Channel Myanmar

Guo Daixin

Secret Woman ( 2023 ) 5.8
Secret Woman ( 2023 ) စိတ်ကောင်းရှိတဲ့မြေခွေးမလေး ရှင်းရှစ်စစ်ညန်နဲ့ ကျောင်းသားလေးဖုန်ရှန်းတို့ရဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ ရှစ်စစ်ညန်ဟာကောင်းမှုကုသိုလ်တွေလုပ်ပြီး နတ်ဖြစ်အောင်ကြိုးစားနေတဲ့ စိတ်ထားဖြူစင်တဲ့ မြေခွေးမလေးတစ်ကောင်ပါ။သူဟာနတ်ဖြစ်ဖို့ကျင့်ကြံရင်း လူ့လောကရဲ့အတိဒုက္ခကိုခံယူဖို့ လိုအပ်နေတဲ့အချိန်မှာ ဖုန်ရှန်းဆိုတဲ့ ကျောင်းသားတစ်ယောက်နဲ့ တောထဲမှာတွေ့ခဲ့ပြီး မြင်မြင်ချင်းချစ်မိသွားကြတယ်။ဒီလိုနဲ့သူတို့နှစ်ယောက်ကလက်ထပ်လိုက်ကြပြီး ဘဝကို အတူဖြတ်သန်းနေတဲ့အချိန်မှာ ရှစ်စစ်ညန်ရဲ့နတ်သမီးလို လှပတဲ့ရုပ်ရည်ကိုမက်မောပြီး မကောင်းကြံချင်သူတွေရှိလာပါတယ်။ မြေခွေးမိစ္ဆာထက် လူတွေရဲ့အတွင်းစိတ်ထဲမှာရှိတဲ့ မကောင်းဆိုးဝါးစိတ်ဓာတ်ကပိုကြောက်ဖို့ကောင်းတာကိုသိလိုက်ရပါတော့တယ်...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Fantasy , Drama  Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Secret Woman ( 2023 )

The Love of the Ferry: New Legend of Liao Zhai ( 2022 ) 6.1
The Love of the Ferry: New Legend of Liao Zhai ( 2022 ) ဒီတစ်ခါမှာတော့ CMပရိသတ်ကြီးကို မြေခွေးမိစ္ဆာမလေးနဲ့ စာသင်သားလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဟိုးရှေးရှေးလွန်ခဲ့နှစ်ပေါင်းတစ်ထောင်လောက်တုန်းက မြေခွေးမိစ္ဆာတစ်ကောင်ဟာ နေရာအနှံ့ဒုက္ခပေးလို့နေသတဲ့ နတ်ဆရာကြီးတစ်ယောက်ကမြေခွေးမိစ္ဆာကိုနှိမ်နင်းပြီး အစီအရင်နဲ့ပိတ်လှောင်ထားခဲ့ပါတယ်။အဲဒီအချိန်မှာ ကြင်နာတတ်တဲ့ကလေးလေးတစ်ယောက်ဟာ မြေခွေးလေးနာကျင်နေတာမကြည့်ရက်လို့ ကူညီလိုက်ရာမှ မြေခွေးမိစ္ဆာကြီးကလွတ်သွားပါတော့တယ်။စာသင်သားလေးဝမ်ဝိန်ဟာ မြို့တော်မှတော်ဝင်စာမေးပွဲဖြေဖို့သွားရင်း ဆောင်ကြာမြိုင်ကမိန်းကလေးယာထိုနဲ့တွေ့ဆုံပြီး စုံမက်ခဲ့ကြတယ်။ ဝမ်ဝိန်ကမထင်မှတ်ပဲ ယာထိုမိန်းကလေးရဲ့ မိခင်ဖြစ်သူကမြေခွေးမိစ္ဆာဆိုတာကိုသိလိုက်ရပါတော့တယ်......ဒီလိုနဲ့ချစ်သူမိန်းကလေးရဲ့အကူအညီနဲ့ထွက်ပြေးလွတ်မြောက်ခဲ့ရပါတယ်။ ယာထိုလေးကတော့မိခင်ရဲ့နှိပ်စက်ခြင်းကိုခံရပါတော့တယ်။ ဘဝခြားတဲ့သူတို့ရဲ့အချစ်ဇာတ်လမ်းလေးဟာ ချိုမြိန်ခြင်းနဲ့အဆုံးသတ်မလား ခါးသည်းမှုတွေနဲ့အဆုံးသတ်မလားဆိုတာကို ရင်သတ်ရှုမောဖွယ်ကြည့်လိုက်ကြပါနော် Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama Runtime : 1h 27 min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team Encoded by LK
movie

The Love of the Ferry: New Legend of Liao Zhai ( 2022 )