Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Grēta Trušiņa
6.0
Neon Spring (2022)
Latvia ဆိုတဲ့ဥရောပနိုင်ငံတစ်ခုက ဒရာမာအမျိုးအစားရုပ်ရှင်ကားလေးပါဗျ။အဖေနဲ့အမေကအိမ်ထောင်ရေးအဆင်မပြေတဲ့ကောင်မလေးတစ်ယောက်ရဲ့လူငယ်ဘဝလေးအကြောင်းကိုရိုက်ပြထားတာပါ။ ဇာတ်လမ်းအကြောင်းပြောရင်တော့ "လိုင်း" ဆိုတဲ့အသက် ၂၀အရွယ်ကောင်မလေးရှိပါတယ်။ သူမရဲ့မိဘတွေဟာအိမ်ထောင်ရေးအဆင်မပြေကျတော့ သူမကစိတ်ထွက်ပေါက်ရှာတဲ့အနေနဲ့ သူငယ်ချင်းတစ်ယောက်နဲ့အတူ DJ ပွဲတစ်ခုကိုရောက်သွားခဲ့ပါတယ်။ အမေကနိုင်ငံခြားရောက်နေပြီးအဖေကလည်းအိမ်နဲ့အလုပ်ပဲဖြစ်နေတော့ သူမဟာ DJ ပွဲတွေကိုအမြဲတမ်းလိုလိုသွားဖြစ်ခဲ့ပါတယ်။ DJ ပွဲကနေသူငယ်ချင်းတွေရပြီးအချစ်ကိုလည်းတွေ့ရှိသွားပါတယ်။ဒီလိုနဲ့ဆေးတွေပါသုံးလာပါတယ်။ ပြီးတော့ "လိုင်း" မှာမောင်လေးတစ်ယောက်ရှိပါတယ်။မောင်လေးကလည်းမိသားစုကအဆင်မပြေတော့အပြုအမူတွေကပုံမှန်မဟုတ်ပဲဆေးခန်းပြနေရတာပါ။ အမေကနိုင်ငံခြားမှာ၊အဖေကလည်းအလုပ်တစ်ဖက်နဲ့ဆိုတော့မောင်လေးအတွက်မိဘဆရာဆွေးနွေးပွဲသွားတာမျိုး စတဲ့မောင်လေးရဲ့တာဝန်ကိုလည်းယူပေးရပါတယ်။ ဒီရုပ်ရှင်ကားလေးက မိသားစုအဆင်မပြေမှု၊ချစ်ခြင်းမေတ္တာ၊ဆေးသုံးတာ စတဲ့အရာတွေကြားဗျာများနေတဲ့ကောင်မလေးအကြောင်းကိုရိုက်ထားတာပါ။ခံစားကြည့်ကြပါခင်ဗျာ။File size…(1.7 GB)/(940 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM
movie
Neon Spring (2022)
7.3
Blizzard of Souls (2019)
Blizzard of Souls (2019)The Rifleman လို့လည်း လူသိများတဲ့ ဒီဇာတ်ကားလေးဟာ ပထမ ကမ္ဘာစစ်ကာလက အသက် ၁၆ နှစ်အရွယ် လူငယ်လေးတစ်ယောက်အကြောင်း ဖြစ်ရပ်မှန်ကို အခြေပြုထားတာပါ။ သူရဲကောင်းဖြစ်ချင်တဲ့စိတ်နဲ့ ပထမကမ္ဘာစစ်ကို ဝင်တိုက်ခဲ့ပေမဲ့ စစ်ရဲ့ အနိဌာရုံတွေကို မြင်တွေ့ခဲ့ချိန်၊ ကိုယ့်ရဲ့ မိသားစုဝင်ကိုပါ ဆုံးရှုံးလိုက်ရချိန်မှာတော့ သူ့ရဲ့ ဦးတည်ချက်က သူရဲကောင်းဖြစ်ဖို့မဟုတ်တာ့ဘဲ အမိတိုင်းပြည်မှာ မိသားစုဝင်တွေကို တစ်စုတစည်းတည်း ပြန်ဖြစ်စေဖို့ ကြိုးစားပုံတွေကို ရိုက်ကူးပုံဖော်ထားတာပါ။ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ...အချိန်အားဖြင့် 1900 ကျော် ပထမကမ္ဘာစစ်ကြီးဖြစ်ခါနီးအချိန်ပေါ့၊ လာဗီယာဆိုတဲ့ ရုရှားနဲ့ ဂျာမနီနိုင်ငံကြားက နိုင်ငံငယ်လေးတစ်ခုမှာ အာတူ့စ်ဆိုတဲ့ ချာတိတ်လေးတစ်ယောက်ဟာ သူ့မိဘနှစ်ပါးရယ် အစ်ကိုဖြစ်သူရယ်နဲ့ နေထိုင်ပါတယ်။ပထမကမ္ဘာစစ်ကြီးစဖြစ်တော့ သူ့မိခင်ကို ဂျာမန်စစ်သားတွေက သတ်သွားတယ်။ စစ်ပြန်ဖခင်ဖြစ်သူနဲ့ သူတို့ညီအစ်ကိုနှစ်ဦးလည်း လာဗီယာတပ်ဖွဲ့ထဲဝင်ပြီး စစ်တိုက်ထွက်ကြရတဲ့အချိန်ပေ့ါ။အဲဒီချိန်မှာ လာဗီယာနိုင်ငံက ရုရှားလက်အောက်ခံအဖြစ်ပဲ ရှိပါသေးတယ်။ ရုရှားအတွက် စစ်တိုက်ပေးရင်း ဆိုဗီယက်ရုရှားဟာ ...
movie
Blizzard of Souls (2019)
2019