Channel Myanmar

Greta Fernández

Elisa & Marcela (2019) 6.4
Elisa & Marcela (2019) ဒီရုပ်ရှင်လေးဟာဆိုရင် စပိန် ရိုမန်စ့် အတ္ထုပ္ပတ္တိ ဆန်ဆန် ရုပ်ရှင်ဖြစ်ပါတယ် ၁၉၀၀ ပြည့် ဝန်းကျင်တွေမှာ အမျိုးသမီးတွေကို ပညာသင်ကြားခြင်းနဲ့ပတ်သတ်လို့ ရှေးရိုးစွဲ အယူအဆများ ရှိနေတုန်းပဲ ဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ် ဒီမှတ်တမ်းရုပ်ရှင် ထူးခြားချက်ကတော့ အဓိက ဇာတ်ရုပ်ဖြစ်တဲ့ အမျိုးသမီးနှစ်ယောက်ဟာ လိင်တူချစ်ကြိုက်မှု အပေါ် ပြင်းထန်စွာ တုန့်ပြန်ခဲ့တဲ့ ၁၉၀၀ ဝန်းကျင် လူ့အသိုင်းအဝိုင်းထဲမှာ ကမ္ဘာ့ပထမဦးဆုံး တရားဝင်လက်ထပ်ခဲ့တဲ့ Lesbian စုံတွဲဖြစ်ပါတယ် သူတို့နှစ်ယောက် ချစ်ခြင်းမေတ္တာဟာ ခက်ခဲ ကြမ်းတမ်းတဲ့ လူအဖွဲ့အစည်းကြားထဲမှာ ဘယ်လိုပုံစံနဲ့ တည့်မြဲခဲ့သလဲ ဆိုတာကိုကြည့်ရှူခံစားရမှာဖြစ်ပါတယ် အသိုင်းအဝိုင်းရဲ့ ဖိနိုပ်တွေကြောင့် စပိန်နိုင်ငံမှ ပေါ်တူကီ နိုင်ငံအထိ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာတွေ ထောင်ကြခဲ့ရတာတွေ နောက်ဆုံး အကျဉ်းထောင်ထဲတွင် မီးဖွားရသည်အထိ အခြေအနေဆိုးခဲ့သည် တိုင်အောင် သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာက ခိုင်မြဲခဲ့သည် (ဒီကိုယ်ဝန်ရသွားခြင်းကလည်း ထူးခြားသည့်အချက်တစ်ခုဖြစ်ခဲ့သည်) မွေးရပ်မြေ စပိန်တွင် ကံဆိုးမိုးမှောက်ကျခဲ့ရသမျှ သည် ပေါ်တူဂီ မြေပေါ်တွင် စာနာသနားသူများအကူအညီများစွာနှင့် လွတ်မြောက်ခဲ့ရပြီး အာဂျင်တီးနားတွင် အသက်ထက်ဆုံးနေထိုင်ခဲ့ကြသည့်  အီလီဆာ နှင် မာဆီလာတို့ စုံတွဲ အကြောင်း ကို ဖော်ကျူးထားသည် ရုပ်ရှင်ဖြစ်ပါတယ် 18+ အသက်၁၈ နှစ်မပြည့်သူများ ကြည့်ရှူရန် မသင့်သည့် ဇာတ်ဝင်ခန်းများပါရှိသည် ရုပ်ရှင်ကားကို Nyan Lin Oo ...
movie

Elisa & Marcela (2019)

2019
Sunday’s Illness(2018) 7.0
Sunday’s Illness(2018) Sunday's Illness(2018) IMDb....7.0 ကလဲရာ ဆိုတဲ့ ကလေးမလေး အသက်ရှစ်နှစ်အရွယ်မှာ မိခင်ဖြစ်သူရဲ့စွန့်ပစ်ခြင်းခံခဲ့ရတယ်..... သုံးဆယ့်ငါးနှစ်ကြာပြီးတဲ့နောက်မှာတော့ ကလဲရာဟာ သူ့အမေကို လိုက်ရှာပြီးသူနဲ့အတူ ဆယ်ရက် နေပေးဖို့ တောင်းဆိုခဲ့တယ်... ကလဲရာအတွက် အမေကိုလွမ်းဆွတ်လို့ အတူနေချင်လို့တောင်းဆိုတာမဟုတ်ပါဘူး.. သူမမှာ သီးခြားအကြောင်းတွေရှိပါသေးတယ်... ဒါ့အပြင် အဖေနဲ့ပတ်သက်တာတွေလည်း လိမ်လည်ထားပါသေးတယ်... သို့ပေမယ့် သူမရဲ့ အမေဖြစ်သူဟာ ကလဲရာမှာ လျှို့ဝှက်ချက်တွေရှိတယ်ဆိုတာကိုရိပ်မိတဲ့အတွက် (၁၀)ရက်အတူနေပြီး သိအောင်ကြိုးစားတဲ့အခါမှာတော့... ကလဲရာဘာတွေလျှို့ဝှက်ထားတာလဲ... အမေဖြစ်သူကရော ဘာလို့စွန့်ပစ်ခဲ့တာလဲ... ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ခံစားကြည့်လိုက်ပါ... ဒီကားက ဆုပေါင်း(၇)ဆုရရှိထားသလို အခြားဆု(၁၂)ဆုအတွက်လည်း ဆန်ကာတင်ရွေးချယ်ခံထားရပါတယ်.. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ SCRN ပဲဖြစ်ပါတယ်... File Size : (896MB) and (366 MB) Quality : WEB-DL 720p, Format…mp4 Duration…01:53:00 Genre :  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by SCRN Encoded by Phyo Pyae
movie

Sunday’s Illness(2018)

2018
Loving 5.3
Loving Amar 2017 သို့မဟုတ်​ LOVIING 2017လို့ခေါ်တဲ့ ဒီကားလေးဟာဆိုရင်​ April 21 2017မှာထွက်​ရှိခဲ့တဲ့ကားကောင်းလေးတကားဖြစ်​ပါတယ်​။ ဒီကားလေးကိုတော့ စပိန်​နာမည်​ကြီးဒါရိုက်​တစ်​ဦးဖြစ်​တဲ့ Esteban Crespoကရိုက်​ကူးပေးခဲ့တာဖြစ်​ပြီးတော့ ဇာတ်​ညွှန်းရးရာမှာလည်းသူကိုယ်​တိုင်​အပါအဝင်​ အခြားဇာတ်​ညွှန်းရေးဆရာတွေနဲ့ပူပေါင်းရေးသားခဲ့တာဖြစ်​ပါတယ်​။ထူးခြားတာခုကတော့ ဒီကားမှာနားမည်​ကြီးစပိန်​စီးရီးတခုဖြစ်​တဲ့ Money Heistထဲကမင်းသမီးတလက်​ပါဝင်​သရုပ်​ဆောင်​ထားတာဖြစ်​ပြီးတော့ သူမရဲ့ကောက်​ကြောင်းအလှအပတွေကိုတဝကြီး ခံစားကြည့်​ရှုကြရမှာဖြစ်​ပါတယ်​။ ဇာတ်​လမ်းအမျိုးအစားလေးကတာ့ လူငယ်​သဘာဝဆန်​ဆန်​Drama / Romance ကားလေးဖြစ်​ပါတယ်​။ဇာတ်​လမ်းအညွှန်းလူငယ်​စုံတွဲနှစ်​ဦးဖြစ်​တဲ့ ကားလို့စ်​နဲ့လော်​ရာတို့ဟာပထမဆုံးသောအချစ်​မှာတင်​ပဲပြင်းပြင်းပြပြနဲ့နေ့ရက်​တိုင်းကိုနောက်​ဆုံးရက်​လိုသဘောထားပြီးချစ်​ကြပါတယ်​။ဒါပေမဲ့အချစ်​တို့မည်​သည်​ဖြောင့်​ဖြူးရိုးထုံးစံမရှိဆိုသလိုပါပဲ သူတို့ရဲ့အချစ်​ရေးမှာလည်း ခြံခုန်​တာတွေ စနှိက်​ကျော်​တာတွေရှိလာပါတယ်​။ဒါပေမဲ့လည်း သူတို့နှစ်​ဦးဟာနောက်​ဆုံးအချစ်​ကြောင့်​ ဘယ်​လိုတွေခံနိုင်​ရည်​ရှိပြီးကျော်​ဖြတ်​ကြမလဲဆိုတာကို ရင်​သပ်​ရှု့မောဖွယ်​အလှအပများနဲ့ ခံစားကြည့်​ရှုရမှာဖြစ်​လို့ သင်​သာအချစ်​ဇာတ်​လမ်းကောင်းတွေကြိုက်​တယ်​ဆိုရင် ​ ကြည့်​ရှုသင့်​တဲ့ကားလေးတကားပြဲဖစ်​ပါတယ်​........ ထပ်ပြီး သတိပေးချင်တာက 18+ Movie ဖြစ်တဲ့အတွက် အသက်မပြည့်သေးသူများ ကြည့်ရှုရန် မသင့်တော်ပါ ဒီရုပ်ရှင်ကို Jake က ဘာသာပြန်ပေးထားပါတယ်
movie

Loving

2017