Channel Myanmar

Hadewych Minis

Borgman (2013) 6.7
Borgman (2013) ဒီဇာတ်ကားကတော့ ဟောလိဝုဒ်မဟုတ်တဲ့ဒတ်ချ်ကားတစ်ကားပါ။အိမ်ခြေရာမဲ့ လူတစ်ယောက်ဖြစ်တဲ့ ကာမီးလ်ဘော့ဂ်မန်းဆိုတဲ့လူတစ်ယောက်က ရဲတွေလက်ကလွတ်အောင်ပြေးရင်းအဆင့်အတန်းမြင့်အိမ်တစ်အိမ်ကို ရေချိုးဖို့တောင်းဆိုရင်းအိမ်ရှင်ဖြစ်တဲ့ ရစ်ချတ်က သူ့ကိုရိုက်မိရာကနေ စတဲ့ဇာတ်လမ်းပေါ့။အဲဒီအဖြစ်အပျက်ပြီးတော့ ရစ်ချတ်ရဲ့မိန်းမဖြစ်တဲ့မာရီနာက ယောကျာ်းဖြစ်သူရဲ့အပြုအမူကြောင့်အပြစ်ရှိတယ်လို့ခံစားရပြီး ကာမီးလ်ကိုသူ့အိမ်မှာရစ်ချတ်မသိအောင် ပေးနေလိုက်တယ်။ဒါပေမဲ့ သူမသိခဲ့တာက ကာမီးလ်ကသာမန်အိမ်ခြေရာမဲ့တစ်ယောက်မဟုတ်တာကိုပဲ။ကာမီးလ်က အကြံနဲ့သူတို့ရဲ့အိမ်ကို အပိုင်စီးဖို့လာခဲ့တာဆိုပေမဲ့ဝုန်းဒိုင်းကြဲပြီး အနုကြမ်းစီးတဲ့နည်းမျိုးနဲ့ မဟုတ်ဘဲဘယ်လိုနည်းမျိုးနဲ့ လုပ်မလဲဆိုတာကိုတော့ CM ပရိသတ်များကိုယ်တိုင်ကြည့်ရှူကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။ File size…  1.62 GB /  740 MB Quality…  BluRay 1080p / 720p Format… mp4 Duration…. 1h 54m Genre .....  Drama, Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. XCode Translated by Kasashi
movie

Borgman (2013)

2013
Forever Rich (2021) 5.5
Forever Rich (2021) Forever Rich (2021) ===============ဒီရုပ်ရှင်ဟာ Netflix က ထွက်ထားတဲ့ ရုပ်ရှင်ကားကောင်းလေး ဖြစ်တာနဲ့အညီ ကြည့်ရှုသူတွေရဲ့ ရင်ကို မောစေပါတယ်။ ဇာတ် လမ်းထဲက ဇာတ်ဆောင်ရဲ့ဘဝကို လိုက်ပါစီးမြောသွားမိတဲ့အခါ အားမလိုအားမရဖြစ်မှုတွေ၊ စိတ်တိုင်းမကျဖြစ်မှုတွေ၊ ကိုယ်တိုင် ထလုပ်ချင်စိတ်တွေ စသည်စသည်ဖြင့် ရုပ်ရှင်ကြည့်ပရိသတ်ကို ကြိတ်မနိုင်ခဲမရဖြစ်စေနိုင်ပါတယ်။ဇာတ်လမ်းဟာ ခန့်မှန်းရခက်နေသလို ဇာတ်ကြောတစ်လျှောက် ဆွဲငင်ယူဆောင်မှုအားကလည်း ‌အတော်ကြီးမားပါတယ်။ သေချာ တာကတော့ ဒေါင်းပြီး ကြည့်ရ မတန်မယ့်၊ လူကြီးမင်းတို့ရဲ့ ၁ နာရီ မိနစ်‌ ၄၀ တာအချိန်ကို ဖြုန်းတီးပစ်မယ့်ကားမျိုးမဟုတ်တာတော့ အခိုင်အမာပါပဲ။ သရုပ်ဆောင်တွေရဲ့ ဇာတ်ကောင်စရိုက်ကြေညက် စွာ သရုပ်ဆောင်မှု၊ ဇာတ်လမ်းဇာတ်အိမ်ကောင်းမှု၊ ဇာတ်ပျိုးကနေ စလို့ ဇာတ်သိမ်းထိကောင်းလို့ ကြည့်ဖြစ်အောင် ကြည့်ကြဖို့ တိုက် တွန်းလိုပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရစ်ချီဆို‌တဲ့ ကောင်လေးတစ်ယောက် သာမန်ဘဝလေးကနေ နာမည်ကျော်အဆိုတော်ဖြစ်အောင် ကြိုးစား ခဲ့ရတဲ့အကြောင်းတွေနဲ့ အခြားဇာတ်ကောင်ပေါင်းများစွာရံထားတဲ့ ဇာတ်ရှိန်ကောင်းကောင်းတက်စေနိုင်တဲ့ Forever Rich 2021 လေး ကို ခံစားရင်ခုန်ပေးလှည့်ပါဦးခင်ဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ San Thu Aung ဖြစ်ပါတယ်)File Size..........(1.72 GB) / (664 MB) / (382 ...
movie

Forever Rich (2021)

2021