Channel Myanmar

Gustaf Skarsgård

438 Days (2019) 6.7
438 Days (2019)  နိုင်ငံတကာသတင်းထောက်ဆိုတဲ့အလုပ်ကိုကြားရတာခရီးလေးသွားလိုက် ဓာတ်ပုံလေးရိုက်လိုက် အင်တာဗျူးလေးလုပ်လိုက်နဲ့ လွယ်ကူမယ်လို့ထင်ရပေမဲ့ တကယ်တမ်းလက်တွေ့ဘ၀မှာတော့ အရမ်းခက်ခဲပြီးတော့ စွန့်စားရပါတယ်။ခိုင်မာတဲ့စိတ်ဓာတ်နဲ့ ဒီအလုပ်အပေါ်မှာ နှစ်မြှုပ်ထားမှလုပ်နိုင်မဲ့ အရမ်းခက်ခဲတဲ့အန္တရာယ်များတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။ကမ္ဘာ့သမိုင်းမှာလည်း နိုင်ငံတကာသတင်းထောက်တွေ အဖမ်းခံရတာအသတ်ခံရတာ ပျောက်ဆုံးသွားတာတွေအပြင် တခြားသမိုင်းတွေအများကြီးကိုမျက်မြင်ကိုယ်တွေ့ တွေ့ကြုံခဲ့ရပြီးပါပြီ။အခုတင်ဆက်ပေးမှာကတော့ ဒီလိုခက်ခဲကြမ်းတမ်းတဲ့အလုပ်ကိုလုပ်ရင်းနဲ့ အီသီယိုးပီးယားနိုင်ငံမှာ ၄၃၈ ရက်အဖမ်းခံခဲ့ရတဲ့ဆွီဒင်နိုင်ငံကသတင်းထောက်နှစ်ယောက်အကြောင်းကိုရိုက်ကူးထားတဲ့ 438 Daysဆိုတဲ့ 2019 ခုနှစ်က ထွက်ရှိခဲ့တဲ့ဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။မာတင်နဲ့ဂျိုဟန်ဆိုတဲ့ ဆွီဒင်သတင်းထောက်နှစ်ယောက်က အီသီယိုးပီးယားနိုင်ငံမှာ လွန်ဒင်ဆိုတဲ့ရေနံကုမ္ပဏီအကြောင်းကို စုံစမ်းဖို့အတွက် ၂၀၁၁ ခုနှစ် ဇွန်လ ၂၈ ရက်နေ့မှာဆိုမားလီးယားကနေ အီသီယိုးပီးယားကိုတရားမဝင်နယ်စပ် ဖြတ်ကူးခဲ့ကြပါတော့တယ်။သူတို့ချည်းပဲ ဒီအတိုင်းသွားဖို့ဆိုတာမဖြစ်နိုင်တဲ့အတွက် ONLF ဆိုတဲ့ အကြမ်းဖက်အဖွဲ့အစည်းရဲ့ အကူအညီနဲ့ဖြတ်ကူးခဲ့ကြပါတယ်။ဒါပေမယ့်ကံမကောင်းစွာနဲ့ပဲ အီသီယိုးပီးယားစစ်တပ်က သူတို့ကိုဖမ်းမိသွားပြီး နယ်စပ်ကိုတရားမဝင်ဖြတ်ကူးမှုနဲ့အကြမ်းဖက်အဖွဲ့အစည်းမှာ ပါဝင်တယ်ဆိုပြီး နာမည်တပ်ကာထောင်ထဲကို ပို့လိုက်ပါတော့တယ်။ဒီလိုနဲ့ထောင်ကျသွားခဲ့ပြီးနောက်မှာသူတို့ကိုလွတ်မြောက်အောင် ကူညီပေးဖို့ဆွီဒင်အစိုးရက ကြိုးစားပုံတွေနဲ့ ထောင်ထဲမှာနေရတဲ့ငရဲလိုမျိုး ၄၃၈ ရက်တာကိုကြည့်ရှုရမဲ့IMDb Rating 6.7 ရရှိထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားပဲဖြစ်ပါတယ်။ File size…2.07GB / 925MB Quality…Blu-Ray 1080p  / ...
movie

438 Days (2019)

Oppenheimer (2023) 8.7
Oppenheimer (2023) Oppenheimer (2023)IMdb Rating (8.5) / Rotten Tomatoes (93%)ဒါရိုက်တာ ခရစ္စတိုဖာနိုလန်ရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ကားဖြစ်တဲ့ အော့ပန်ဟိုင်းမားကို 4K IMAX HDR/SDR Quality တွေနဲ့ တင်ဆက်လိုက်ပါတယ်။Peaky Blinder ရဲ့ မင်းသား Cillian Murphy က ဒေါက်တာ ဂျေ ရောဘတ် အော့ပန်ဟိုင်းမားအဖြစ် ခေါင်းဆောင်ပါဝင်ထားပြီး၊ နာမည်ကြီးတွေဖြစ်တဲ့ Robert Downey Jr., Emily Blunt, Matt Damon, Rami Malekတို့ အစုံပါဝင်ထားပါတယ်။ဒီရုပ်ရှင်ဟာ သမိုင်း၊ ဒရာမာ၊ အထ္ထုပ္ပတ္တိ အမျိုးအစားပဲဖြစ်ပါတယ်။ သမိုင်းကို နည်းနည်းလေး ကြားဖူးသူတိုင်းတောင် ဟီရိုရှီးမားနဲ့ နာဂါဆာကီကို ကြားဖူးကြမှာပါ။ ဒီရုပ်ရှင်ထဲက ပုဂ္ဂိုလ်ကတော့ အဲဒီမြို့နှစ်မြို့ကို ကျဲချခဲ့တဲ့ အနုမြူဗုံးကို တီထွင်ခဲ့တဲ့ သူပါပဲ။ သမိုင်းတလျှောက် အကျော်ကြားဆုံးလူတွေထဲကတစ်ယောက်ဖြစ်ပါတယ်။ဒီရုပ်ရှင်ကို နိုလန်ရဲ့ထုံးစံအတိုင်း အတန်းလိုက်မဟုတ်တဲ့ ဇာတ်ကြောင်းပြောပုံတွေရယ်၊ နောက်ကြောင်းပြန်ပုံတွေရယ်နဲ့ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားပါတယ်။အော့ပန်ဟိုင်းမားရဲ့ ကျောင်းသားဘဝ၊ ပါမောက္ခဘဝ၊ ကွန်မြူနစ်နောက်ခံ ဘဝတွေကနေ အမေရိကန်ရဲ့ အကြီးမားဆုံး ...
movie

Oppenheimer (2023)

2023
4K HEVCHDR
The Way Back (2010) 7.3
The Way Back (2010)  ဒီရုပ်ရှင်ကို ဒါရိုက်တာ Peter Weirက နာမည်ကြီး ဝတ္ထု The Way Backရဲ့ စာရေးဆရာ ပိုလန်လူမျိုး reporter Slavomir Rawicz ရဲ့ကိုယ်တွေ့ဖြစ်ရပ်ကိုမှ နောက်ခံဇာတ်ကောင်တွေထပ်ထည့်ပြီး ရိုက်ကူးထားတာပါ။ Jim Sturgess, Colin Farrell, Ed Harris နဲ့ Saoirse Ronan တို့လို နာမည်ကြီးတွေ ဦးဆောင်ပါဝင်ထားပါတယ်။ Oscar nominationကို Best makeup နဲ့ဝင်ခဲ့ပေမယ့် The Wolfmanကို ရှုံးသွားခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ပိုလန်နိုင်ငံကို ဆိုဗီယက်ကျူးကျော်ထားစဥ်မှာ စစ်အရာရှိငယ် Janusz Wieszczekက ဖမ်းဆီးထိန်းသိမ်းခံရပါတယ်။ဆိုဗီယက်တွေက သူ့ရဲ့အမျိုးသမီးကိုပါ ခေါ်ယူရိုက်နှက်စစ်ဆေးပြီး Januszကို စပိုင်လို့ အမည်တပ်ကာ နိုင်ငံရေးအကျဥ်းသားတွေကို ဖမ်းဆီးပြီး အလုပ်ကြမ်းအတင်းခိုင်းစေတဲ့ စနစ်ဖြစ်တဲ့ Gulagကိုကျင့်သုံးနေတဲ့ Siberiaက campတစ်ခုဆီပို့လိုက်ပါတယ်။ ရာသီဥတုက အင်မတန်အေးပြီး ဆိုးလွန်းတဲ့အထဲ အလုပ်ကြမ်းတွေမနားလုပ်ရပါတယ်။နှင်းကိုက်ဒဏ် ...
movie

The Way Back (2010)

Air (2023) 7.6
Air (2023) Air (2023) ========== IMDb Rating - 7.6/10Good Will Hunting ရုပ်ရှင်ကြီးတုန်းကလိုပဲ ဘန်အက်ဖလက်နဲ့ မက်ဒေမွန်တို့အတွဲညီညီနဲ့ ရုပ်ရှင်ကောင်းတစ်ခုဖန်တီးလိုက်ပြန်ပါပြီ။ ဒါရိုက်တာကလည်း ဘန် အက်ဖလက်ပါပဲ။ Ozark စီးရီးရဲ့ မင်းသား ကြီး ဂျေဆန်ဘိတ်မန်းလည်း အားဖြည့်ပေးထားပါသေးတယ်။ IMDb 7.6 အထိ ရထားတာမို့ ကားကောင်းဆိုတာ သိသာမှာပါ။ဒီရုပ်ရှင်ဟာ သမိုင်းတလျှောက်အကောင်းဆုံး ဘတ်စကတ်ဘောသမား မိုက်ကယ်ဂျော်ဒန်နဲ့ နိုက်ကီကုမ္ပဏီတို့ ပထမဆုံး စာချုပ်ချုပ်ခဲ့တဲ့ သမိုင်း ဝင် Air Jordan ဖိနပ် သဘောတူညီချက်အပေါ် အခြေခံပြီးရိုက်ကူးထား တာဖြစ်ပါတယ်။ အဲဂျော်ဒန်ဝမ်း စနိကာဖိနပ်ဟာ သမိုင်းတလျှောက် လူကြိုက်အများဆုံးစာရင်းဝင်ဖိနပ်ပဲဖြစ်ပါတယ်။ မိုက်ကယ်ဂျော်ဒန် ရု ပ်ရှင်ထဲမှာမပါဝင်ခဲ့ပေမဲ့ ဘန်အက်ဖလက်ဟာ မိုက်ကယ်နဲ့ အကြိမ်ကြိမ် တိုင်ပင်ခဲ့ပြီး အသေးစိတ်ရိုက်ကူးခဲ့တာပါ။မိုက်ကယ်ဂျော်ဒန်ဟာ ဒီရုပ်ရှင်အတွက် နှစ်ခုပဲ ပြန်တောင်းဆိုပါတယ်။ သူ့အမေနေရာမှာ Viola Davis ကိုသရုပ်ဆောင်စေဖို့နဲ့ သူ့ရဲ့မိတ်ဆွေ ကောင်းကြီး ဟောင်းဝဒ်ဝိုက်အကြောင်းကိုပါ ထည့်သွားပေးဖို့ပါပဲ။ ဘန်အက်ဖလက်ကလည်း သူ့ရဲ့ဘော်ဒါကြီးဖြစ်တဲ့ ခရစ်တက်ကာ (Rush Hour ထဲကမင်းသား) ကို ဟောင်းဝဒ်အဖြစ်ထည့်သွင်းခဲ့ပါတယ်။ ဒီရုပ်ရှင်ကိုလည်း အမေဇုံက အွန်လိုင်းကနေပဲ ပြဖို့ ...
movie

Air (2023)

2023
4K HEVC
Kon-Tiki(2012) 7.2
Kon-Tiki(2012)  Genre - Adventure, Biography IMDB - 7.2/10 ခင်ဗျားတို့သာ ရေမကူးတတ်ဘူးဆို ပစိဖိတ်သမုဒ္ဒရာထဲ မိုင် ၅ ထောင်ကျော်ကို ဖောင်လေးတစ်စင်းနဲ့ ဖြတ်ကူးရဲလား။ ဒါပေမဲ့ ဒီ သောရ်ဆိုတဲ့ဘဲကြီးကတော့ တကယ်လုပ်ခဲ့တယ်ဗျ။ အဲဒီလိုပြောလို့ စိတ်ကူးယဉ်ဇာတ်လမ်း မထင်နဲ့နော် တကယ်အပြင်မှာ ဖြစ်ပျက်ခဲ့တဲ့ ၁၉၄၇ ခုနှစ်က ဖြစ်ရပ်မှန်ဇာတ်လမ်း။ စူးစမ်းရှာဖွေရေးသမား သောရ်ဟာ ပိုလီနီရှားကကျွန်းတွေကို ၁၀ နှစ်ကြာအောင် ဇနီးဖြစ်သူနဲ့ သုတေသနတွေပြုလုပ်ပြီး စာတမ်းပြုစု နေထိုင်ခဲ့တဲ့လူပေါ့။ သူ အဲဒီမှာ နေထိုင်ရင်း ဒီ ပိုလီနီးရှားဒေသကို ဒေသခံတွေဟာ အာရှဖက်ကနေ ရောက်လာကြတာမဟုတ်ပဲ တောင်အမေရိကဖက်က ရောက်လာကြတယ်ဆိုတာကို ထူးဆန်းစွာနဲ့ သိရှိခဲ့ရတယ်။ ဒီတော့ ဆရာသမားက သူတွေ့ရှိခဲ့တဲ့ သီအိုရီကို လိုက်ပြီး ဖြန့်ဝေနိုင်အောင် ဆက်သွယ်တော့တာပဲ ဒါပေမဲ့ ကံဆိုးချင်တော့ ဘယ်သူမှမယုံကြည်ပဲ သူ့ကို ပရော်ဖက်ဆာတစ်ယောက်က ဒါမျိုး ပြောလိုက်ပါတယ်။ ...
movie

Kon-Tiki(2012)

The Emigrants (2021) 6.8
The Emigrants (2021) ဒီကားလေးကတော့ ၂၀၂၁ မှာ ထွက်ရှိတဲ့ ဆွီဒင် ဥရောပ ဇာတ်ကားလေးပါ။1970 မှာ ရိုက်ခဲ့တဲ့ နာမည်တူ ဆွီဒင်ဇာတ်ကားကိုပဲ remake ပြန်ရိုက်ထားတာပါ။သမိုင်းနောက်ခံ အချက်အလက်မှန်မှန်နဲ့ ရင်ထဲထိအောင်ရိုက်ပြနိုင်တဲ့ ဥရောပ ဒရာမာကား ကောင်းကောင်းကို ကြည့်ချင်ရင်တော့ဒီဇာတ်ကားလေးကို ကြည့်သင့်ပါတယ်။ ပထမကမ္ဘာစစ်မဖြစ်ခင် 1840 ဝန်းကျင်တဝိုက် ဆွီဒင်မှာ သီးပင်စားပင်စိုက်ရခက်ပြီးစားနပ်ရိက္ခာရှားပါး ငတ်ပြတ်နေချိန် အော်စကာနဲ့ ခရစ္စတီးနားတို့ လင်မယား ကလေးတွေရှေ့ရေးအတွက်အမေရိကကို လှေနဲ့သွားပြီး ပြောင်းရွှေ့အချေချဖို့ လုပ်ကြတယ်။ အဲ့အချိန်ကအမေရိကန်ဟာ နိုင်ငံစတည်ကာစ ဖြစ်ပြီး လူ့အခွင့်အရေးအပြည့်အဝရတဲ့လွတ်လပ်သောနိုင်ငံ တစ်ခုဖြစ်နေတဲ့အချိန်ပေါ့။ ခင်ပွန်းဖြစ်သူက မိသားစုရှေ့ရေးအတွက်အမေရိကမှာ အခြေချဖို့ မကြောက်ပေမယ့် ခရစ္စတီးနားကတော့ သမားရိုးကျဆန်တဲ့ဘာသာရေး ကိုးကွယ်သူ ပီပီယဥ်ကျေးမှု မတူတဲ့ အရပ်ဟာ သူ့အတွက်နေပျော်မယ့် အရပ်ဖြစ်ပါ့မလားတွေးရင်း ခင်ပွန်းဖြစ်သူနဲ့အတူ အမေရိကားကို ပြောင်းရွှေ့အခြေချဖိို့ လိုက်ခဲ့တာပေါ။ ဒီကားထဲမှာဘာသာရေးအယူဝါဒကွဲပြားမှုကြေင့် ချစ်ခင်ကြသူတွေ သွေးကွဲကြတယ်ဆိုတဲ့သဘောကို တွေ့ရပါတယ်။ ရှေးရိုးဆန်တဲ့ အယူဝါဒတွေနဲ့ လူကိုလူလိုမြင်တတ်မှုလူသားဆန်မှုတွေကြား ခရစ္စတီးနားတစ်ယောက် ...
movie

The Emigrants (2021)

2021
Arn: The Knight Templar(2007) 6.8
Arn: The Knight Templar(2007) Arn: The Knight Templar(2007)IMDB 6.8 Rotten Tomato 61%ကလေးဘဝကထဲက အာန်းဟာ ဘုန်းတော်ကြီးတွေဆီမှာပဲကြီးပြင်းခဲ့ရတယ်...ငယ်ငယ်လေးကတည်းက ချာခ်ကျောင်းမှာပဲကြီးပြင်းလာတဲ့ အာန်တစ်ယောက်အပြင်လောကနဲ့စိမ်းနေခဲ့တယ်...။ ချစ်တက်တဲ့အရွယ် ရောက်လာပြန်တော့ ဆယ်စီလီယာ ဆိုတဲ့ ဘုရင်တော်ကောက်ဖို့ ကြံထားတဲ့လူမျိုးစုခေါင်းဆောင် သမီးလေးကိုမှ သွားချစ်မိပြန်တယ်။ဆယ်စီလီယာကို ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားရင်း နိုင်ငံရေးအရှုတ်တော်ပုံထဲဝင်မိတဲ့အပြင် အချိန်မရွေးအသက်ပျောက်နိုင်တဲ့စစ်တလင်းနယ်မြေဖြစ်တဲ့ ဂျေရုစလင်ကို အမှုထမ်းဖို့ သွားရတဲ့အခါမှာတော့....ဒီကားဟာ European Film Awards ကိုရရှိခဲ့ပြီး (၂၀၁၀) မှာလည်း Arn ဆိုတဲ့ နာမည်နဲ့ပဲ (၆) ပိုင်းပါတဲ့Mini Series တစ်ခုထွက်ရှိထားပါသေးတယ်။အက်ရှင်ခန်းတွေမြောက်များစွာပါဝင်တာမို့...အက်ရှင်ကားကြိုက်သူတို့ လက်မလွှတ်သင့်ပါကြောင်း...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Kiwi ပဲဖြစ်ပါတယ်...File Size : (1.07 GB) and (429MB) Quality : Blu-Ray 720p Format…mp4 Duration…02:19:00 Genre :  Action, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Kiwi Encoded by Phyo ...
movie

Arn: The Knight Templar(2007)