Channel Myanmar

Guillaume Renard

MFKZ (2017) 6.7
MFKZ (2017) ကလေးတွေအတွက် မဟုတ်တဲ့ animation တွေကြည့်ဖူးကြမယ်ထင်ပါတယ်။ဒီ Mutafukaz လို့ခေါ်တဲ့ ‌animation ‌ကလဲ အဲဒီလိုပါပဲ။Dark ဖြစ်တယ်၊ အသုံးအနှုန်းတွေရိုင်းတယ်၊သွေးထွက်သံယိုတွေများတယ်။ Rick and Morty တို့လို show မျိုးတွေကြိုက်တတ်ရင် ကြည့်သင့်တယ်ဗျ။ဇာတ်လမ်းအနေနဲ့ကတော့ Angelino, Vinz နဲ့ Willy လို့ခေါ်တဲ့အသွင်မတူ ပုံစံတစ်ယောက်တစ်မျိုးနဲ့သူငယ်ချင်းသုံးယောက် ‌Dark Meat City လို့ခေါ်တဲ့ဆိုးဆိုးရွားရွားမြို့မှာနေကြပါတယ် Angelino က အချိုးမပြေလို့အလုပ်ကမမြဲ၊ Vinz ကကျတော့ သူ့အသွင်ကြောင့်ဘယ်သူမှအလုပ်မခန့်တဲ့ အခြေအနေဖြစ်နေလို့အတူတူနေကြတဲ့ Vinz နဲ့ Angelino က စီးပွားရေးအဆင်မပြေလှပါဘူး။ ဒီလိုနဲ့ တစ်နေ့မှာ ဆိုင်ကယ်စီးရင်းစော်ငမ်းမိတဲ့ Angelino တစ်ယောက်ဆိုင်ကယ်တိုက်ပြီးတော့super power တွေရလာပါတော့တယ်။ဇာတ်လမ်းက အဲဒီမှာ စရှုပ်တာပါ။ ‌ spoiler မိမှာဆိုးလို့ ဘယ်လိုရှုပ်တာလဲသိချင်ရင်တော့ ဇာတ်လမ်းကိုပဲကြည့်လိုက်ကြဖို့ တိုက်တွန်းပါတယ်ဗျာ။ ‌ ပေါက်ကရတွေအရမ်းပြောတဲ့ Willy နဲ့ Vinz ကြောင့်ရောထူးခြားတဲ့ ဇာတ်လမ်းကြောင့်ရော ကြည့်နေရင်း မပျင်းသွားဖို့တော့ အာမခံပါတယ်။ ...
movie

MFKZ (2017)

2017