Channel Myanmar

Gretchen Corbett

Lorelei (2020) 6.4
Lorelei (2020)  အမျိုးသမီးဒါရိုက်တာ Sabrina Doyle ရိုက်ကူးပြီး 2020 မှာရုံတင်ပြသထားတဲ့Lorelei ရဲ့ ဇာတ်လမ်းအကျဥ်းကို စာတစ်ကြောင်းတည်းနဲ့ပြောရင်ဆိုင်ကယ်သမား ၊ ရေသူမ နဲ့ အပြာသုံးရောင်ရဲ့ ကာယအလုပ်သမားဘဝပုံပြင်လို့ပြောလို့ရပါတယ် ဇာတ်လမ်းအကျဥ်းဝေလန်ဒ်လို့ခေါ်တဲ့လူတစ်ယောက်ဟာ ဆယ့်ငါးနှစ်ကြာထောင်ကျနေပြီးမှထောင်ကလွတ်လာပြီး သူ့ရဲ့ ငယ်ချစ်ဦးနဲ့ ပြန်ဆုံပါတယ်။ဒါပေမဲ့ သူ့ရဲ့ငယ်ချစ်ဦးဖြစ်သူ ဒိုလောရက်စ်က ဆယ့်ငါးနှစ်ကြာပြီးတဲ့နောက်မှာကလေးသုံးယောက်နဲ့ တစ်ကိုယ်တော်အမေဖြစ်လို့နေပါပြီ။ဝေလန်ဒ်တစ်ယောက် ထောင်ကလွတ်လာပြီး ဘဝကိုဘယ်လိုရှေ့ဆက်မလဲဆယ့်ငါးနှစ်ကြာပြီးတဲ့နောက်မှာ ဒိုလောရက်စ်နဲ့ ဆက်ဆံရေးကို ဘယ်လိုစခန်းသွားမလဲဆိုတာကိုတော့......ဘဝမှာရုန်းကန်နေရတဲ့ အလုပ်သမားလူတန်းစား ဇာတ်ဆောင်နှစ်ယောက်အကြောင်းသဘာဝကျကျပေါ်လွင်အောင်ရိုက်ကူးထားတဲ့ family drama အမျိုးအစားပဲဖြစ်ပါတယ်။ File size…1.37GB / 578MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 51m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aerin
movie

Lorelei (2020)

Pig 2021 7.2
Pig 2021 နီကလက်ကေ့ဂျ်ကို ပေါကားပဲ ရိုက်နေတယ် ဆိုသူတွေအတွက် ချပြလိုက်ပါပြီ။ ဒီရုပ်ရှင်မှာတော့ သူက ရော်ဘီ ဆိုတဲ့ တောထဲမှာတစ်ယောက်တည်း နေတဲ့ လူကြီးပေါ့။ ရော်ဘီ့မှာ ဝက်မ တစ်ကောင်ရှိတယ်။ အဲဒီဝက်မက သူ့မိန်းမမသေခင် အမှတ်တရ ပေးခဲ့တာမျိုးတော့ မဟုတ်ပါဘူး။ အဲဒီဝက်မက မှိုရှာတာတော်ပြီး ရော်ဘီက မှိုတွေရောင်းစားတယ်။ ဒီတော့ သူ ဝက်မကိုချစ်တယ်။ ရော်ဘီဆီကနေ မှိုဝယ်နေကျ ဖောက်သည်ကောင်လေးတစ်ယောက်ရှိတယ်။ တစ်နေ့တော့ ညဘက်ကြီးရော်ဘီကို ရိုက်ပြီး ဝက်မကို လုသွားတယ်။ အဲဒီဝက်မကို ပြန်ရဖို့ ရော်ဘီတစ်ယောက် မြို့ပေါ်တက်လာရတော့တာပဲ။ ဒီတော့မှ ရော်ဘီဟာ တစ်ချိန်က မြို့ထဲမှာ လူသိများခဲ့တဲ့ ရာဇဝင်ရှိတဲ့ ဆရာကြီးတစ်ယောက်ဆိုတာ သိလာရတော့တယ်။ လူသတ်သမားကြီးတော့မဟုတ်ဘူး စားဖိုမှူးကြီးမို့လူသိများတာ။ လူသိများပေမယ့် ပြန်လာတော့လည်း သိပ်သောက်ဖက်မလုပ်ကြပါဘူး။ ဒါနဲ့ပဲရော်ဘီတစ်ယောက် တစ်နေရာပြီး တစ်နေရာလိုက်စုံစမ်းရင်း လူမိုက်တွေနဲ့လည်း ရင်ဆိုင်ရတာပဲ။ ရင်ဆိုင်တော့လည်း အထိုးခံရတာပေါ့။ ဒီလိုနဲ့နောက်ဆုံး ဝက်ကို ခိုးသွားတဲ့လူက နယ်နယ်ရရလူမဟုတ်တာကို သိလာချိန်မှာတော့... တစ်ခုတော့ ရှိတယ် တစ်ခုခုကို ဆုံးရှုံးရတဲ့ ခံစားချက်ဟာ အသက်ရှင်နေကြောင်း ဖြစ်တည်နေသေးကြောင်း ...
movie

Pig 2021