Channel Myanmar

Gwenne Hudson

Mysterious Skin (2004) 7.6
Mysterious Skin (2004) Mysterious Skin (2004)====================(ပြင်းထန်တဲ့စကားလုံးအသုံးအနှုန်းတွေနဲ့ လိင်တူဆက်ဆံတဲ့ဇာတ်ဝင်ခန်းတွေ ပါဝင်တာကြောင့် မိသားစုနဲ့ ကြည့်ဖို့ မသင့်တော်တဲ့ဇာတ်ကားအဖြစ် ကြိုတင်သတိပေးပါရစေ)ဒီဇာတ်ကားမှာ ဇာတ်လမ်းက နှစ်ခုလို့ ပြောရမယ့်အခြေအနေမှာ ရှိပါတယ်. ငယ်ငယ်ကတည်းက လိင်စိတ်ယိုင်နဲ့နေတဲ့ ကလေးနှစ်ယောက်တစ်ကွဲစီကြီးပြင်းလာပုံကို ယှဉ်ပြပြီးဇာတ်လမ်းတစ်ခုလုံးကိုဆွဲခေါ်သွားခဲ့ပါတယ်။ ငယ်ဘဝကတည်းက မဖြေရှင်းနိုင်ခဲ့တဲ့လျှို့ဝှက်ဆန်းကြယ်ပုစ္ဆာတစ်ခုရဲ့အဖြေ ကို ဘယ်လောက်အချိန်ပေးရပေးရ ရှာဖွေချင်နေတဲ့ ဘရိုင်ရန်  ငယ်ဘဝမှာ မှားယွင်းခဲ့မိတာကနေစပြီးတစ်သက်လုံး လိင်စိတ်ယိုင်နဲ့နေသူအဖြစ် ဖြတ်သန်းရင်း ဘဝကို ရေစုန်မျောနေတဲ့ နေးလ်.သူတို့နှစ်ယောက်ရဲ့ ဆက်သွယ်မှုကရော ဘာလဲ.ဘရိုင်ရန် ရှာဖွေချင်နေတဲ့ ပုစ္ဆာရဲ့အဖြေကိုရော ဘယ်သူက ဖြေရှင်းပေးသွားမှာလဲ ဆိုတာကိုပရိသတ်များရှုစားနိုင်ဖို့  CM ကနေ တင်ဆက်ပေးလိုက်ပါတယ်....  File size…1.46GB / 508MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 45m Genre .....  Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Sai Sumali
movie

Mysterious Skin (2004)

Half Baked (1998) 6.6
Half Baked (1998)  ဒီဇာတ်ကားလေးကတော့ အမေရိကန် ဟာသ Show တွေမှာ တွေ့ရတဲ့ David Khari Webber Chappelle ပါဝင်သရုပ်ဆောင်ထားတဲ့ Stoner တို့အကြိုက် ဟာသဇာတ်နှောလေးပဲဖြစ်ပါတယ်။ Stoner တို့ဖြတ်သန်းနေရတဲ့ ဘဝအကြောင်းတွေ၊ လွဲချော်မှုတွေ၊ ပညာပေးကဏ္ဍလေးတွေ၊ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ကိစ္စတွေရော ဖြစ်လေ့ဖြစ်ထမရှိတဲ့ကိစ္စတွေကိုပါပေါင်းထုပ်ဇာတ်လမ်းဆင်ပြီး ဟာသလေးနှောကာ တင်ဆက်ပြသထားတဲ့ဇာတ်ကားဖြစ်လို့ ကြည့်ရကျိုးနပ်စေမှာတော့အမှန်ပါပဲ။ stoner life အကြောင်းကို ကောင်းကောင်းကြီး ဖော်ပြပေးနိုင်တဲ့ ဇာတ်ကား တစ်ကားဆိုတာတော့ငြင်းမရပါဘူး။ဇာတ်လမ်းလေးရဲ့အစမှာတော့ သားဂွတ်ဂျန်ကင်း တို့ ငယ်သူငယ်ချင်း ၄ယောက် ဝေါ်ကိဆိုတဲ့ အရာကို စပြီးထိတွေ့မိလိုက်တဲ့အချိန်ကို အခြေပြုထားပါတယ်။ ဝေါ်ကိကို အရမ်းသဘောကျသွားတဲ့ သူငယ်ချင်း ၄ယောက်နဲ့အတူ ဘယ်လိုတွေ ချိတ် ရှာကြတယ်၊ ဘယ်လိုနေရာကဘာတွေရတယ်၊ ဘယ်သူတွေက ဘယ်လိုဂျင်းကျွေးတယ်၊ ဘယ်သူတွေကတော့ ထုံးစံအတိုင်း နေလှန်းတယ်ဆိုတာတွေကို ပေါ်ပေါ်လွင်လွင် ရိုက်ကူးတင်ဆက်ပေးထားပြီး ဝေါ်ကိရဲ့ကောင်းကွက် ဆိုးကွက်တွေကိုပါ မျှမျှတတ ဖော်ပြပေးထားပါတယ်။ အဲဒီလိုနဲ့ တစ်ရက်မှာ အစာကောက်ကြတဲ့အချိန် ...
movie

Half Baked (1998)

Scream 2 (1997) 6.2
Scream 2 (1997) Scream 2 (1997) ================== Scream 2 ဟာ scream ထွက်ပြီး ၁ နှစ်တောင်မကြာသေးဘူး ထွက်လာခဲ့တာပါ။ ပထမကားရုံမတင်ခင်ကတည်း ရိုက်ကူးရေးကို စတင်ခဲ့လို့ပဲဖြစ်ပါတယ်။ ဒီကားက မူရင်းကားလောက် အကြီးအကျယ်အောင်မြင်မှုမရပေမယ့် Horror, Mystery ကားတစ်ကားအနေနဲ့ကြည့်ရင် တော်တော်လေးကြည့်ကောင်းတဲ့ စာရင်းထဲ ဝင်နေတုန်းပါပဲ။ Scream saga ထဲမှာတော့ ကြည့်ကောင်းတဲ့ ကြည့်သင့်တဲ့ ကားတစ်ကားပါ ဒီကားကတော့ ပထမကားအပြီး ၂ နှစ်အကြာမှာ နေရာယူထားပါတယ်။ သရဲမျက်နှာ လူသတ်သမားဆီကနေ လွတ်လာတဲ့ ဆစ်ဒနေလေးဟာ အခုတော့ တက္ကသိုလ်ရောက်သွားပါပြီ။ သူရဲမျက်နှာလူသတ်မှုအကြောင်းကိုလည်း ရုပ်ရှင်ပြန်ရိုက်ပြီး ရုံတောင်တင်နေပါပြီ။ အတိတ်က အဖြစ်ဆိုးကြီးက ပြီးဆုံးသွားပြီလို့ ထင်နေတုန်းမှာပဲ ကံမဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို သရဲမျက်နှာကွင်းဆက်လူသတ်မှုတွေ ထပ်ဖြစ်ပါတော့တယ်။ ဒီတစ်ခါရော သရဲမျက်နှာ လူသတ်သမားတွေ ဘယ်သူတွေများဖြစ်မလဲ? IMDB မှာ 6.2 သာရပေမယ့် tomatometer မှာတော့ မူရင်းကားထက်တောင် ကျော်ပြီး 81% တောင်ရထားပါတယ်။Scream 6 ကားစလုံးကို Scream Franchise မှာ ဝင်ကြည့်လို့ရပါတယ်  Quality__Bluray 1080pIMDb Rating__6.2/10 Format__mp4 Duration__1h Type__Horror, Mystery Subtitle__Myanmar Subtitle (Hardsub) Translated ...
movie

Scream 2 (1997)

1997