Channel Myanmar

Hae Sup Um

Liquor Store Dreams (2022) 7.9
Liquor Store Dreams (2022) Liquor Store Dreams (2022) =====================၁၉၉၂ ဧပရယ်တစ်ရက်မှာ ရဲအရာရှိလေးယောက်ဟာ Rodney King ဆိုတဲ့လူမည်းတစ်ယောက်ကိုအကြမ်းဖက် ဖမ်းဆီးရုံမကပြင်းပြင်းထန် ထန် ရိုက်နှက်နှိပ်စက်ခဲ့ပါတယ်။ အဲ့ဒီအဖြစ်အပျက်ကိုအနားမှာရှိတဲ့ လူတစ်ယောက်က ဗီဒီယိုရိုက်ထားပြီး ဖြန့်ဝေရာက သတင်းမီဒီယာတွေ မှာ ပွက်လောရိုက်ပျံ့နှံ့သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီရဲလေးယောက် ကို တရားရုံးကတရားသေလွှတ်ပေးလိုက်ချိန်မှာတော့ လူထုရဲ့မကျေနပ် မှုဟာအုံကြွလာခဲ့ပါတော့တယ်။ဒီအဖြစ်အပျက်ကိုထပ်ပြီးမီးမွှေးပေးလိုက်တာကတော့ Latasha Harlins ဆိုတဲ့ဆယ်ကျော်သက်မိန်းမငယ်တစ်ယောက်ကို ကိုရီးယားစတိုးဆိုင်ရှင် တစ်ယောက်က အအေးတစ်ဘူးခိုးတယ်လို့စွပ်စွဲပြီး သေနတ်နဲ့ပစ်သတ် လိုက်တဲ့အဖြစ်အပျက်ပါ။ အဲ့ဒီဖြစ်ရပ်နှစ်ခုနောက်ပိုင်းမှာ 1992 Los Angeles riots လို့သိကြတဲ့ဆူပူအုံကြွမှုဖြစ်ပေါ်လာခဲ့ပြီးမဆိုင်တဲ့သူတွေ အတွက်ပါ ဂယက်ရိုက်ခဲ့တဲ့ဖြစ်ရပ်ဆိုးတွေဖြစ်ပေါ်သွားခဲ့ပါတယ်။ဒီမှတ်တမ်းရုပ်ရှင်မှာတော့ အဲ့ဒီဖြစ်ရပ်တွေကြားက ကိုရီးယားယမကာ စတိုးပိုင်ရှင်တွေရဲ့ဘဝ၊ သူတို့မျိုးဆက်တွေနဲ့ အသိုင်းအဝိုင်းတွေအထိ ဘာတွေရင်ဆိုင်တွေ့ကြုံခဲ့ရလဲ၊ ဘယ်လိုသက်ရောက်မှုတွေရှိခဲ့လဲဆိုတာ တွေတင်မကပဲ မျိုးဆက်နှစ်ခုကြားက အတွေးအခေါ်အယူအဆကွာခြား ချက်တွေ၊ လူငယ်တွေရဲ့ပြောင်းလဲလာတဲ့အတွေးအမြင်တွေနဲ့ ကိုရီးယား- လူမည်း နှစ်ဘက်အသိုင်းအဝိုင်းကြားက အာဃာတတွေ ဘယ်လိုသင်ပုန်း ချေပြေလည်ကြမလဲ အစရှိတာတွေကို မျက်မှောက်ခေတ် George Floyd ဖြစ်ရပ်အထိချိတ်ဆက်တင်ပြထားတာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias မှဖြစ်ပါတယ်)File Size..........(2.15 GB) / (665 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 22Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Documentary Translator.......Alias Encoder..........SWM
movie

Liquor Store Dreams (2022)

2022