Channel Myanmar
Greta Scacchi
Run Rabbit Run (2023)
Run Rabbit Run (2023) Netflix​ ရဲ့နောက်ဆုံးထွက် Psychological Horror ရုပ်ရှင်အမျိုးအစားဖြစ်တဲ့ Run Rabbit Run က​ သြစတြေးလျ​ရုပ်​ရှင်​ဖြစ်ပြီး​ ဇွန်​ 28​ ရက်နေ့မှာ Netflix​ မှာ​စတင်ထုတ်လွှင့်ခဲ့ပါတယ်။ ဒီဇာတ်ကားကို Sundance ရုပ်ရှင်​ပွဲတော်​မှာလည်း​ premier အဖြစ်​ပြသခဲ့ပါသေးတယ်။ Succession မှာ​ ပါဝင်ခဲ့တဲ့ Sarah Snook က​ အဓိက​ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ Sarah က​ မျိုး​ဥနဲ့သားအောင်ခြင်းဆိုင်ရာ​ ဆရာဝန်တစ်ဦးဖြစ်ပြီး သဘာဝလွန်ဖြစ်ရပ်များကိုမယုံကြည်သူ လက်တွေ့ကျသူတစ်ဦးဖြစ်ပါတယ်။ Sarah မှာ​ Mia လို့ခေါ်တဲ့သမီးလေးနဲ့အတူရှိပြီး ခင်​ပွန်းဖြစ်သူ​ Pete​ နဲ့ကွာရှင်းထားပါတယ်။ တစ်နေ့​မှာတော့​ သမီးဖြစ်သူ Mia က​ ထူးထူးဆန်းဆန်းအပြုအမူတွေကို​ ပြုမူလာပြီး​ တစ်နေ့​တခြား​ Mia ရဲ့အခြေအနေက ပိုမိုဆိုးရွားလာချိန်မှာတော့ Sarah တစ်ယောက်​ သူမေ့ထားတဲ့အတိတ်ဟောင်းတစ်ခုရဲ့​ခြောက်လှန့်မှုကို​ ရင်ဆိုင်​ရပါတော့တယ်။ Run​ Rabbit​ Run​ ဇာတ်ကား​က​ စိတ္တဇ​ Horror ဇာတ်ကား​မျိုးဖြစ်ပြီး​ တခြားသော ...
movie
Run Rabbit Run (2023)
The Royal Nanny (2022) 6.9
The Royal Nanny (2022) The Royal Nanny (2022)ငယ်ငယ်တုန်းက ကြည့်ခဲ့ရတဲ့ spy kids တို့ spy next door တို့လိုမျိုး ပေါ့ပေါ့ပါးပါးလဲဖြစ်မယ် ခိုင်မာတဲ့ဇာတ်အိမ်လေးလဲရှိမယ် မိသားစုနဲ့အတူ ပျော်ပျော်ပါးပါး အပန်းဖြေကြည့်ရှုဖို့ဆိုရင်တော့ နောက်ဆုံးထွက်လာတဲ့ ဒီဗြိတိန်ကားလေးကို ညွှန်းဆိုပေးပါရစေ ‌ ဗြိတိန်တော်ဝင်မိသားစုကို အန္တရာယ်ပေးမယ့်သူတွေရှိနေလို့ အနီးကပ်အသွင်ယူအနေနဲ့ ကလယ်ရာဟာ ‌ကလေးထိန်းအဖြစ်တာဝန်‌ထမ်းဆောင်ဖို့ အကြောင်းဖန်လာပါတယ် ဒီခြိမ်းခြောက်မှုကို ကြိုးကိုငါနေတာဘယ်သူလဲဆိုတာ ဇာတ်လမ်းအဆုံးထိ စိတ်ဝင်တစားကြည့်ရှုရမယ့်အပြင် ခရစ္စမတ်လို ဟောလီဒေးvibe ကို ရရှိနေမှာမလို့ ပရိသတ်ကြီးတို့ အပန်းဖြေကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Romance Quality…. 1080p | 720p | 480p File size… 1.5GB | 688MB | 329MB Format… mp4 Duration…. 1h 24min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Sai ...
movie
The Royal Nanny (2022)
2022
Flightplan
Flightplan ဒီရုပ်ရှင်က Psychological Thriller အမျိုးအစားပါ၊ အတူလိုက်ကြည့်ရင်း ခေါင်းစားလိုက် ရင်ခုန်လိုက်ပေါ့။မိခင်တစ်ယောက်ဆိုတာ သွားရှုပ်လို့မရဘူးဆိုတဲ့ မက်ဆေ့ချ်လေးပေးချင်တဲ့ ကားကောင်းလေးတစ်ကားလာပါပြီပရတ်ဆိုတဲ့ အမျိုးသမီးဟာ ယောကျ်ားဆုံးသွားလို့ သမီးလေးနဲ့အတူ အမေရိကန်က လောင်းအိုက်လန် ကိုပြန်ပြီးသဂြိုလ်ဖို့အတွက် ဘာလင်ကနေထွက်လာတာပါ သူကလေကြောင်းအင်ဂျင်နီယာဆိုတော့ သူစီးမယ့်လေယာဉ်ရဲ့ အစိတ်အပိုင်းတွေအားလုံးကိုလည်း သေသေချာချာသိတဲ့ သူတစ်ယောက်ပေါ့အဲဒီလိုနဲ့ လေယာဉ်စထွက်ပြီးမကြာခင်မှာပဲ သူ့သမီးလေးက လေယာဉ်ပေါ်မှာပျောက်သွားခဲ့တာပါ ထူးထူးဆန်းဆန်းကိစ္စဆိုတော့ သူများတွေကလည်း သိပ်မယုံကြဘူးပေါ့ လေယာဉ်မှူးကိုယ်တိုင်က မယုံချင်ချင်နဲ့ ရှာပေးရှာတော့တာပါပဲ အဲဒီမှာ သူ့ကိုစိတ်ကယောင်ကတမ်းဖြစ်တယ်ဆိုပြီး လေကြောင်းရဲက ထိန်းသိမ်းထားရပါတော့တယ် တကယ်တော့ သူက တကယ်ပဲစိတ်ရောဂါဖြစ်နေတာလား သူ့သမီးလေးကရော တကယ်ပါလာရဲ့လား လေယာဉ်ပေါ်မှာရော ဘာတွေဆက်ဖြစ်မှာလဲဆိုတာ စိတ်လှုပ်တရှားနဲ့ကြည့်လို့ကောင်းတဲ့ ကားဟောင်းလေးတစ်ကားပါပဲFile size…(1.54GB)/(719MB)/(524.78MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:38:00 Genre...Thriller/Mystery/drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....Garfield
movie
Flightplan
Shepherd (2021)
Shepherd (2021) Shepherd (2021) ============ Horror/Drama / Mysteryမိဘထက် ဇနီးသည်ကို ပိုချစ်ခဲ့တဲ့ ခင်ပွန်းကောင်းလေး အဲရစ်၊ တခြားကောင်နဲ့ ဖောက်ပြန် ကိုယ်ဝန်ရှိနေတဲ့ ဇနီးသည်ကို လောလော လတ်လတ်မြေမြုပ်ခဲ့တဲ့ အဲရစ်၊ ခြေရာဖျောက်ဖို့ ကြိုးစားရင်း လှေမောင်း သမားအမျိုးသမီးတစ်ယောက်နဲ့ ချိတ်ဆက်ပေးမှုကြောင့် လူသူမရှိတဲ့ စကော့တလန်ကျွန်းတစ်ခုမှာ သိုးထိန်းလာလုပ်နေတဲ့ မစ္စတာဘလက် (အဲရစ်)။ တစ်ယောက်တည်းရှိတဲ့အချိန်တွေမှာ ပိုပြီးစဉ်းစားမိ ပိုပြီးတွေးမိတတ်ကြသလို သိုးထိန်းကြီးမစ္စတာအဲရစ်ဘလက်ဟာလည်း အထီးကျန်ကျွန်းမှာ ဘက်စ်တာဆိုတဲ့ ခွေးလေးနဲ့ အလုပ်တွေလုပ်နေရင်း ဇနီးသည်ရဲ့ အဖြစ်အပျက်အကြောင်းကို ပိုပြီး စဉ်းစားမိနေခဲ့တယ်။ဒါပေမယ့် ဒီလိုအတွေးတွေကနေ တွေးမိရုံကနေ အဆင့်တက်ပြီး ပုံမှန်မဟုတ်တဲ့ အမြင်အာရုံ အကြားအာရုံတွေဖြစ်ပေါ်လာရာက ထင်ယောင်မှားမှုတွေ လွှမ်းမိုး သွားတဲ့အခါ . မစ္စတာအဲရစ်ဘလက်တစ်ယောက် သူ့ရဲ့ ရူးနှမ်းသလိုဖြစ်မှုတွေကို ဘယ်လိုထိန်းချုပ်သွားမလဲ။ လက်ခံထားတဲ့အရာနဲ့ အမှန်တရားက ထပ်တူကျရဲ့လား။ ဘယ်ဟာကို အမှန်တရားလို့ လက်ခံပြီး ရွေးချယ်လိုက်မလဲဆိုတာကို ရင်တထိတ်ထိတ် ကြည့်ရမှာပါ။ ဒီကားမှာ မစ္စတာအဲရစ်ဘလက်ရဲ့ အသံတိတ်အော်ဟစ်မှုတွေကြောင့် ကြည့်နေတဲ့သူပါ မွန်းကြပ်လာလောက်အောင်ထိလည်း ဇာတ်လမ်းကဆွဲဆောင်နိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jerrica ဖြစ်ပါတယ်)File Size - (1.34 GB) / ...
movie
Shepherd (2021)
Waiting for the Barbarians (2020) 5.9
Waiting for the Barbarians (2020) စာပေဆုတွေရရှိခဲ့တဲ့ J.M. Coetzee ရဲ့Waiting For The Barbarians ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြောင်းလဲရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ဝတ္ထုရဲ့စာရေးဆရာကပဲ ရုပ်ရှင်အတွက် ဇာတ်ညွှန်းကို ရေးသားခဲ့တာပါ။ဒီရုပ်ရှင်မှာ အောင်မြင်ကျော်ကြားကြတဲ့ မင်းသားတွေဖြစ်ကြတဲ့ Mark Rylance၊မင်းသားကြီး Johnny Depp နဲ့ Robert Pattinson တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ အင်ပါယာတစ်ခုမှာ အပါအဝင်ဖြစ်တဲ့ တိုင်းပြည်တစ်ခုရဲ့ နယ်စပ်စွန်းဖျားတပ်စခန်းတစ်ခုမှာ ဇာတ်အိမ် အခြေတည်ထားတယ်။အဲ့ဒီဒေသဟာ တိုင်းပြည်ရဲ့‌ဝေးလံခေါင်ဖျားနေရာ ကန္တာရအလယ်မှာ တည်ရှိနေတယ်။အချိန်အပိုင်းအခြားတစ်ခုတိုင်း အဲ့ဒီနယ်စပ်တစ်လျှောက်မှာ ဖြစ်ပျက်တတ်တာက ဘာဘေရီယန်တွေနဲ့ပတ်သက်တဲ့ ဆူပူအုံကြွမှုပါပဲ။ဘာဘေရီယန်တွေကို ဘယ်ယဥ်ကျေးမှုအဖွဲ့အစည်းတစ်ခုနဲ့မှ ပတ်သက်ခြင်းမရှိတဲ့ယဥ်ကျေးမှုအဆင့်အတန်းမဲ့ လူမျိုးစုတွေလို့ သတ်မှတ်ကြတယ်။  သူတို့က နိုမက်လို့ခေါ်တဲ့ ခြေသလုံးအိမ်တိုင် လှည့်လည်သွားလာကြသူတွေလည်း ဖြစ်တယ်။ အဲ့ဒီ နယ်စပ်ဒေသမြို့မှာ တရားသူကြီးမင်းတစ်ယောက်ရှိတယ်။ တရားသူကြီးမင်းက ဘယ်ဒေသခံအပေါ်မှ ထိခိုက်စေလိုခြင်းမရှိတဲ့ငြိမ်းငြိမ်းချမ်းချမ်း အလုပ်လုပ်တတ်သူဖြစ်တယ်။ သူ့ရဲ့ အေးချမ်းတဲ့တည်ရှိမှုဟာ ကာနယ်ဂျိုးလ်ရဲ့ ရောက်ရှိလာမှုနဲ့အတူ ကွယ်ပျောက်တော့မှာဖြစ်ပါတယ်။ ကာနယ်ဂျိုးလ်ဟာ ...
movie
Waiting for the Barbarians (2020)
The Player(1992) 7.5
The Player(1992) The Player (1992) အညွှန်း *************************** IMDb rating ...... 7.5/10 Rotten Tomatoes 98% (ဒီထဲကမင်းသားကThe Shawshank Redemption (1994)ထဲမှာ စကားလေးမပွင့်တပွင့်ပြောရင်းကျွန်တော်တို့နှလုံးသားကို သိမ်းပိုက်သွားတာအားလုံးသိကြမယ်ထင်ပါရဲ့)Hollywood ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးလောကမှာ ထုတ်လုပ်သူတစ်ယောက်လုပ်ရတာဟာ ထင်သလောက်မရိုးရှင်းလှပါဘူး....စာရေးဆရာတွေဆီက တစ်ရက်တစ်ရက်ကို ကမ်းလှမ်းလာတဲ့ ရာနဲ့ချီသော ဇာတ်လမ်းပေါင်းစုံကို နားထောင်ပြီး ဇာတ်ကားရိုက်သင့်မရိုက်သင့် ဆုံးဖြတ်ပေးရပါတယ်...ကမ်းလှမ်းလာသမျှဇာတ်လမ်းတိုင်းကို ထုတ်လုပ်သူတစ်ယောက်အနေနဲ့ လက်ခံဖို့မဖြစ်နိုင်တဲ့အခါစာရေးဆရာတွေရဲ့ မုန်းတီးမှုကိုခံကြရပါတယ်...ဂရစ်ဖင်န် မေးလ် ဟာလည်း ဟောလီးဝုဒ်နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးစတူဒီယိုတစ်ခုရဲ့ အကြီးအကဲတွေထဲက တစ်ယောက်ပါ...တစ်နေ့မှာတော့ သူ့ဆီကို အမည်မသိ စာရေးဆရာတစ်ယောက်ဆီက ခြိမ်းခြောက်စာတွေ အဆက်မပြတ်ရောက်လို့လာခဲ့ပါတယ်...ဒီချိန်းခြောက်စာတွေဟာ တစ်ရက်ထဲမဟုတ် အကြိမ်ရေများလာတဲ့အခါမှာတော့ဂရစ်ဖင်တစ်ယောက် စိတ္တဇဖြစ်လာတယ်...အဲ့ဒီနောက် ဒီကိစ္စကို တစ်ယောက်ထဲဖြေရှင်းဖို့ကြိုးစားတော့တယ်...အဲ့ဒီအချိန်ကစပြီး မဟာပြဿနာပေါင်းစုံတက်တော့တာပါပဲ...…ဒီဇာတ်ကားဟာ တစ်ခေတ်တစ်ခါရဲ့ နာမည်ကျော်မင်းသားကြီး Tom Robbins ဦးဆောင်ထားပြီး Greta Scacchi နဲ့ အခြား နာမည်ကြီးသရုပ်ဆောင်များစွာပါ၀င်ထားပါတယ်... ဒါ့အပြင် ဆုပေါင်း (၁၄) ဆုအထိဆွတ်ခူးထားပြီး ၀က်၀က်ကွဲအောင်မြင်ခဲ့တဲ့ဇာတ်ကားကောင်း တစ်ကားလည်းဖြစ်ပါတယ်ဇာတ်လမ်းအစမှ အဆုံးအထိ ရင်တထိတ်ထိတ်ကြည့်ရမဲ့အပြင် ယနေ့ခေတ်နဲ့မတူ ...
movie
The Player(1992)
Operation Finale 2018 6.6
movie
Operation Finale 2018
2018