Channel Myanmar

Guillermo Arengo

The Extortion (2023) 6.6
The Extortion (2023)  အခုတင်ဆက်ပေးမဲ့ The Extortion ဆိုတဲ့ဇာတ်ကားကတော့ ဒီနှစ် (၂၀၂၃) အတွင်းမှာမှ ထွက်ရှိထားတာဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းတွေ၊ မှုခင်းမှုရာနဲ့ပတ်သက်တာတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက်ကတော့ အကြိုက်တွေ့စေမဲ့ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ပုဂ္ဂလိကလေကြောင်းလိုင်းတစ်ခုရဲ့ လေယာဉ်မှူးဖြစ်သူ အလီဟန်ဒရိုဟာ အကြောင်းတစ်ခုကြောင့် သူတို့အမျိုး‌သားထောက်လှမ်းရေးအဖွဲ့အစည်းရဲ့ ခြိမ်းခြောက်ခြင်းကိုခံရပြီး ဘာမှန်းမသိတဲ့ခရီးဆောင်အိတ်တွေကို စပိန်နိုင်ငံဆီ ပို့ဆောင်ပေးရပါတော့တယ်။ တစ်ဖက်မှာလည်း ဒီလိုမူမမှန်မှုတွေကို သတိထားမိနေတဲ့ လေဆိပ်တာဝန်ရှိရဲဌာနနဲ့ အလီဟန်ဒရိုတို့ ထိပ်တိုက်တွေ့တဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်လာမလဲ ဘယ်သူလူကောင်း ဘယ်သူလူဆိုးလဲဆိုတာကို ဇာတ်ကားထဲမှာပဲ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ဒီဇာတ်ကားမှာက မင်းသား၊ မင်းသမီးငယ်ငယ်ချောချော visual လေးတွေမပါဘဲ အဘိုးကြီး၊ အဘွားကြီးတွေနဲ့ချည်းပဲ ဇာတ်ကားတစ်ကားဖန်တီးထားတာဖြစ်ပေမဲ့ ဒီအဘိုးကြီး၊ အဘွားကြီးတွေပဲ ဇာတ်ရှိန်အမြင့်ဆုံးထိ ဆွဲခေါ်သွားပြီး IMDB rating 6.7 အထိ ရယူပိုင်ဆိုင်ထားတာမို့ တော်တော်လေး impressive ဖြစ်စရာကောင်းတဲ့ ဇာတ်ကားတစ်ကားလို့ ဆိုရပါမယ်။Mystery ဆိုပေမဲ့ အရမ်း dark တဲ့ movie မျိုးမဟုတ်ဘဲ ...
movie

The Extortion (2023)

The Wrath of God (2022) 5.7
The Wrath of God (2022) The Wrath of God (2022)ဒီကားလေးကတော့ "The Slow Death of Luciana B" ဆိုတဲ့ ဝတ္ထုကို ပြန်ရိုက်ထားတဲ့ စပိန်ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်ဒီကားကို အမြည်းပြောပြရရင် လူစီယားနားဆိုတဲ့ ကောင်မလေးနဲ့ သူ့အလုပ်ရှင် စာရေးဆရာ ကလော့စတာ တို့ကြားကနားလည်မှုအလွဲလေးကြောင့် အရာအားလုံး စတင်ခဲ့တယ်လို့ ပြောရပါမယ် သေးငယ်တဲ့ လိပ်ပြာ‌ေလးတစ်‌ကောင် အတောင်ပံခတ်လိုက်ရာကနေ ဟာရီကိန်းမုန်တိုင်းကြီးထိ ဖြစ်လာနိုင်တယ်ဆိုတဲ့ Butterfly Effect လိုမျိုးပဲ ဒီကားထဲမှာလည်း အနမ်းလေးတစ်ခုကနေ အစပြုပြီး မိသားစုဝင်တွေ ‌အသက်ဆုံးရှုံးကုန်ကြတဲ့အထိ ဘယ်လိုတွေ ဒုက္ခကြုံကြရမလဲ.....ကံကြမ္မာဆိုး အားလုံးရဲ့နောက်ကွယ်က တရားခံကရော ဘယ်သူဖြစ်မလဲ..... လူစီယားနားကပဲ မှားခဲ့တာလား ကလော့စတာကပဲ လွန်တာလား ဘယ်သူ့ကြောင့် ဒါတွေဖြစ်လာခဲ့တာလဲ ..... စတဲ့မေးခွန်းပေါင်းများစွာကို ဒွိဟခံစားချက်တွေနဲ့ ကြည့်ရှုအဖြေရှာလိုက်ပါ2022 ခုနှစ် June လ ၁၅ ရက်နေ့ကမှ လောလောလတ်လတ်ထွက်ရှိထားပြီး IMDB rating 5.6 ရရှိထားတဲ့ Drama, Thriller ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Leo ...
movie

The Wrath of God (2022)

2022