Channel Myanmar

Greyston Holt

Lou (2022) 5.9
Lou (2022) Lou (2022)(1080p ရပါပြီ)အသစ်ထွက်ရှိလာတဲ့ Action, Crime, Drama အမျိုးအစားဖြစ်ပြီး ဇာတ်ကောင်လေး လက်တစ်ဆုပ်စာရယ် Plot twist တွေရယ်နဲ့ ဆွဲဆောင်မှုရှိတဲ့ ဇာတ်ကားဖြစ်ပါတယ်။လူးက အမေရိကားနိုင်ငံက ကျွန်းလေးတစ်ကျွန်းမှာ ခွေးတစ်ကောင်နဲ့ တစ်ကိုယ်တည်း ဘဝကိုရှင်သန်နေတဲ့အမျိုးသမီးကြီးတစ်ဦးပါ။ဟန်နာနဲ့ ဗီကတော့ သူ့အိမ်ကိုငှါးနေရတဲ့ သားအမိနှစ်ယောက်ပေါ့။ ဗီလေးရဲ့ ဖခင်ကတော့ ဆုံးပါးသွားပြီလို့ ဆိုထားပါတယ်။မုန်တိုင်းထန်တဲ့တစ်ညမှာ ဗီလေးကို လူတစ်ယောက်က ပြန်ပေးဆွဲသွားတဲ့အခါ မိခင်ဖြစ်သူ ဟန်နာတစ်ယောက် အပေါက်ဆိုးပြီး ပဟေဠိဆန်တဲ့ လူးနဲ့အတူ သမီးပျောက်ရှာပုံတော်ထွက်ပါတော့တယ်ဒီလိုနဲ့ တဖြည်းဖြည်း လူးရဲ့ ရှုပ်ထွေးပွေလီတဲ့ နောက်ကြောင်းရာဇဝင်တွေကို တစွန်းတစ်စသိလာရတဲ့အခါ ...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu က ပါ။)File Size          : 2.3GB, 823MB, 385MB Quality          ...
movie

Lou (2022)

2022
A Wedding to Remember (2021) 6.1
A Wedding to Remember (2021) A Wedding To Remember (2021) ======================= IMDb Rating - 6.1/10အချစ်ဆိုသည်မှာ အံ့ဩမှုများနဲ့ ဆန်းကြယ်သောအရာတဲ့။ မြင်မြင်ချင်း ချစ်မိတာက အချစ်စစ်လား၊ ရယူဖန်တီးထားတာကရော အချစ်လား၊ လုပ်ယူမထားဘဲ သဘာဝဆန်ဆန်လေး ချစ်ကြိုက်မိသွား ကြတာကမှ အချစ်စစ်လား။လူတိုင်းက အချစ်ကို ခံယူချက်အမျိုးမျိုးနဲ့ အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆို တတ်ကြပါတယ်။ ဒီဇာတ်ကားလေးကတော့ အချစ်ရဲ့ ချိုချဉ်ငံစပ်သဘော တရားတွေ အားလုံး မြင်တွေ့ရနိုင်မယ့် ဇာတ်ကားလေးတစ်ကားပါပဲ။ကံကြမ္မာက ဖန်တီးပေးတဲ့ လက်တွဲဖော်ကိုပဲ လိုချင်ကြတဲ့  ဘရိုင်ယန် နဲ့ အိုလစ်ဗီယာ တို့ရဲ့ ဇာတ်လမ်းလေးပေါ့။ စတွေ့ကတည်းက ပဋိပက္ခတွေ အပြည့်နဲ့ လူနှစ်ယောက်က မင်္ဂလာဆောင်တစ်ခုမှာ သတို့သားအရံနဲ့ သတို့သမီးအရံအဖြစ် ပြန်လည်ဆုံစည်းလာကြတဲ့အခါ ဘာတွေ ဆက်ဖြစ် လာနိုင်မလဲ။ သူတို့ယုံကြည်ထားတဲ့ အချစ်ကရော လက်တွေ့ဘဝမှာ တကယ် ဖြစ်နိုင်ပါ့မလား ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးပါလို့ပဲ တိုက်တွန်းပါရစေ။ ဘရိုင်ယန် အဖြစ် မင်းသား Greyston Holt နဲ့ အိုလစ်ဗီယာအဖြစ် မင်းသမီး Christina Rosato တို့က ပါဝင်သရုပ်ဆောင်ထားပြီး IMDb ...
movie

A Wedding to Remember (2021)

2021