Channel Myanmar

Guo Mingyu

Railway Heroes (2021) 5.8
Railway Heroes (2021) Railway Heroes (2021)အခုတင်ဆက်ပေးမှာတော့ Railway Heroes ဆိုတဲ့ ရှန်းတုန်းမီးရထားလမ်းအဖွဲ့သားတွေကိုဂုဏ်ပြုတဲ့အနေတဲ့ရိုက်ထားတဲ့ကားလေးဖြစ်ပါတယ်။ တရုတ်-ဂျပန် ဒုတိယစစ်ပွဲအတွင်းအချိန်ပိုင်းကိုရိုက်ကူထားတာဖြစ်ပါတယ်။ ကျင်းဖူးမီးရထားလမ်းကို ၁၉၀၈ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့ပြီး ဂျာမဏီနှင့်ဗြိတိန်ကုမ္ပဏီတို့ကပူးတွဲတင်ဒါယူဆောက်လုပ်ခဲ့ပါတယ်။ တရုတ်ပြည်တောင်မြောက်ဆက်သွယ်ထားတဲ့ကုန်သွယ်ရေးပင်မမီးရထားလမ်းဟာ ၁၉၃၈ခုနှစ်မှာ ဂျပန်တွေရဲ့ထိန်းချုပ်မှုအောင်ကိုရောက်သွားပါတယ်။ ဂျပန်တွေရဲ့လက်နက်ခဲယမ်းသည်ဆောင်ဖို့အသုံးချစရာဖြစ်သွားပါတယ်။ အဲဒီအချိန်မှာပဲ လင်ချန်မြို့ဘူတာလေးမှာ လောင်ဟုန်ဦးဆောင်တဲ့ မီးရထားလုပ်သားတစ်ဖွဲ့ဟာ သက်စွန့်စံဖျား လက်နက်တွေကိုဖြတ်ယူပြီဖို့ကြိုစားကြပါတယ်။ ဂျပန်တွေကလောင်ဟုန်တို့အဖွဲ့ကိုကြိုးစားဖမ်းပေမယ့် လောင်ဟုန်ဟာဒဏ်ရာနဲ့ထွက်ပြေးလွှတ်မြောက်သွားပါတယ်။ အဲဒီအချိန်မှာရှေ့တန်းအတွက်အရေးပါတဲ့လက်နက်ဟာ လင်ချန်ဘူတာလေးကိုဆိုက်ရောက်မှာဖြစ်တဲ့အတွက် လောင်ဟုန်တို့ကဘယ်လို့များထပ်ပြီးလက်နက်တွေကိုလုယူကြမလဲ။ သန်မာတဲ့ယောင်္ကျားပဲဖြစ်ဖြစ် အားနွဲ့တဲ့မိန်းကလေးဖြစ်ဖြစ် တိုင်းပြည်လွတ်မြောက်ဖို့အတွက် တတ်နိုင်တဲ့နေရာကနေပါဝင်ပြီး ပါဝင်စွန့်စားကြတာကို ကြည့်ရတာ စိတ်ထဲမှာတစ်ခုခုတော့ စွဲကျန်ခဲ့မှာသေချာပါတယ်။ဒါရိုက်တာရန်ရဲ့ နှင်းတောထဲကရိုက်ချက်တွေကလဲ Zhang Yimou နဲ့အပြိုင်မလို့ Cinematography ကပြောစရာမရှိအောင်လှပါတယ်။ တော်လှန်ရေးကားကြိုက်တတ်တဲ့သူတွေအတွက်တော့ လုံးဝကြည့်သင့်တဲ့ကားလေးတစ်ကားပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Nu Mon ပဲ ဖြစ်ပါတယ်Genre.....Drama, History, War Quality….WEB-DL 1080p and 720p and 360p File size…1.75GB, 909MB, 301MB Format…mp4 Duration….2h 4min Subtitle….Myanmar Subtitle (Hardsub) Translator ..... Nu Mon Encoder .....LK
movie

Railway Heroes (2021)

2021
Saving Mr. Wu (2015) 6.7
Saving Mr. Wu (2015) ဒီဇတ်ကားဟာ အဆိုတော် မင်းသားကြီး Andy Lau ကို အကြမ်းအရမ်း ပုံစံမျိုးနဲ့ တွေ့ရမှာ မဟုတ်သလို ခပ်ညံ့ညံ့ ပုံစံမျိုးလဲ မဟုတ်ပြန်ပါဘူး... ရုပ်ရှင်မင်းသားကြီး ဝူ ဟာ သူ့မန်နေဂျာ နှင့် အတူ ပွဲတစ်ခုမှ အပြန် ရဲဟု ပြောဆိုသူတွေထံ အကြောင်းရှာဖမ်းဆီးခံလိုက်ရပါတယ် နောက်မှ သိရတာကတော့ ရဲဆိုသူတွေဟာ ရဲအတုတွေ ဖြစ်ပြီး ဝူ ကို ပြန်ပေးဆွဲပြီး အကျပ်ကိုင် ငွေညှစ်မယ့်သူများပဲ ဖြစ်ပါတယ်... ပြန်ပေးဆွဲသူဟာလဲ အရင်က လိမ်လည်မှုများနဲ့ ထောင် ၉ နှစ်ကျပြီး ထောင်က ထွက်လာတာ တစ်နှစ်မပြည့်သေးတဲ့ သူ တစ်ဦးလဲ ဖြစ်နေပါတယ် ပိုဆိုးတာက သူ ပြန်ပေးဆွဲတဲ့သူတွေကို ပိုက်ဆံမရရအောင် အကုန် ညှစ်ယူပြီး အသက်ရှင်လျက် ပြန်မလွှတ်တက်တဲ့နေရာမှာ နာမည်ကြီးပြန်ပါတယ်... ဝူ ထက် အရင် ဖမ်းဆီးခံရသူနှင့် ဝူ နှစ်ဦးသားဖမ်းဆီးခံထားရပြီး အရင်ဖမ်းဆီးခံထားရသူတွက်ပါ သနားသဖြင့် ဝူ မှ ပြန်ပေးငွေ ပေးမည်ဟု ကတိခံပြီး သူ့အိမ်တွင် ဘဏ်ကတ် သွားယူရန် လူဆိုးအားပြောလိုက်ပါတယ် ဘတ်ကတ် ...
movie

Saving Mr. Wu (2015)