆရာ ဂျီပတ်တိုရဲ့ သေဆုံးသွားတဲ့ သားနာမည်ကိုလည်း ကာလို အဖြစ် ထည့်သွင်းပေးထားပါသေးတယ်။ မူရင်း ပီနိုခီရိုပုံပြင်ကိုရေးခဲ့သူ Carlo Collodi ကို ဂုဏ်ပြုတဲ့သဘောဖြစ်မယ်ထင်ပါတယ်။ ၁ နာရီ ၅၇ မိနစ်အကြာရိုက်ကူးထားတာမို့ အကြာဆုံး Stop Motion ရုပ်ရှင်လည်း ဖြစ်သွားပါပြီ။ ဂီရယ်မိုရဲ့ထုံးစံအတိုင်း နိမိတ်ပုံတွေ၊ ...
movie

Guillermo del Toro’s Pinocchio (2022)

2022
The Guernsey Literary and Potato Peel Pie Society (2018) 7.1
The Guernsey Literary and Potato Peel Pie Society (2018) ဒီဇာတ်ကားလေးက English ရေလက်ကြားက Normandy ကမ်းရိုးတန်းနားမှာရှိတဲ့ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမန်တွေ သိမ်းယူပြီး ခံတပ်တစ်ခုအဖြစ်ပြောင်းလဲခံထားရတဲ့ Gurnsey ဆိုတဲ့ကျွန်းလေးပေါ်က အဖြစ်အပျက်လေးတစ်ခုအဖြစ် ဖန်တီးရိုက်ကူးထားတာပါ။စစ်အတွင်းကအကြောင်းတွေရေးပြီး နာမည်ကြီးလာခဲ့တဲ့ စာရေးဆရာမလေး Juliette Ashton တစ်ယောက် သူရဲ့ဘဝကို မပျော်ပိုက်သလိုဖြစ်နေတဲ့အချိန်မှာGurnsey ကျွန်းပေါ်က Dorsey Adam ဆိုတဲ့ လယ်သမား စာအုပ်ချစ်သူတစ်ယောက်က စာအုပ်တစ်အုပ်ကိုရှာပေးဖို့အကူအညီတောင်းတဲ့ စာကိုလက်ခံရခဲ့ပါတယ်။သူတို့ရဲ့ စာဖတ်အသင်းနာမည်က ဂန်ဆီစာပေနှင့်အာလူးပိုင်မုန့်အသင်းတဲ့။အဲဒီရယ်စရာ ထူးဆန်းတဲ့ နာမည်နဲ့ စာဖတ်အသင်းကိုစိတ်ဝင်စားမိပြီး ကူရှာပေးဖို့ပြောတဲ့စာအုပ်ကို တစ်ခါတည်းပို့ပေးပြီးတော့ အဲ့ဒီအသင်းဖြစ်ပေါ်လာပုံတွေ ဘာလို့အဲဒီနာမည်ဖြစ်နေရတာလဲဆိုတာကိုမေးရင်းနဲ့ အဖြေတွေရလာတဲ့အခါမှာ သူကိုယ်တိုင် Gurnsey ကျွန်းကိုသွားချင်စိတ်တွေပေါ်လာပြီး Gurnsey ကျွန်းကိုရောက်တဲ့အခါမှာ သူနောက်ထပ်ဘယ်လိုဇာတ်လမ်းတွေကိုရှာတွေ့မယ်ဖန်တီးမယ်ဆိုတာကို ကြည်နူးစရာ၊ ဝမ်းနည်းစရာ တွေ့ရမှာပါ။ဒီဇာတ်ကားလေးရဲ့ IMDB Rating ကတော့ 7 ပါ။ကျွန်တော်တို့မှာ မတွေ့ဖူးခင်ကတည်းကရင်းနှီးနေတဲ့မျက်နှာတွေရှိနေပါသလား ရှိခဲ့မယ်ဆိုရင် အဲဒီသူနဲ့ ကျွန်တော်တို့ သက်ဆိုင်သလို အဲဒီလူကလည်းကျွန်တော်တို့နဲ့ သက်ဆိုင်နေမှာအသေအချာပါပဲ။(d3mon ဘာသာပြန်တင်ဆက်ပေးထားပါတယ်)File ...
movie

The Guernsey Literary and Potato Peel Pie Society (2018)

2018