Channel Myanmar

Hairul Azreen

Polis Evo 2 (2018) 7
Polis Evo 2 (2018) Polis Evo 2 (2018) IMDb - 7/10ဒီရုပ်ရှင်ကတော့ Polis Evo (2015)ရဲ့အောင်မြင်မှုနဲ့အတူ နောက်ဆက်တွဲရုပ်ရှင်အဖြစ် ဆက်လက်ထွက်ရှိလာခဲ့တာပါ။ မလေးရင်းဂစ် ရှစ်သန်းကျော်သုံးပြီး နှစ်ဆယ့်သုံးသန်းကျော်ပြန်ဝင်ခဲ့တဲ့ ရုံတင်ကားတစ်ကားပဲဖြစ်ပါတယ်။ မလေးရှားရုပ်ရှင်ဇာတ်လမ်းကောင်းတွေစာရင်းမှာ နံပါတ်တစ်ဆယ်အတွင်းချိတ်ခဲ့တဲ့ ရုံတင်ကားတွေထဲက တစ်ကားပါပဲ။ပထမဇာတ်လမ်းထဲမှာ ကိုင်နဲ့ ဆာနီတို့ အင်စပက်တာကြီးနှစ်ယောက် မူးယစ်ဂိုဏ်းတစ်ခုကို ချေမှုန်းပြီးတဲ့နောက် ဒီဇာတ်လမ်းမှာတော့ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုနဲ့ ရင်ဆိုင်ရမှာပါ။ မူးယစ်ဆေးထုတ်လုပ်မှုကိုဝင်စီးရင်း အကြမ်းဖက်ခေါင်းဆောင်ကို ဖမ်းမိရာကစ သူတို့ခေါင်းဆောင် ပြန်လွှတ်ပေးဖို့အရေး ကျွန်လေးတစ်ကျွန်းပေါ်က ရွာသူရွာသားတွေကို ဓားစာခံလုပ်ပြီး တောင်းဆိုပါတယ်။ ဒီမှာပဲ အမှုတစ်ခုကိုလိုက်နေတဲ့ ကိုင်နဲ့ ဆာနီတို့က အဲဒီကျွန်းလေးပေါ်ရောက်နေရက်နဲ့ ကြုံတော့ အရင်ရုပ်ရှင်လို အခွီတွေ အက်ရှင်တွေနဲ့ ကြည့်ပျော်စေဦးမှာပါဗျ။(aungmo3han ဘာသာပြန်ထားပါတယ်)Genre..... Action, Adventure, Crime Quality…. 1080p | 720p File size… 1.7GB | 919MB Format… mp4 Duration…. 2h 5min Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... Aaron
movie

Polis Evo 2 (2018)

2018
Malbatt: Misi Bakara (2023) 6.8
Malbatt: Misi Bakara (2023)  ဒီဇာတ်ကားလေးကတော့ မလေးရှားရဲ့ ၁၉ ခုမြောက် တပ်ရင်း Battalion Malay Regiment အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပြီး ဒီတပ်ရင်းကို ၁၉၉၃ ခုနှစ်မှာ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့အတွက် စစ်ကူအနေနဲ့ အသုံးပြုခဲ့တဲ့ ဇာတ်ကြောင်းလေးပါ။ထိုတပ်ရင်းရဲ့ တာဝန်ကတော့ Black Hawk Down တိုက်ပွဲမှာ ပိတ်မိနေတဲ့ အမေရိကန် စစ်သားတွေကို သွားရောက် ကယ်ဆယ်ဖို့ပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးဟာ ဖြစ်ရပ်မှန် ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတာဖြစ်လို့ စစ်ကားနှစ်သက်သူများအတွက် ဇာတ်ကားကောင်းလေး တစ်ကားပဲ ဖြစ်ပါတယ်။ File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:11:00 Genre...Drama, Action, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Vio La
movie

Malbatt: Misi Bakara (2023)

The Assistant (2022)
The Assistant (2022)  ဒီနေ့မှာတော့ ရှင်းရှင်းလေးနဲ့လှည့်သွားတဲ့ ဖိုက်တင်ခန်းများများနဲ့ မလေးရှားအက်ရှင်ဇာတ်ကားလေးမိတ်ဆက်ပေးမှာဖြစ်ပါတယ်သူများချောက်ချတာခံရလို့ ဆယ်နှစ်ကြာ အပြစ်မရှိပဲထောင်ထဲနေလိုက်ရတဲ့ ဇဖစ်၊ အထဲရောက်ပြီး နှစ်နှစ်အကြာမှာတော့ အပြင်မှာကျန်ခဲ့တဲ့ မိန်းမနဲ့သားက တရားခံမပေါ်ပဲအသတ်ခံလိုက်ရတာသိသွားလိုက်ချိန်မှာ ကမ္ဘာပျက်မတက်…. ။နောက်ထပ်ရှစ်နှစ်ကျော်ကြာ၊ ရက်တွေပြည့်တဲ့အထိနေရင်း အိမ်ကိုပြန်ရောက်တဲ့တနေ့ကျ ဖယ်ရို့စ်နဲ့ မထင်မှတ်ပဲဆုံမိရာကနေအတွဲညီပြီး မိသားစုကို သတ်သွားတဲ့ တရားခံရှာပုံတော်စဖွင့်ပါတယ်။ ရှာတုန်းဖွေတုန်းမှာပဲ ဇဖစ်တို့ သူတို့ကိုယ်တိုင်မသိလိုက်ခင် မြို့ရဲ့ အကြမ်းဆုံးလူမိုက်ဂိုဏ်းနဲ့ သွားပတ်သတ်မိချိန်မှာတော့….ဘာဆက်ဖြစ်မလဲဆိုတာက‌တော့ ပိတ်ကားပေါ်မှာ ဆက်လက်ရှုစားလိုက်ကြပါဦးလို့....... File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:04:00 Genre...Action, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia 
movie

The Assistant (2022)

The Assistant (2022) 6.2
The Assistant (2022) The Assistant (2022)အသစ်ထွက်ထားတဲ့ Action /Thriller ကားလေးပါ။ဇာတ်လမ်းက Zafil တစ်ယောက် ထောင်က လွတ်လာရာက စပါတယ်။ သူက အမှုတခုနဲ့ ထောင်၁၀နှစ်ကျခဲ့တာပါ။ထောင်ထွက်ထွက်ချင်းမှာပဲ သူ အရင်နေခဲ့တဲ့ အိမ်ကို သွားပါတယ်။ ဝမ်းနည်းစရာက သူထောင်ကျနေတုန်းမှာ သူ့ရဲ့ မိန်းမနဲ့ သားလေးက အသတ်ခံလိုက်ရပါတယ်။ ဒါပေမဲ့ အဲ့ဒီမှာ လူတစ်ယောက်နဲ့တွေ့ပြီး သူ့မိန်းမနဲ့ကလေး အတွက် ကလဲ့စားချေဖို့လမ်းစရသွားပါတယ်။Zafil ရဲ့ မိန်းမနဲ့ကလေးကို ဘယ်သူက သတ်တာလဲ? နောက်ကွယ်မှာ ဘယ်သူတွေပါနေမလဲ? သူ့ရဲ့ ကလဲ့စားချေမဲ့ ခရီးစဉ်ကြီးကကော ဘယ်လိုဆက်ဖြစ်မလဲ? ဆိုတာတော့ ဆက်ပြီး ကြည့်လိုက်ကြရအောင်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Marie ပါ။)File Size : 1.9GB, 820MB, 412MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 2hr ...
movie

The Assistant (2022)

2022
All Because of You 2020 4
All Because of You 2020 ဒီဇာတ်ကားလေးက Netflixကပထမဆုံးထုတ်တဲ့ Malaysian Romance Comedy ဇာတ်ကားလေးပါMalaysian ဟာသသရုပ်ဆောင်များစွာလဲပါ၀င်ထားပါတယ်တစ်ကားလုံးရဲ့setting က Bayu Bayလို့ခေါ်တဲ့ Hotelပါ ဟိုတယ်၀န်ထမ်းအသီးသီးရဲ့ဇာတ်ကောင်စရိုက်တွေကိုပေါ်လွင်အောင်ဟာသနှောထားပါတယ်ဟိုတယ်၀န်ထမ်းဖြစ်တဲ့ အိုင်မန် က ဗိုက်ပူပူနဲ့ သိပ်ပီးဥာဏ်​မပြေးတဲ့ကောင်လေးတစ်ဦးပါ သူ့ကိုတဖတ်သတ်သဘောကျနေတဲ့သူကတော့ ဂျိန်းလို့နာမည်ရတဲ့စားဖိုဆောင်၀န်ထမ်းမလေးပါပဲ သူတို့ကအလွန်ခင်မင်ရင်းနှီးတဲ့အတွက်လဲအိုင်မန်ကသူ့ကိုစိတ်၀င်စားမှုမရှိတာပါ ဂျိန်းက အိုင်မန်ကိုဖွင့်ပြောဖို့အကြိမ်ကြိမ်ကြိုးစားပေမဲ့ မအောင်မြင်ပါဘူးတစ်နေ့တော့ ဟိုတယ်ကို ဆိုဖီယာအပါအ၀င်မိန်းကလေး၃ယောက်လာတည်းခိုပါတယ် အိုင်မန်က ဆိုဖီယာကိုမြင်မြင်ချင်းသဘောကျမိသွားပါတယ် ဒါပေမဲ့သူ့စိတ်ထဲမှာသဘောကျမိတဲ့မိန်းကလေးနဲ့အဖွဲ့က နောက်ပိုင်းမှာ ဟိုတယ်ကိုလက်နက်တွေနဲ့၀င်စီးပီး ဂျိန်းကိုဓားစာခံလုပ်ကာ သူတို့အသက်အန္တရာယ်ကိုပါခြိမ်းခြောက်ခါနီးထိဖြစ်လာပါတယ်အ့ဒီ့မှာ သူတို့ဟိုတယ်၀န်ထမ်းသူငယ်ချင်းအဖွဲ့က ဘယ်လိုဟာသမြောက်စွာနဲ့ ပြန်တိုက်ခိုက်ကြမလဲ ဘယ်လိုအနိုင်ယူနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ် File size… 1Gb / 700 Mb Quality… Bluray 1080p/ 720p Format…mp4 Duration….01:41:00 Genre ... Action, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Translated by Zhang Yu Yan Encoded by Littleneo  
movie

All Because of You 2020

Wira ( 2019 ) 6.4
Wira ( 2019 ) မွေးရပ်မြေမှအရှုပ်အရှင်းတွေကို ရှောင်ပြေးဖို့အတွက် စစ်တပ်ထဲဝင်လိုက်တဲ့ဟတ်ဆန်တစ်ယောက် ကျန်ရစ်ခဲ့တဲ့ အဖေနဲ့ညီမကို မာချန်းပြည်နယ်ဖက်မှာအခြေချဖို့ပြန်လာခေါ်ပေမယ့် ခေါင်းမာလွန်းတဲ့အဖေနဲ့ညီမကြောင့် အခက်တွေ့ခဲ့ရပါတယ်အိမ်မြေနေရာတွေကို ဈေးနှိမ်ပြီးဝယ်ပြီး ကွန်ဒုံးစက်ရုံကို ဟန်ပြတည်ဆောက်ပြီးတရားမဝင်စီးပွားရေးတွေလုပ်နေတဲ့ ခရိုနီ ရာဂျေးဟာ ရပ်ကွတ်နေပြည်သူတွေကိုတန်းလျားတစ်ခုဆောက်ပေးပြီး စက်ရုံမှာအလုပ်ပေးထားပါတယ်နည်းပါးတဲ့လစာနဲ့ အိမ်ငှားခအများကြီးပေးနေရတဲ့ပြည်သူတွေကတော့အကြွေးနဲ့လုပ်အားကို မုန့်လုံးကိုစက္ကူကပ်သလို အပြန်ပြန်အလှန်လှန်ဆပ်နေကြရတယ်ဒီထဲမှာ ဟတ်ဆန်ရဲ့အဖေနဲ့ညီမလည်း ပါဝင်ခဲ့ပါတယ် ဟတ်ဆန်က စစ်ထဲမဝင်ခင်ရာဂျေးရဲ့လက်ဝှေ့သမားလုပ်ခဲ့တာကြောင့် ညှိနှိုင်းပြီး ကြွေးများရှင်းအောင်လုပ်မယ်စိတ်ကူးနဲ့ စကားသွားပြောရာမှ သူပြန်မဝင်ချင်တဲ့ကြိုးဝိုင်းကိုရာဂျေးသားသမီးတွေနဲ့ ယှဉ်ပြိုင်ဖို့ပြန်ဝင်ဖြစ်ရာက ဇာတ်လမ်းတွေရှုပ်ကုန်ပါရောထုလိုက် ရိုက်လိုက် ထိုးလိုက် ခုတ်လိုက် ထစ်လိုက် နဲ့ရင်သပ်ရှုမောကြည့်ရှုရမယ့်အင်ဒိုဖိုက်တင်ကားကောင်းလေးကို ဖိုက်တာကြီးများ လက်လွှတ်မခံပဲကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်။ Translated & Review By Htoo Htoo Ka JoeEncoded By LK
movie

Wira ( 2019 )

Paskal The Movie(2018) 8.6
Paskal The Movie(2018) Paskal The Movie(2018) IMDb....8.6 ဖြစ်ရပ်မှန် ဇာတ်ကားတွေကိုမှ ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေအတွက် ၂၀၁၈ ထွက် PASKAL ဆိုတဲ့ အက်ရှင် ဒရာမာ မလေးရှားကားသစ်ကိုတင်ဆက်ပေးလိုက်ပါတယ် Rating အနေနဲ့ လည်း IMDb – 8.6/10 တောင်ရထားတယ်... ဒီကားက မလေးရှားက ရိုက်ထားတယ်ဆိုပြီး ဒီလောက်လန်းလိမ့်မယ် မထင်ဘူးလို့ထင်ရင်တော့ မှားသွားလိမ့်မယ်... လက်နက်တွေကလည်း နောက်ဆုံးပေါ်စီးရီးတွေအားလုံးနီးပါးအသုံးပြုထားသလို စစ်ဆင်နွှဲတဲ့ဟန်ပန်တွေနဲ့ စစ်အင်းအားပြသွားတာတွေက လက်ဖျားခါလောက်စရာပါပဲ.. ပြီးတော့ ရိုက်ထားထားတာတွေကလည်း တော်တော်ကိုလှတယ်..  မလေးရှားကားဆို စုန်းကားလောက်ပဲ သိတဲ့ ကျွန်တော်တို့ ခင်ဗျားတို့အဖို့  ပါးစပ်အဟောင်းသားတောင်ဖြစ်သွားစေလိမ့်မယ်... .နောက်ဆုံးပြောရရင်  Shooter    ကားထဲမှာ Mark Wahlberg သုံးသွားတဲ့ CheyTac M200  ဆိုတဲ့ စနိုက်ပါကြီးတောင်ပါလိုက်သေးတယ်....... ဗိုလ် ကြီး အာမန်ဆိုတဲ့ မလေးရှား အထူးတပ်ဖွဲ့ဝင်တစ်ယောက်ဟာ ပါစကယ်ဆိုတဲ့ အထူးတပ်ဖွဲ့တစ်ခုမှာ တာဝန်ထမ်းဆောင်နေရင်း မိခင်ကိုလုပ်ကျွေးနေတဲ့ စစ်သားကောင်းတစ်ယောက်ဖြစ်တယ်… သူ့ရဲ့အဖေဟာလည်း နိုင်ငံတော်အတွက်တာဝန်ထမ်းရင်း အသက်စွန့်သွားတဲ့ သူရဲကောင်းတစ်ယောက်ဖြစ်လို့ အမေက သားအတွက်စိုးရိမ်ပေမယ့် တားတော့မတားခဲ့ဘူးဆိုပါတော့… ပါစကယ်အဖွဲ့ထဲမှာ ဂျိုရွှာဆိုတဲ့ လူတစ်ယောက်နဲ့ အာမန်ဟာ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ခဲ့ကြတယ်..အာမန် ...
movie

Paskal The Movie(2018)

2018