Channel Myanmar

Guruwuk Mununggurr

High Ground (2020) 6.5
High Ground (2020)  ဒီရုပ်ရှင်လေးကတော့ သြစတြေးလျနိုင်ငံမြောက်ပိုင်းမှာသွားရောက်ရိုက်ကူးထားပြီး ပထမကမ္ဘာစစ်နှောင်းပိုင်းကာလမှာအခြေတည်ထားပါတယ်....။သြစတြေးလျဒေသခံလူမည်းမျိုးနွယ်တစ်ခုဖြစ်တဲ့ AboriginalAustraliansလူမျိုးတို့ရဲ့ယဥ်ကျေးမှုတွေ ဓလေ့တွေကိုလည်းမြင်တွေ့ရဦးမှာပါ...။ရိုက်ကွင်းတွေ ရှုခင်းတွေက လှပအရိုင်းဆန်လွန်းပြီးသရုပ်ဆောင်ပီပြင်တာကြောင့် ဆုတံဆိပ်တွေလည်းရရှိထားတဲ့ဇာတ်ကားပါ...။ဇာတ်လမ်းအကြောင်းလေးကိုပြောရရင် လူဖြူတွေကြီးစိုးပြီးနောက်မိသားစုတစ်ကွဲတပြားဖြစ်သွားရတဲ့ Aboriginalမျိူးနွယ်လူမည်းလေး ဂူဂျူရဲ့ဘဝကို အခြေခံရိုက်ကူးထားပါတယ်။လူဖြူတွေရဲ့ကျူးကျော်မှုကြောင့် ငယ်ဘဝမိသားစုအသိုက်အမြုံလေးပြိုကွဲခဲ့ရပြီးနောက် ဂူဂျူကိုယ်တိုင်လည်း လူဖြူတွေရဲ့စခန်းမှာငယ်ကျွန်သာသာဘဝကိုရောက်ရှိသွားပါတယ်။၁၂နှစ်တာကာလကုန်လွန်သွားပြီးနောက် ဂူဂျူရဲ့ဦးလေးဖြစ်သူဟာသူတို့မိသားစုအတွက် လူဖြူတွေကို လက်စားပြန်ချေပါတော့တယ်...။လူဖြူတွေနဲ့ရင်းနီးပြီးသားဖြစ်တဲ့ လူမည်းလေးတစ်ယောက်အနေနဲ့မိသားစုအတွက်ပဲလက်စားပြန်ချေမလား လက်နက်အင်အားအရာရာသာလွန်တဲ့ လူဖြူတွေကို ဘယ်လိုပြန်ရင်ဆိုင်သွားမလဲဆိုတာကိုဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုနိုင်ပါပြီ။ File size…2.29GB / 1.43GB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 44m Genre ….. Action , Thriller , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

High Ground (2020)