Channel Myanmar

Gys de Villiers

Vehicle 19 (2013)
Vehicle 19 (2013) Action/Thriller ကိုမှ ကြိုက်နှစ်သက်တဲ့ပရိသတ်အတွက်Vehicle 19 ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်. ။မင်းသား Paul Walker က အကျဉ်းထောင်မှ လျှော့ရက်ရချိန်ဇနီးဟောင်းဖြစ်သူရှိရာ တောင်အာဖရိကဂျိုဟန်းနက်စ်ဘက်ဂ်မြို့က သံရုံးကို လာပြီးဘဝအသစ်တစ်ခု စဖို့ မျှော်လင့်နေတဲ့ မိုက်ကယ်ဝုဒ်စ် အဖြစ် ပါဝင်သရုပ်ဆောင် ထားပါတယ်။အရာအားလုံး အဆင်ပြေတော့မယ့်ဆဲဆဲမှာပဲဘယ်လိုမှ မမျှော်လင့်ထားတဲ့ ပြဿနာမျိုးကလည်းဖြစ်လာ တတ်ပါတယ်။ ဇနီးဖြစ်သူရှိရာကို သွားဖို့ ကားငှားပြီး ကိုယ်တိုင်မောင်းဖို့ ဆုံးဖြတ်ခဲ့ချိန်မှာတော့ သူလေယာဉ်ပေါ်က ဆင်းလာကတည်းကစိုးရိမ်နေခဲ့တဲ့ ပြဿနာဆိုတာနဲ့ ကြုံတွေ့ရပါတော့တယ်။ကားငှားတဲ့ကုမ္ပဏီရဲ့ အမှားကြောင့် မီနီဗန်တစ်စီးကိုစီးလိုက်ရချိန်မှာတော့ ကားဒက်ရှ်ဘုတ်အောက်ကအံဝှက်ထဲက သေနတ်တစ်လက်တင်မကဘဲနောက်ခန်းမှာ ကြိုးတုပ်လျက်သားအမျိုးသမီးတစ်ယောက်ပါ အပိုဆု ပါလာခဲ့ပါတယ်။ထိုအမျိုးသမီးဟာ သူထင်မှတ်ထားသလို ရဲတွေဆီပို့လိုက်ရင် အေးသွားမယ့်ကိစ္စမျိုးမဟုတ်ဘဲအာဏာရှိ အဖွဲ့အစည်းတွေပါ ပါဝင်ပတ်သက်နေတဲ့အမှုအခင်းတစ်ခုရဲ့ အဓိကသက်သေမှန်းသိသွားချိန်မှာတော့နိုင်ငံရပ်ခြားတိုင်းပြည်တစ်ခုမှာ အခက်အခဲပေါင်းစုံကြားကသူ့ရဲ့ဇနီးရှိရာကို ပြန်နိုင်မှာလား.တစ်စထက်တစ်စ ပိုပြီးနက်နဲလာတဲ့ ပြဿနာဝန်ထုပ်ဝန်ပိုးကိုဖြေရှင်းနိုင်မလား... ရဲတပ်ဖွဲ့တစ်ခုလုံးရဲ့လက်တံတွေကြားထဲကနေလွတ်အောင် ရှောင်တိမ်းသွားနိုင်မလား ဆိုတာတွေကို တင်ဆက်ထားတဲ့Non-stop Action ဇာတ်ကားလေးကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ် File size…    ...
movie

Vehicle 19 (2013)

2013