Channel Myanmar

Ha Yoon-kyung

Gyeong-ah’s Daughter (a.k.a) Mother and Daughter (2022) 7.4
Gyeong-ah’s Daughter (a.k.a) Mother and Daughter (2022) Gyeong-ah's Daughter (2022)အမေတစ်ခု သမီးတစ်ခု .. သားအမိနှစ်ယောက်ကြားက သံယောဇဉ်နဲ့ အေးမြတဲ့ မေတ္တာကို ဖော်ကျူးထားတဲ့ ဒရမ်မာဇာတ်လမ်းလေးပါ။အားကိုးစရာဆိုလို့ သမီးတစ်ယောက်ပဲ ရှိတဲ့ မိခင်တစ်ယောက်က သူ့သမီးလေး သူ့ခြေပေါ်သူရပ်တည်ကာ အိမ်ကထွက်သွားပြီး အသက်မွေးဝမ်းကျောင်းပြုတဲ့အခါမှာတော့ အားကိုးရာမဲ့ဖြစ်သွားပြီး ဘဝကို အထီးကျန်စွာ ဖြတ်သန်းနေခဲ့ရပါတယ်။သမီးဖြစ်သူကလည်း အလုပ်ထွက်လုပ်တယ်ဆိုပေမဲ့ သူ့ရဲ့ အဆက်ဟောင်းက ပေးတဲ့ ဝေဒနာတွေကြောင့် စိတ်သောက ရောက်နေရသူပါ။တစ်နေ့မှာတော့ အမေဖြစ်သူဆီကို သူစိမ်းလူတစ်ယောက်က အရမ်းကိုတုပ်လှုပ်ဖွယ်ကောင်းတဲ့ မက်ဆေ့ဂျ်တစ်စောင်ပေးပို့လာတဲ့အခါမှာတော့ ...သူစိမ်းလူက ပို့လိုက်တဲ့ မက်ဆေ့ဂျ်က ဘာဖြစ်မလဲ? ဂယောင်းအာနဲ့ ယွန်းဆူတို့ သားအမိနှစ်ယောက် ဘယ်လိုဖြစ်ရပ်တွေ ကြုံရမလဲ? သူတို့သားအမိနှစ်ယောက် ဘယ်လိုတွေဖြေရှင်းကြမလဲ? ဆိုတာကိုတော့ ကိုယ်တိုင်ပဲ ခံစားကြည့်ရှုလိုက်ကြပါဦး(ဝူယောင်းဝူကားထဲက နတ်သမီးလေး ချွဲဆူယွန်း (Ha Yoong-kyung) က အဓိကသရုပ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။)File Size : 1.6GB, 563MB & 275MB Quality : 1080p ...
movie

Gyeong-ah’s Daughter (a.k.a) Mother and Daughter (2022)

2022
Go Back (2021)
Go Back (2021) Go Back (2021)"လောကကြီးမှာ မွေးဖွားလာတဲ့ ကလေးတွေအကုန်လုံး ကောင်းကောင်းမွန်မွန် ကြီးပြင်းလာဖို့ ထိုက်တန်ပါတယ်"ဆိုးလ်မြို့မှာ ထူးဆန်းတဲ့ "ဝမ် ၁၀၀၀ ပြန်ပေးဆွဲမှု" ဆိုတာ ပေါ်လာခဲ့ပါတယ်။ ပြည်သူတစ်ဦးကို ဝမ် ၁၀၀၀ ပို့ပေးဖို့ နဲ့ အဲဒီငွေတွေကို စုပြီး တစ်ပတ်အတွင်း ဝမ်၁သန်း ပြည့်အောင် မပေးနိုင်ရင် ပြန်ပေးဆွဲထားတဲ့ ကလေးကို သတ်ပစ်မယ်ဆိုပြီး မထင်မှတ်ထားတဲ့ ပြန်ပေးဆွဲမှုပါပဲ။လူမှုဝန်ထမ်းတစ်ဦးဖြစ်တဲ့ အူဆွန်း ကနေ စောင့်ရှောက်ပေးနေတဲ့ ဘိုရာဆိုတဲ့ ကလေးတစ်ယောက် ရှိပါတယ်။ အဲဒီကလေးကို သူ့အဖေက ညှင်းပန်းနှိပ်စက်တယ်လို့ အူဆွန်းက သံသယဝင်လို့ သူ့အဖေနဲ့ အူဆွန်း ပြဿနာ ဖြစ်ခဲ့ဖူးပါတယ်။ တစ်နေ့မှာတော့ ဘိုရာ့အဖေ ရုတ်တရက် အသတ်ခံရပြီး ဘိုရာလည်း ပျောက်သွားခဲ့ပါတယ်။ဘိုရာ့အဖေ သေဆုံးမှုကို စုံစမ်းနေတဲ့ ရဲဝန်ထမ်းတွေက အူဆွန်းကို သံသယဝင်လာသောအခါမှာတော့ .....သည်းထိတ်ရင်ဖိုဇာတ်ကားတွေကိုမှ ကြိုက်နှစ်သက်တတ်သူတွေအတွက် ခံတွင်းတွေ့စေမယ့် ကိုရီးယား Crime, Drama ကားကောင်းတစ်ကားပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Su Yeong ...
movie

Go Back (2021)