Channel Myanmar

Gurdeep Singh

After.Life (2009)
After.Life (2009) အန်နာဟာ မိုးသည်းထန်တဲ့ညတညမှာ ကားအက်စီးဒင့်ဖြစ်ခဲ့ပါတယ်။ သူနိုးလာတဲ့အချိန်မှာတော့ သူဟာ အီလီယက်ဒီကန်လို့အမည်ရတဲ့ အလောင်းပြင်ပေးတဲ့လူကြီးနေတဲ့ စံအိမ်ရဲ့ အောက်ထပ်ကိုရောက်ရှိနေတာကို သတိထားမိလိုက်ပါတယ်။ အီလီယက်က အန်နာကို သူ(မ)ရဲ့သေလက်မှတ်ကိုပြလိုက်ပါတယ်။ဒါပေမဲ့ အန်နာဟာ အသက်ရှူနေသေးပြီး သာမန်လူတယောက်လို လှုပ်ရှားသွားလာလို့ရနေသေးတာကို သတိထားမိလိုက်တဲ့နောက်မှာတော့ အီလီယက်အပေါ် စပြီးသံသယ၀င်လာပါတယ်။ တချိန်တည်းမှာပဲ အန်နာရဲ့ စေ့စပ်ထားတဲ့ခင်ပွန်းဖြစ်သူ ပေါလ်ကိုးလ်မန်းဟာလည်း အန်နာသေဆုံးသွားတာကိုမယုံကြည်ဘဲ အန်နာကို အပူတပြင်းလိုက်ရှာနေပါတယ်။ဒီလိုနဲ့ အန်နာဟာ တကယ်သေဆုံးသွားခဲ့တာလား အန်နာသေဆုံးသွားတာမှန်ရင်တောင် အီလီယက်ဒီကန်ဆိုတဲ့လူကြီးကရော ဘာလို့ အန်နာနဲ့ စကားပြောနေနိုင်‌တာလဲ အန်နာရဲ့ခင်ပွန်း ပေါလ်ကရော အန်နာကို လိုက်ရှာလို့တွေ့သွားပါ့မလား နောက်ဆုံးမှာ အန်နာက သေဆုံးသွားခဲ့တာလား မသေဆုံးသွားခဲ့ဘူးလား ဒီဖြစ်ရပ်ဆန်းကြယ်ကိစ္စတွေရဲ့ အဖြေကဘာများလဲဆိုတာ စိတ်၀င်စားဖွယ် ရိုက်ကူးတင်ဆက်ထားတာမလို့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(1.3 GB)/(616 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre...Drama, Horror, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

After.Life (2009)

The Secret Life of Walter Mitty (2013) 7.3
The Secret Life of Walter Mitty (2013) [Unicode]The Secret Life of Walter Mitty (2013)အမှန်အတိုင်းပြောရရင် ဒီဇာတ်ကားကို အစပိုင်း မိနစ်(၂၀)လောက်အထိ သူ ဘာကိုပြချင်မှန်း နားမလည်ခဲ့ဘူး။ ဒီအတိုင်း ပေါကြောင်ကြောင် ဇာတ်ကားကြီးပါလားလို့ ထင်ခဲ့မိတယ်။ ဒီဇာတ်ကားဟာ 1939 ခုနှစ်က အရမ်းကို နာမည်ကြီးခဲ့တဲ့ ဟာသ/ကာတွန်း/စာရေးဆရာကြီး James Thurber ရဲ့ ဝတ္ထုတို The Secret Life of Walter Mitty ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး 1947 ခုနှစ်မှာ တစ်ကြိမ် The Secret Life of Walter Mitty နာမည်နဲ့ပဲ ရုပ်ရှင်ရိုက်ကူးထားပါသေးတယ်။ အစောပိုင်းမှာ ကြည့်ရတာတစ်မျိုးကြီးဖြစ်နေပေမယ့် အဆုံးထိ ဆက်ကြည့်ဖြစ်ခဲ့ပြီး.. ကြည့်ရကျိုးနပ်ရုံမက မကြည့်ရသေးတဲ့ သူတွေကိုပါ ကြည့်ဖို့ညွှန်းချင်လောက်အောင်ပဲ ကြိုက်သွားခဲ့ပါတယ်။လူတော်တော်များများပါပဲ.. (ကျွန်တော်အပါအဝင်) သမားရိုးကျ နေ့စဉ်ဘဝကို ကျင်လည်နေကြပါတယ်။ ပညာသင်မယ် .. ...
movie

The Secret Life of Walter Mitty (2013)

The Departed (2006) 8.5
The Departed (2006) IMDb (8.5)....Rotten Tomatoes (90%) ဒီနေ့တော့ ရုပ်ရှင် အဟောင်းလေး တစ်ကား အကြောင်း ပြောရအောင်။တော်တော်များများတော့ ကြည့်ဖူးမယ်ထင်ရဲ့။The Departed (2006) (IMDb Rating 8.5/10) ဆိုတဲ့ကားးပါ။မူရင်းက ဟောင်ကောင်ရုပ်ရှင် ၂ ကားတွဲ Infernal Affair (2002) (IMDb Rating 8.1/10) ဆိုတာပါ။ဒါကို ဟောလိဝုဒ်က တစ်ကားထဲဖြစ်အောင် သူတို့ နိုင်ငံနဲ့ ကိုက်ညီအောင် ညှိပြီး ရိုက်ယူထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။အရှေ့တိုင်း ဆန် တယ် လို့ ခံစားရတဲ့ ဟောလိဝုဒ် ကား တိုင်း ကြိုက်မိတာမို့ ကြည့်မိပါတယ်…ပြီးတော့ ပါဝင်တဲ့ မင်းသား ၂ ယောက်လုံးအပြင် ဇာတ်ရံတွေကို နာမည်ကြီး မင်းသားကြီးတွေချည်း သုံးထားတာကလည်း ဒီရုပ်ရှင်ရဲ့ ဆွဲဆောင်မှု တစ်ခုပါ။ကျနော် ပထမ တစ်ကြိမ် ကြည့်တုန်းက Leonado Dicaprio ထက် ...
movie

The Departed (2006)

2006